close

တိုက်ပွဲပိုဖြစ်လာနိုင်

close

July 4, 2021

လူ ၄ သိန်းကျော် အငတ်ဘေးဆိုက်နေသည့် တီဂရေးတွင် တိုက်ပွဲပိုဖြစ်လာနိုင်ဟု ကုလသတိပေး

အီသီယိုးပီးယားနိုင်ငံရဲ့ မြောက်ပိုင်းစွန်းဒေသ တီဂရေးနယ်မြေက လူပေါင်း ၄ သိန်းကျော် ဟာ အခုခါအငတ်ဘေးဆိုက်နေပြီး ဖက်ဒရယ်အစိုးရက တစ်ဖက်သတ် အပစ်အခတ်ရပ်စဲထား ပေမဲ့ ဒေသတွင်းတိုက်ပွဲတွေ ပိုမိုဖြစ်ပွားနိုင်ခြေရှိတယ်လို့ ကုလသမဂ္ဂထိပ်တန်းအရာရှိတွေက လုံခြုံရေးကောင်စီကို ဇူလိုင် ၂ ရက်က  သတိပေးပြောကြားခဲ့ပါတယ်။

 သီးသန့်ဆွေးနွေးချက် ၆ ခု အပြီးမှာ လုံခြုံရေးကောင်စီဟာ သူ့ရဲ့ပထမဆုံး လူထု အစည်းအဝေးကို ကျင်းပခဲ့ပါတယ်။ 

Tigray ရှိ လူသားချင်းစာနာထောက်ထားမှု အခြေအနေဟာ လတ်တလော သီတင်းပတ်တွေအတွင်းမှာပဲ သိသိသာသာဆိုးရွားလာပြီး ငတ်မွတ်ခေါင်းပါးမှု ကြုံနေရတဲ့လူ ပေါင်း ၅ သောင်းလောက် အရေအတွက် ထပ်တိုးလာတယ်လို့ ယာယီ U.N. အကူအညီပေးရေး အကြီးအကဲ Ramesh Rajasingham က လုံခြုံရေးကောင်စီကို ပြောပါတယ်။ 

လူပေါင်း ၄ သိန်းကျော်ဟာ ငတ်မွတ်ခေါင်းပါးမှုနဲ့ ကြုံနေရပြီလို့ ခန့်မှန်းထားပြီး နောက်ထပ် လူပေါင်း ၁ ဒသမ ၈ သန်းလည်း အငတ်ဘေးကြုံတော့မယ့် အခြေအနေလို့လည်း ဆိုပါတယ်။

အရေအတွက် ကိန်းဂဏန်းက ဒီထက်တောင် ပိုများဦးမယ်လို့ တချို့ကလည်း ပြောထား ပါတယ်။ 

ကလေးငယ် ၃၃၀၀၀ ကတော့ ဆိုးဆိုးရွားရွား အာဟာရချို့တဲ့နေတယ်လို့ ပြောပါတယ်။ အီသီယိုးပီးယားအစိုးရဟာ တနင်္လာနေ့က တဖက်သတ် အပစ်အခတ်ရပ်စဲရေးကို ကြေညာခဲ့ပြီး တီဂရေးပြည်သူ့လွတ်မြောက်ရေးတပ်ဦး TPLF ကတော့ အဲ့ဒါကို ဟာသအဖြစ် ပယ်ချထားပါတယ်။

အီသီယိုးပီးယားအစိုးရဟာ အပစ်အခတ်ရပ်စဲရေးကို အသုံးပြုပြီး လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကပ်ဘေးကိုဖြေရှင်းဖို့ အမှန်တကယ် ရည်ရွယ်ထားကြောင်း အခုပြသရပါမယ်လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး လင်ဒါသောမတ်စ်ဂရင်းဖီးလ် က ပြောကြားခဲ့ပါတယ်။ 

Tigray ကာကွယ်ရေးတပ်ဖွဲ့တွေကို အပစ်အခတ်ရပ်စဲရေးကို ချက်ချင်းအပြည့်အဝ အသိအမှတ်ပြု ကြေညာဖို့နဲ့ အီရီထရီးယမ်းတပ်တွေ အပြည့်အဝ ဆုတ်ခွာပေးဖို့လည်း တိုက်တွန်းသွားပါတယ်။ 

သောကြာနေ့က Tigray ကိစ္စ လုံခြုံရေးကောင်စီရဲ့ လူထုအစည်းအဝေးကို ရုရှားနဲ့ တရုတ်က မကန့်ကွက်ခဲ့ပေမဲ့ ဒီပဋိပက္ခဟာ အီသီယိုးပီးယားအတွက် ပြည်တွင်းရေးကိစ္စလို့ ပြောပါတယ်။ 

3 mins Ago
Up