close

တိုက်ခန်း

close

April 24, 2023

တာမွေမြို့နယ်တွင် တိုက်ခန်း ၇ လွှာမှ အမျိုးသား ၁ ဦး ပြုတ်ကျသေဆုံး

ရန်ကုန်၊ တာမွေမြို့နယ်၊ ပုသိမ်ညွန့်ရပ်ကွက်၊ သတိပဌာန်လမ်းက ၈ ထပ်တိုက်တခုရဲ့ ၇ လွှာအခန်းကနေ ဧပြီ ၂၄ ရက် မနက်အစောပိုင်းမှာ လူတဦး ပြုတ်ကျသေဆုံးခဲ့တယ်လို့ မြို့ခံကယ်ဆယ်ရေးအသင်းက ပြောပါတယ်။

ပြုတ်ကျတဲ့အချိန် မနက်အစောပိုင်း ၂ နာရီ ၁၀ မိနစ်လောက်က မီးပျက်နေတဲ့အချိန် ဖြစ်ပြီး သေဆုံးသူ အမျိုးသားက တိုက်ခန်းအတွင်း ပူနေတာကြောင့် ဝရန်တာတံခါး ထဖွင့်ရာက အရှိန်လွန် ပြုတ်ကျခဲ့တာပါ။

“ပြုတ်ကျတာက ၂ နာရီ ၁၀ မိနစ်လောက်ပါ။ အသင်းက ရောက်သွားတော့ အသက်မမီတော့ဘူး။ မိသားစုက ပြောတာတော့ ပူလို့ ဝရန်တာတံခါးဖွင့်ရင်း အရှိန်လွန်ကျတာလို့ ပြောတယ်။ စံပြဆေးရုံ ပို့ပေးထားပါတယ်” လို့ မြို့ခံကယ်ဆယ်ရေးအသင်းက ပြောပါတယ်။

သေဆုံးသွားတဲ့ အမျိုးသားဟာ အသက် ၂၁ နှစ်သာ ရှိသေးပြီး ကယ်ဆယ်ရေးအဖွဲ့တွေ ရောက်လာချိန် မနက် ၂ နာရီ ၂၀ လောက်မှာ သေဆုံးသွားပါပြီ။

သေဆုံးသူရုပ်အလောင်းကို သင်္ဃန်းကျွန်း စံပြဆေးရုံကို ပို့ဆောင်ပေးထားပြီး တာမွေမြို့နယ်ရဲစခန်းမှာ သေမှုသေခင်း ဖွင့်ထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၇ ရက်ကလည်း ရန်ကုန်၊ စမ်းချောင်းမြို့နယ်က ၈ ထပ်တိုက်တခုမှာ ပူအိုက်နေလို့ ပြတင်းပေါက်ထဖွင့်တဲ့ အသက် ၂၁ နှစ်အရွယ် အမျိုးသမီးတဦးလည်း ပြုတ်ကျ သေဆုံးခဲ့ပါသေးတယ်။

14 mins Ago

August 16, 2019

ဘန်ကောက်မြို့လယ် တိုက်ခန်းတခုတွင် ဂက်စ်အိုးပေါက်ကွဲ၊ ကမ္ဘာလှည့်ခရီးသည် ၁ ဦး ဒဏ်ရာရ

Zawgyi Version ဘန်ကောက်မြို့လယ် တိုက်ခန်းတခုတွင် ဂက်စ်အိုးပေါက်ကွဲ၊ ကမ္ဘာလှည့်ခရီးသည် ၁ ဦး ဒဏ်ရာရ DVB ထိုင်းနိုင်ငံ ဘန်ကောက်မြို့လယ် ရာ့ချ်ထေဝီနယ်မြေထဲမှာ ဒီကနေ့ မွန်းလွဲပိုင်းက ပေါက်ကွဲမှုတခုဖြစ်ပြီး ကမ္ဘာလှည့်ခရီးသည်တဦး ဒဏ်ရာရသွားတယ်လို့ သည်နေးရှင်းသတင်းမှာ ဖော်ပြပါတယ်။ ဒီကနေ့ မွန်းလွဲ ၁ နာရီခွဲလောက်က ရာ့ချ်ထေဝီနယ်မြေ ရာ့ချ်ပရာရုတ်လမ်းသွယ် ၁၂ ရှိ တိုက်ခန်းတခုမှာ ပေါက်ကွဲမှုဖြစ်ကြောင်း သတင်းရရှိတဲ့အတွက် လူနာတင်ကားနဲ့အတူ သွားရောက်စစ်ဆေးရာ အဲဒီနေရာမှာ ပထုမ်ခွတ်ကွန်ဒိုတိုက်ခန်း ဒုတိယထပ်ရှိ အခန်းတခန်းထဲမှာဖြစ်ပြီး အသေးစား ဂက်စ်အိုးပေါက်ကွဲတာဖြစ်ကြောင်း၊ ပေါက်ကွဲမှုကြောင့် အခန်းတွင်းနေထိုင်သူ ကမ္ဘာလှည့်ခရီးသည်တဦး ထိခိုက်ဒဏ်ရာ ရသွားတယ်လို့ ဖယားထိုင်းနယ်မြေရဲစခန်း တာဝန်ရှိသူက သတင်းထောက်ကို ပြောပါတယ်။ ကယ်ဆယ်ရေးအဖွဲ့က ဒဏ်ရာရသူကို ဆေးရုံပို့ဆောင်ပေးခဲ့ပြီး ပေါက်ကွဲမှုဖြစ်ရတဲ့အကြောင်း အသေးစိတ်ကို ဆက်လက်စစ်ဆေးနေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
4 years Ago
Up