close

တိုက်ပွဲဝင်

close

November 1, 2022

ABSDF မျိုးဆက်သစ်ရဲဘော်များ တိုက်ပွဲဝင်နေကြပြီဟု ကြေညာ

ABSDF ကျောင်းသားတပ်မတော်အနေနဲ့  တပ်ဖွဲ့ဝင်မျိုးဆက်သစ် ရဲဘော်တွေကို လေ့ကျင့်၊ စုဖွဲ့မှုတွေ ပြုလုပ်နိုင်ပြီး ညီနောင်မဟာမိတ်တပ်တွေ အသီးသီးနဲ့အတူ လက်တွဲ တိုက်ပွဲဝင်နေကြပြီလို့ ကြေညာပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ဖွဲ့စည်း တည်ထောင်ခြင်း ၃၄ နှစ်မြောက်အထိမ်းအမှတ်အဖြစ် နိုဝင်ဘာ ၁ ရက်နေ့က ထုတ်ပြန် ကြေညာလိုက်တာ ဖြစ်ပါတယ်။

ဆယ်စုနှစ်သုံးစုကျော်ကြာ စစ်အာဏာရှင် တော်လှန်ရေးခရီးစဉ်အတွင်းမှာ ယနေ့တိုက်ပွဲဝင်နေကြတဲ့ နွေဦးတော်လှန်ရေး အပါအဝင် ABSDF  ကျောင်းသားတပ်မတော်မှ ရဲဘော်စုစုပေါင်း  ၇၆၄ ဦးကျဆုံးပြီး ၄၀၁ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှုရဲ့ အကျိုးဆက်အဖြစ် လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေး မဏ္ဍိုင်ကြီး ၃ ရပ်လုံး အလုံးစုံပျက်စီးနေပြီး  စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ လုံခြုံရေး အခန်းကဏ္ဍ အားလုံးဟာလည်း အဖက်ဖက်က ယိုယွင်းပြိုကျနေတဲ့အခြေအနေအောက်မှာ တတိုင်းပြည်လုံး အထွေထွေအကျပ်အတည်းကို ရင်ဆိုင်ဖြတ်သန်းနေကြရတယ်လို့  ABSDF ကဆိုပါတယ်။

တပြိုင်နက်တည်းမှာဘဲ အဖိနှိပ်ခံ တိုင်းရင်းသားလူမျိုးပေါင်းစုံ ပြည်သူလူထုကြီး တရပ်လုံး စစ်အာဏာရှင်စနစ်ရဲ့ အကြမ်းဖက် လုပ်ဆောင်နေမှုတွေကို ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲဝင်နေရတဲ့ အခင်းအကျင်းလို့ မှတ်ယူနိုင်တယ်လို့ဆိုပါတယ်။

နွေဦးတော်လှန်ရေးနဲ့အတူ တိုင်းရင်းသားပြည်သူလူထုတရပ်လုံးရဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး တိုက်ပွဲဝင်မှုတွေ နိုင်ငံအနှံ့ ကျယ်ပြန့်လာသကဲ့သို့ ABSDF အနေနဲ့လည်း စစ်ရေး၊ နိုင်ငံရေး၊ စည်းရုံးရေး၊ သံတမန်ရေး လုပ်ငန်းစဉ်တွေ  အရှိန်မြှင့်ဆောင်ရွက်ခဲ့တယ်လို့လည်း ထုတ်ပြန်ကြေညာထားပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)ကို ၁၉၈၈ ခုနှစ် ဒီမိုကရေစီလူထုအရေးတော်ပုံကြီးအပြီး နယ်စပ်ဒေသကိုထွက်ပြေးလာခဲ့ကြတဲ့ ကျောင်းသား လူငယ်တွေက စစ်အာဏာရှင်ကို လက်နက်ကိုင်တိုက်ပွဲဝင်ဖို့ ဖွဲ့စည်းထူထောင်ခဲ့တာဖြစ်ပါတယ်။ 

ABSDF အဖွဲ့ဟာ   တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အန်စီအေမှာ ပါဝင် လက်မှတ်ရေးထိုးထားတဲ့ လက်နက်ကိုင် အဖွဲ့တဖွဲ့လည်းဖြစ်ပါတယ်။  

6 mins Ago

October 2, 2022

ခက်ခဲသည့်ကာလကို ကျော်ဖြတ်ရန် တိုက်ပွဲဝင်သွားရမည်ဟု လီဗာပူးနည်းပြ ကလော့ပ်ပြော

ရလဒ်မကောင်းဖြစ်နေတဲ့ လီဗာပူးအသင်းအနေနဲ့ ခက်ခဲတဲ့ကာလကို ကျော်ဖြတ်ဖို့ တိုက်ပွဲဝင် သွားရမယ်လို့ နည်းပြကလော့ပ်ကပြောပါတယ်။

လီဗာပူးအသင်းဟာ မနေ့ညက ကစားခဲ့တဲ့ ဘရိုက်တန်နဲ့ အိမ်ကွင်းပွဲစဉ်မှာ ၃ ဂိုး စီသရေကျခဲ့ရပါတယ်။

ဒီရလဒ်ကြောင့် ပွဲစဉ် ၇ ပွဲအပြီးမှာ ၂ ပွဲပဲ အနိုင်ရခဲ့ပြီး ၄ ပွဲသရေ ၁ ပွဲရူံးရလဒ်နဲ့ အမှတ်ပေးဇယား အဆင့် ၉ အထိ ကျဆင်းခဲ့ရပါတယ်။

ပွဲအပြီးမှာတော့ ခက်ခဲတဲ့အချိန်ကာလတစ်ခုကို ကျော်ဖြတ်ဖို့အတွက် တိုက်ပွဲဝင်သွားရမှာဖြစ်ပြီး စွမ်းဆောင်ရည်တိုးတက်လာဖို့လိုအပ်ကြောင်း နည်းပြကလော့ပ်က ပြောပါတယ်။ 

“ကျနော်တို့ တိုက်ပွဲဝင်သွားရပါမယ်။ ကစားသမားတွေဟာ ခုထက်အများကြီး ပိုကောင်းအောင် ကစားနိုင်ပါတယ်။ တည်ငြိမ်မှု၊ ညီညွတ်မှုနဲ့ ထိပ်တန်းအဆင့်ခံစစ် စွမ်းဆောင်ရည်တွေ လိုအပ်နေပါတယ်” လို့ နည်းပြကလော့ပ်က ပြောပါတယ်။

လီဗာပူးဟာ အခုနှစ်ရာသီမှာ နိုင်ပွဲ ၂ ပွဲသာရသေးလို့ အမှတ်ပေးဇယားထိပ်ဆုံးက အာဆင်နယ်နဲ့ ၁၁ မှတ် ကွာဟနေပြီး လက်ရှိချန်ပီယံ မန်စီးတီးကိုမီဖို့လည်း ခက်ခဲတဲ့အခြေအနေတစ်ခုကို ရောက်ရှိ သွားခဲ့ပါတယ်။ 

1 month Ago
Up