close

တာဝေးပစ်ခရုဇ်ဒုံးကျည်

close

February 26, 2023

ကီလိုမီတာ ၁၅၀၀ ကျော်ပစ်လွှတ်နိုင်သည့် တာဝေးပစ်ခရုဇ်ဒုံးကျည် အီရန်တီထွင်

အီရန်နိုင်ငံဟာ အကွာအဝေး ၁,၆၅၀ ကီလိုမီတာအတွင်း ပစ်လွှတ်နိုင်တဲ့  ခရုဇ်ဒုံးကျည်ကို တီထွင်ထားကြောင်း အီရန်တော်လှန်ရေးအစောင့်တပ်ရဲ့ အာကာသတပ်ဖွဲ့ခေါင်းဆောင် အမီရာလီ ဟာဂျီဇာဒက်က ဖေဖော်ဝါရီ ၂၄ ရက်မှာ ပြောကြားလိုက်ပါတယ်။ 

ဒီခရုဇ်ဒုံးကျည်ကို အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံရဲ့ ဒုံးကျည်လက်နက်တိုက်မှာ ထည့်သိမ်းထား ကြောင်းလည်း ဟာဂျီဇာဒက်က နိုင်ငံပိုင်ရုပ်သံကို ပြောကြားခဲ့ပါတယ်။

ဒါဟာ ယူကရိန်းစစ်ပွဲမှာ ရုရှားက အီရန်မောင်းသူမဲ့လေယာဉ်တွေ အသုံးပြုပြီးနောက်ပိုင်း အနောက်နိုင်ငံတွေရဲ့ စိုးရိမ်မှုတွေ မြင့်တက်လာဖွယ်ရှိတဲ့ လှုပ်ရှားမှုတစ်ခုလည်း ဖြစ်ပါတယ်။

အီရန်ဟာ အမေရိကန်ရဲ့ ဆန့်ကျင်မှုနဲ့ ဥရောပနိုင်ငံတွေရဲ့ စိုးရိမ်မှုတွေကို အတိုက်အခံလုပ်ပြီး သူ့ရဲ့ ဒုံးကျည်အစီအစဉ် အထူးသဖြင့် သူ့ရဲ့ပဲ့ထိန်းဒုံးကျည်တွေကို ချဲ့ထွင်ခဲ့ပါတယ်။ 

တီဟီရန်ကတော့ ဒီအစီအစဉ်ဟာ ကာကွယ်ရေးသက်သက်ဖြစ်ပြီး အဟန့်အတားလုပ်တာလို့ ဆိုပါတယ်။ 

အီရန်ဟာ အသံထက်မြန်တဲ့ ပဲ့ထိန်းဒုံးကျည်ကို တီထွင်ခဲ့တယ်လို့ ဟာဂျီဇာဒက်ကို ကိုးကားပြီး အမေရိကန်က သံသယရှိကြောင်း နိုဝင်ဘာလမှာ ပင်တဂွန်က ပြောခဲ့ပါတယ်။

9 mins Ago
Up