close

တာဟန်းခံတပ်

close

April 7, 2022

ကလေးတက္ကသိုလ်အနီး စစ်ကောင်စီတပ်နှင့် ဒေသခံ ကာကွယ်ရေးအဖွဲ့ တိုက်ပွဲဖြစ်

စစ်ကိုင်းတိုင်း၊ ကလေးမြို့ ကလေးတက္ကသိုလ်ကျောင်းအနီးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တို့ ဧပြီ ၇ ရက် မနက်က တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ချင်းတောင်ပေါ်က ပြန်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ ယာဉ်တန်းကို ကလေးတက္ကသိုလ်ကျောင်းအနီးမှာ ကလေး PDF အဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီ တပ်သား ၁ ဦး သေဆုံးခဲ့တယ်လို့ တိုက်ပွဲမှာ ပါဝင်တဲ့ တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

တိုက်ပွဲအတွင်း ကလေး PDF ဘက်ကတော့ ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်သားတွေ စစ်ကား ၃ စီးနဲ့ မြို့ထဲပြန်ဝင်လာစဉ် တာဟန်းရပ်ကွက် မွန်းလိုင်ဘက်မှာ သေနတ်တွေနဲ့ ရမ်းသမ်းပစ်ခဲ့ကြတာကြောင့် သုံးဘီးဆိုင်ကယ်မောင်းသူ သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သေနတ်သံငြိမ်သွားတဲ့နောက် ရပ်ကွက်နေပြည်သူတွေက လမ်းဘေးရေမြောင်းထဲမှာ သုံးဘီးသမားဟာ ဦးခေါင်းမှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတာ တွေ့ရှိခဲ့ကြပြီး ဘယ်သူဘယ်ဝါဆိုတာတော့ မသိရသေးဘူးလို့ ဒေသခံတဦးက ပြောပါတယ်။

ဒီနေ့ ဧပြီ ၇ ရက်နေ့ဟာ ကလေးမြို့ တာဟန်းခံတပ် ဒုတိယအကြိမ် ဖြိုခွင်းခံရတဲ့နေ့ဖြစ်ပြီး မြို့ပေါ်မှာ စစ်ကောင်စီတပ်တွေက လုံခြုံရေး အများအပြားချထားကာ လမ်းသွားလမ်းလာ ပြည်သူတွေကို စစ်ဆေးနေပါတယ်။

10 mins Ago

April 7, 2021

ကလေးမြို့ တာဟန်းခံတပ်ကို အကြမ်းဖက်စစ်တပ်ပစ်ခတ်ဖြိုခွင်း၊ ၃ ဦးကျဆုံး

စစ်ကိုင်းတိုင်း ကလေးမြို့ ပင်မသပိတ်စခန်းကို  ဧပြီလ ၇ ရက်နေ့ မနက် ၅ နာရီမှာ အကြမ်းဖက်စစ်တပ်က ပစ်ခတ်ဖြိုခွင်းခဲ့တာကြောင့် ၃ ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

ကလေးဒေသခံတစ်ဦးက “ကလေးမြို့ အနောက်ဘက် ဗိုလ်ချုပ်လမ်းမပေါ်ရှိ တာဟန်းခံတပ်ကို အာဏာသိမ်းအကြမ်းဖက်စစ်တပ်က မနက် ၄ နာရီလောက်ရောက်လာတယ်။ ၅ နာရီလောက်စပြီး ဖြိုခွင်းခံရတယ်။ အကြမ်းစစ်တပ်က စစ်မြေပြင်သုံး လက်နက်ကြီးတွေ ပစ်ခတ်တယ်၊ အခုထိပစ်ခတ်မှုတွေ ရှိသေးတယ်၊ သေဆုံးသူတွေများလာဖို့ရှိတယ်”  လို့ ပြောပါတယ်။

1 year Ago
Up