close

တာဝန်

close

April 6, 2023

စစ်ကောင်စီက ခရိုင်တရားသူကြီးအပါအဝင် ၁၇ ဦးကို တာဝန်မှ အနားပေး

စစ်ကောင်စီက ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ခရိုင်တရားသူကြီးအပါအဝင် တရားသူကြီး ၁၇ ယောက်ကို တာဝန်မှ အနားပေးခဲ့တယ်လို့ နေပြည်တော်တရားရေးနဲ့နီးစပ်သူတွေက ပြောပါတယ်။

ခရိုင်တရားသူကြီးနဲ့ မြို့နယ်တရားသူကြီးအပါအဝင် ဥပဒေအရာရှိအချို့ရဲ့ ငွေကြေးရယူတဲ့ ကိစွတွေကို စစ်ကောင်စီနဲ့ တရားလွှတ်တော်ချုပ်ကို တိုင်ကြားခဲ့တာကြောင့် တာဝန်မှ အနားပေးခဲ့တာလို့ တရားလွှတ်တော်ရှေနေတဦးက ဒီဗွီဘီကို ပြောပါတယ်။

"အချို့က အကြမ်းဖက်ဥပဒေနဲ့ တရားစွဲတာတွေ ငွေယူတယ်၊ ပြီးတော့အမိန့်ချလိုက်တယ်။ အဲ့လိုတွေဖြစ်လာလို့ တိုင်တဲ့သူတွေများလာတာ။ အချို့တရားသူကြီးတွေဆို သိန်းထောင်ချီ ချမ်းသာသွားပြီ၊ အခုကလည်း မဖြစ်မနေ ဖြုတ်မှရမဲ့သူတွေမို့လို့ နားတာ။" 

စစ်တပ်ထောက်ခံသူတွေနဲ့ အမှုသည်အချို့ရဲ့ တိုင်ကြားမှုကြောင့် ဒုတိယညွှန်ကြားရေးမှူးတဦး၊ ခရိုင်တရားသူကြီးသုံးဦး၊ မြို့နယ်တရားသူကြီး နှစ်ဦး တွဲဖက်မြို့နယ်တရားသူကြီးတဦး၊ ဦးစီးအရာရှိတဦး နဲ့ ဒုတိယမြို့နယ်တရားသူကြီးနှစ်ဦး၊ ဥပဒေအရာရှိ ငါးဦးတိုကို တာဝန်မှအနားပေးခဲ့တာလို့ တရားလွှတ်တော်ချုပ်ရုံးနဲ့နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။

"တိုင်ထားတာ တနှစ်လောက်ရှိပြီ အခုမှဖြုတ်တာ။ ပေါင်းစားတုန်းကစားပြီး ခံရတော့ တရားရေးကသူတွေပဲ သတိပေးခံရတဲ့ တရားသူကြီး ၁၀၀ ကျော်ရှိသေးတယ်။" 

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှာ လတ်တလော ခရိုင်နဲ့မြို့နယ်တရားသူကြီးတွေကို တိုင်ထားသူ တထောင်ကျော်ရှိတယ်လို့ တရားရေးဝန်ကြီးဌာနနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်ကလည်း စစ်ကောင်စီက မြို့နယ်တရားသူကြီးအပါအဝင် ၃၄ ဦးကို ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်ခဲ့တဲ့ ဖြစ်စဥ်လည်း ရှိပါတယ်။

12 hours Ago

June 6, 2020

ကိုဗစ်-၁၉ ကြောင့် ရပ်နားထားခဲ့သည့် အမေရိကန် လေယာဉ်တင်သင်္ဘော တာဝန်ပြန်ထမ်းဆောင်

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကြောင့် ဂူအမ်ဆိပ်ကမ်းမှာ သီတင်း ၁၀ ပတ်ခန့် ရပ်နားခဲ့တဲ့ အမေရိကန် လေယာဉ်တင်သင်္ဘော ယူအက်စ်အက်စ် သီယိုဒိုရုစဗဲ့ဟာ ဇွန် ၄ ရက်နေ့က တာဝန်တွေကို ပြန်ထမ်းဆောင်နေပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုနဲ့ပတ်သက်လို့ ကြပ်ကြပ်မတ်မတ် လုပ်ဆောင်ပေးဖို့ သင်္ဘော ကပ္ပတိန် ဘရတ်-ခရိုဇီယာက အထက်လူကြီးတွေထံ ရေးသားတဲ့စာ ပေါက်ကြားခဲ့ပြီးနောက် တာဝန်က ရပ်စဲခံလိုက်ရပါတယ်။ တာဝန်က ရပ်စဲခံရတဲ့ ခရိုဇီယာကို သင်္ဘောသားတွေက သူရဲကောင်းတစ်ယောက်လို ဂုဏ်ပြုနှုတ်ဆက်ခဲ့ပြီး အခုအခါမှာတော့ ခရိုဇီယာကို ရာထူးပြန်ခန့်ရေး အမေရိကန်ရေတပ်က စဉ်းစားနေပါတယ်။ သင်္ဘောသား ၅,၀၀၀ မှာ ငါးပုံ တစ်ပုံက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတာမို့ သင်္ဘောကို  ဂူအမ်ဆိပ်ကမ်းမှာ ရပ်နားပြီး သင်္ဘောသားတွေကို ကျွန်းပေါ်မှာ ကုသပေးခဲ့တာပါ။  အခုအခါမှာတော့ ယူအက်စ်အက်စ် သီယိုဒိုရုစဗဲ့ဟာ ပင်လယ်ရေကြောင်းလုံခြုံရေး အကူအညီပေးဖို့ အမှတ်-၇ ရေတပ်သင်္ဘောစု ဒေသဆီ ပြန်သွားခဲ့တယ်လို့ အမေရိကန် ရေတပ်က ပြောပါတယ်။
3 years Ago
Up