close

တိရစ္ဆာန်အစိတ်အပိုင်း

close

April 11, 2022

စပိန်တွင် ရှားပါးတိရစ္ဆာန်အစိတ်အပိုင်းများ မှောင်ခိုလုပ်ငန်း ဖမ်းမိ

စပိန်နိုင်ငံ၊ ဗလန်စီယာမြို့မှာ တိရစ္ဆာန်မှောင်ခိုလုပ်ငန်း ဂိုဒေါင်ကြီးတခုကို ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေ စစ်ဆေးခဲ့ပြီး ကြံ့၊ ပိုလာဝက်ဝံ၊ မိကျောင်း၊ ဆင်စွယ်တွေ အပါအဝင် ရှားပါးတိရစ္ဆာန်သားရေ အစစ်တွေနဲ့ ရုပ်လုံးဖော်ထားတဲ့ ပုံစံတူအရုပ်တွေကို ဖမ်းမိခဲ့ပါတယ်။

ဗလန်စီယာမြို့ စက်မှုလုပ်ငန်းရပ်ကွက်ရှိ ဂိုဒေါင်က စတုန်းရန်းမီတာ ၅၀,၀၀၀ ကျယ်ဝန်းပြီး တိရစ္ဆာန်အမျိုးပေါင်း ၁၀၀၀ ကျော်ရဲ့ အရေခွံတွေ၊ သားရေတွေနဲ့ အစွယ်တွေ များစွာ ဖမ်းမိခဲ့တာပါ။

ဘင်္ဂလားကျားသစ်၊ အာဖရိကချိုရှည်ဆိတ်သမင်လို ရှားပါးတိရစ္ဆာန်မျိုး ၄၀၀ လည်း တွေ့ရှိပါတယ်။ ခြင်္သေ့၊ ကျား၊ သစ်ကျုတ်၊ လင့်‌ကြောင်မြီး သားရေတွေလည်း ဖမ်းမိပြီး ခန့်မှန်း တန်ဖိုး ယူရိုငွေ ၂၉ သန်း တန်ကြေးရှိကာ ဂိုဒေါင်ပိုင်ရှင်ကို စပိန်ရဲတပ်ဖွဲ့က စစ်ဆေးနေပါတယ်။

1 min Ago
Up