လီဗာပူးအသင်းအစစ်အမှန်ကို မကြာခင်ပြန်မြင်ရလိမ့်မယ်လို့ တိုက်စစ်မှူး ကိုဒီဂတ်ပိုက ပြော ပါတယ်။
လီဗာပူးအသင်းဟာ အခုနှစ်ရာသီမှာ ရလဒ်တွေယိုင်းယိမ်းနေပြီး ဂတ်ပိုက အခုနှစ်ဇန်နဝါရီ အပြောင်းအရွှေ့ကမှ ပီအက်စ်ဗွီကနေ ပြောင်းရွှေ့လာခဲ့တာပါ။
လီဗာပူးအသင်းသားတိုင်းက အရည်အသွေးမြင့်ကစားသမားတွေဖြစ်ပြီး လေ့ကျင့်ရေးကွင်း မှာနေ့စဉ်မြင်တွေ့နေရကြောင်း သူကပြောပါတယ်။
“တခါတရံ ကွင်းထဲမှာ ကိုယ်ဖြစ်ချင်သလို အလုပ်မဖြစ်တာက ဘောလုံးပွဲတွေရဲ့ သဘောသဘာဝသာဖြစ်ပြီး ကျနော်တို့ရဲ့ ခြေစွမ်းတိုးတက်မှုကို ဆက်ထိန်း သွားရပါမယ်။ ပြီးတော့ ကြိုးစားမှုတွေသာဆက်ပြီးရှိနေရင် အရည်အသွေးကောင်းတွေ ထွက်ပေါ်လာမှာဖြစ်ပြီး မကြာခင်မှာ အရင်လို လီဗာပူးအသင်းအစစ်အမှန်ကို ပြန်ရတော့မှာပါ” လို့ ဂတ်ပို ကပြောပါတယ်။
လီဗာပူး အသင်းဟာပွဲစဉ် ၁၉ ပွဲကစားအပြီးမှာ ၈ ပွဲသာအနိုင်ရခဲ့ကာ ၅ ပွဲနိုင် ၆ ပွဲရှုံးနိမ့်ခဲ့လို့ အမှတ်ပေးဇယား အဆင့် ၉ မှာရပ်တည်နေရပါတယ်။