close

တာဝေးပစ်

close

April 17, 2022

တာဝေးပစ် ပဲထိန်းဒုံး စမ်းသပ်မှု ကင်ဂျုံအန်း စစ်ဆေး

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းဟာ ပဲ့ထိန်းစနစ်ပါတဲ့ တာဝေးပစ်ဒုံးကျည် စမ်းသပ်မှုကို ကြည့်ရူ့စစ်ဆေးခဲ့တယ်လို့ အစိုးရ အာဘော် KCNA  က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။ 

ပဲ့ထိန်းစနစ်သုံး လက်နက်သစ်က တာဝေးပစ် ဒုံးကျည်ယူနစ်တွေအတွက် ထူးခြားတဲ့ တိုးတက်မှု ဖြစ်သလို၊ မြောက်ကိုရီးယားရဲ့ နယူးကလီးယား စီမံကိန်းကို ပိုပြီး ထိရောက်စေမယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။ 

ဒီလို စမ်းသပ်မှုဟာ လက်နက်မျိုးစုံ ထုတ်လုပ်ဖို့ ကြိုးစားနေတဲ့ မြောက်ကိုရီးယားရဲ့ ရည်မှန်းချက်အတွက် အောင်မြင်မှု ဖြစ်တယ်လို့လည်း ဆိုပါတယ်။ 

မြောက်ကိုရီးယားဟာ ဧပြီ ၁၆ ရက် ညဦးပိုင်းက အရှေ့ဘက်ပင်လယ်ထဲကို အမြောက်ဒုံးကျည်နှစ်ကြိမ်ပစ်ခတ်ခဲ့တယ်လို့ တောင်ကိုရီးယား စစ်တပ်က ဒီနေ့ ပြောပါတယ်။ 

ဂူအန်မှာရှိတဲ့ အမေရိကန် အစိုးရ ရုံးကတော့ ဧပြီ ၁၆ ရက်နေ့ ညဦးပိုင်း မြောက်ကိုရီးယားရဲ့ စမ်းသပ်မှုဟာ စိုးရိမ်စရာမရှိသေးဘူးလို့ ပြောပါတယ်။ 

မြောက်ကိုရီးယားမှာ ကွယ်လွန်သူ ခေါင်းဆောင်ကြီး ကင်မ်အီဆွန်ရဲ့ အသက် ၁၁၀ ပြည့် မွေးနေ့ အခမ်းအနား ဧပြီ ၁၅ ရက်က ကျင်းပခဲ့ပြီးနောက် လက်နက်စမ်းသပ်တဲ့ သတင်းကို KCNA က ထုတ်ပြန်ခဲ့တာပါ။

2 hours Ago

April 3, 2022

တောင်ကြီး PDF နှင့် YUG ပူးပေါင်းအဖွဲ့ တာဝေးပစ် ၄၀ မမ လက်နက်ကြီးထုတ်လုပ်အောင်မြင်

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ TPDF နဲ့ ရွာငံမြို့ပြပြောက်ကျားတပ်ဖွဲ့ YUG ပူးပေါင်းတပ်ဖွဲ့က မီတာ ၂၀၀၀ တာဝေးပစ် ၄၀ မမ ကို အောင်မြင်စွာထုတ်လုပ်နိုင်ခဲ့ပြီလို့ ဧပြီ ၂ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ 

တောင်ကြီးမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ TPDF ရဲ့ ခေါင်းဆောင်တဦးက “လက်နက်ကြီးကတော့ ဒါ ပထမဆုံးထုတ်လုပ်မှုပါ။ တခြား လက်နက်ငယ် အတိုအရှည်တွေ ထုတ်လုပ်နေတာတွေ ရှိတယ်။ လိုအပ်တဲ့ ပစ္စည်းဝယ်ရတဲ့အတွက် ငွေကြေး အခက်အခဲတွေ ရှိနေလို့ ပြည်သူလူထုကသာ များများထောက်ပံ့ပေးမယ်ဆိုပါက တခြားလက်နက်ကြီးတွေ ဆက်လက် ထုတ်လုပ်ဖို့ ရှိပါသေးတယ်” လို့ ပြောပါတယ်။

တောင်ကြီးမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ TPDF ဟာ ရွာငံမြို့ပြပြောက်ကျားတပ်ဖွဲ့ YUG အပါအဝင် ဒေသအတွင်းရှိ အခြား ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ မဟာမိတ်ဖွဲ့စည်းကာ ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နဲ့ ရွာငံမြို့တွေမှာ စစ်အာဏာရှင်စနစ်ကျရှုံးရေးအတွက် ပြောက်ကျားစစ်ဆင်ရေးအဓိက လှုပ်ရှားနေတာ ဖြစ်ပါတယ်။

2 weeks Ago
Up