ပီအက်စ်ဂျီတိုက်စစ်မှူး နေမာဟာ သူ့ရဲ့ခြေကျင်းဝတ်ဒဏ်ရာကို ခွဲစိတ်ကုသရမှာဖြစ်လို့ လက်ကျန်ပွဲစဉ် အားလုံးကို လွဲချော်တော့မှာဖြစ်ပါတယ်။
ဘရာဇီးတိုက်စစ်မှူးဟာ ပြီးခဲ့တဲ့လပိုင်းကတည်းက ဒဏ်ရာဟောင်းဖြစ်တဲ့ ခြေကျင်းဝတ်နေရာမှာ ထပ်ပြီးထိခိုက်ခဲ့ရတာပါ။
အဲဒီဒဏ်ရာဟာ နေမာရဲ့ ကစားသမားဘဝတစ်လျှောက်မှာ အကြိမ်ကြိမ်ဖြစ်ခဲ့ဖူးတာကြောင့် အရှင်းပျောက်ကင်းနိုင်ဖို့ရည်ရွယ်ပြီး ခွဲစိတ်ကုသဖို့ ဆုံးဖြတ်ခဲ့တာလို့သိရပါတယ်။
နေမာဟာ အနည်းဆုံး ၃ လကနေ ၄ လ အထိ အနားယူရမှာဖြစ်လို့ ပီအက်စ်ဂျီအသင်းရဲ့ လက်ကျန်ပွဲစဉ်အားလုံးကို လွဲချော်မှာဖြစ်ပါတယ်။
နေမာဟာ ကာတာနိုင်ငံ ဒိုဟာမြို့မှာရှိတဲ့ အထူးကုဆေးရုံမှာ သွားရောက်ခွဲစိတ်ကုသမှုခံရမှာဖြစ်ပြီး ၃-၄ လလောက် အနားယူမှာဖြစ်ကြောင်း ပီအက်စ်ဂျီအသင်းကလည်း တရားဝင် သတင်းထုတ်ပြန်ခဲ့ပါတယ်။