close

တာဝန်ယူကိုင်တွယ်

close

April 8, 2023

လိဒ်နည်းပြဟောင်း ဘီဆာ ဥရုဂွေးလက်ရွေးစင်အသင်းကို တာဝန်ယူကိုင်တွယ်မည်

လိဒ်ယူနိုက်တက်နည်းပြဟောင်း ဘီယယ်ဆာဟာ ဥရုဂွေးလက်ရွေးစင်အသင်းကို တာဝန်ယူ ကိုင်တွယ်တော့မှာဖြစ်ပါတယ်။

အာဂျင်တီးနားနည်းပြကြီးဟာ  လိဒ်ယူနိုက်တက်အသင်းကနေ ထုတ်ပယ်ခံခဲ့ရတဲ့ တစ်နှစ်လောက်ကြာခဲ့ပြီးနောက်  ဥရုဂွေးအသင်းရဲ့ ကမ်းလှမ်းချက်ကို လက်ခံခဲ့တာပါ။ ၂၀၂၅ ခုနှစ်အထိ ၂ နှစ်သက်တမ်းစာချုပ်ချုပ်ဆိုမှာဖြစ်ပြီး ဥရုဂွေးအသင်းရဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်တွေ ဦးစွာ တာဝန်ယူကိုင်တွယ်သွားရမှာပါ။

ခြေစစ်ပွဲအောင်မြင့်ပြီးနောက်ပိုင်းမှ လာမယ့် ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲအထိ တာဝန်ပေးအပ်ဖို့ ဥရုဂွေးဘောလုံးအဖွဲ့ချုပ်က ဆွေးနွေးမှာပါ။

အသက် ၆၇ နှစ်ရှိ ဘီယယ်ဆာဟာ ၁၉၉၈ ခုနှစ်ကနေ ၂၀၀၄ ခုနှစ်အထိ အာဂျင်တီးနားအသင်းကို တာဝန်ယူခဲ့ပါတယ်။

အဲဒီနောက် ၂၀၀၇ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အထိ ချီလီအသင်းကို တာဝန်ယူခဲ့ဖူးပါတယ်။ ဥရုဂွေးအသင်းဟာ နည်းပြ ဘီယယ်ဆာအတွက်  သုံးကြိမ်မြောက် နိုင်ငံ့လက်ရွေးစင် အသင်းတစ်သင်းကို တာဝန်ယူခဲ့တာဖြစ်ပါတယ်။ 

7 mins Ago
Up