close

တာဝေးပစ်လက်နက်ဖြင့်

close

January 29, 2022

MSRUအဖွဲ့က စမ်းသပ်ထုတ်လုပ်သည့် တာဝေးပစ်လက်နက်ဖြင့် စစ်ကောင်စီတပ်ကို တိုက်ခိုက်

မွန်ပြည်နယ်အခြေပြုတော်လှန်ရေးအစည်းအရုံး (MSRU)ဟာ စမ်းသပ်ထုတ်လုပ်ထားတဲ့ တာဝေးပစ် Mortar နဲ့ စစ်ကောင်စီတပ်တွေကို မွန်ပြည်နယ် ရေးမြို့နယ်ထဲမှာ  ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။

ဇန်နဝါရီ ၂၈ ရက် ညနေ ၆ နာရီခွဲလောက်က  ရေးမြို့နယ်  ခမရ (၅၈၆) တပ်ရင်းကို နှစ်ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် ည ၁၀ နာရီဝန်းကျင်လောက်မှာ ရန်ကုန်-ထားဝယ် အာရှလမ်းမကြီး ပေါ် မောင်းနှင်လာတဲ့ ခလရ (၃၄၃) တပ်ရင်းမှ ကင်းလှည့်စစ်ကား တစ်စီးကို  မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့  ဆိုပါတယ်။ 

မွန်ပြည်နယ်အခြေပြုတော်လှန်ရေး အစည်းအရုံး (MSRU) နဲ့ Ye Special Task Force (YSTF) ပူးပေါင်းအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးတဲ့နောက် အပြန်အလှန်ပစ်ခတ် တိုက်ပွဲငယ်ဖြစ်ပွားခဲ့ကာ စစ်ကောင်စီဘက်မှ ပြင်းထန်ဒဏ်ရာရသူတွေရှိခဲ့တယ်လို့ (MSRU) က ထုတ်ပြန်ပါတယ်။

MSRU နဲ့ YSTF ပူးပေါင်းအဖွဲ့ဟာ အန္တရာယ်ကင်းစွာ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ပြီးတဲ့နောက် ည ၁၀ နာရီဝန်းကျင်မှာ  စစ်ကောင်စီ ခလရ (၃၄၃) တပ်ရင်းဘက်ကနေ  လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

2 mins Ago
Up