close

တိမ်တိုက်

close

January 22, 2023

တူရကီကောင်းကင်တွင် ထူးဆန်းသည့် တိမ်တိုက် ၁ ခုဖြစ်ပေါ်

တူရကီနိုင်ငံ၊ ဘာဆာမြို့မှာ ဇန်နဝါရီ ၁၉ ရက် မနက်အစောပိုင်းက ကောင်းကင်ယံမှာ ပန်းကန်ပြားပျံလို တိမ်တိုက်တွေ ဖုံးလွှမ်းသွားပြီးတဲ့နောက် ထူးဆန်းတဲ့ တိမ်တိုက်တစ်ခု ပေါ်လာခဲ့ပါတယ်။

နေထွက်ချိန်ကြောင့် တိမ်ထုကြီးရဲ့ အရောင်တွေ လိမ္မော်ရောင်ကနေ အနီရောင်နဲ့ အဝါရောင်ဆီ ပြောင်းသွားလို့ ထူးဆန်းတဲ့ မြင်ကွင်းဟာ ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့သွားခဲ့ ပါတယ်။

ထူးခြားတဲ့ တိမ်တိုက်တွေ ဖြစ်ရတာဟာ တောင်ကုန်းနဲ့ တောင်တန်းတွေပေါ်မှာ လေပြင်းအတက် အကျကြောင့် ယေဘုယျအားဖြင့် ဖြစ်ပေါ်လာတဲ့ တိမ်တွေရဲ့  စံနမူနာ ဖြစ်တယ်လို့ နိုင်ငံရဲ့ မိုးလေဝသညွှန်ကြားမှု ဦးစီးဌာနက ဒေသတွင်း မီဒီယာကို ပြောခဲ့ပါတယ်။

ဒီတိမ်တိုက်ကြီးဟာ ကောင်းကင်ကနေ ပျောက်ကွယ်မသွားခင် တစ်နာရီလောက် ဒီ ပုံသဏ္ဍာန် အတိုင်း ရှိနေခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောခဲ့ပါတယ်။

5 mins Ago
Up