close

တိုက်ပွဲ ၂၉၈

close

March 6, 2022

ကေအန်ယူနယ်မြေ၌ ၁ လအတွင်း တိုက်ပွဲ ၂၉၈ ကြိမ်ဖြစ်၊ စစ်ကောင်စီတပ်က ၃၀၀ ကျော်သေဆုံး

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ထိန်းချုပ်နယ်မြေအတွင်းမှာ  ဖေဖော်ဝါရီလအတွင်း KNU လက်အောက်ခံတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲပေါင်း ၂၉၈ ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၅ ဦးသေဆုံးပြီး၊ ၂၀၉ ဦးဒဏ်ရာရရှိခဲ့တယ်လို့ မတ် ၆ ရက်မှာ  ကေအန်ယူက သတင်းထုတ်ပြန်ပါတယ်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO) နဲ့ စစ်ကောင်စီရဲ့တပ်၊ နယ်ခြားစောင့် (BGF) ပူးပေါင်းတပ်တို့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ မော်တော်ယာဉ် ၃၅ စီးကို ဖျက်ဆီးနိုင်ခဲ့သလို KNLA၊ KNDO တပ်ဖွဲ့ဝင် ၆ ဦး တိုင်းပြည်နဲ့လူမျိုးအတွက် အသက်စွန့်ခဲ့ရပြီး  ၂၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

စစ်ကောင်စီရဲ့တပ်ဘက်က အရပ်သားပြည်သူတွေ နေထိုင်တဲ့ ကျေးရွာတွေနဲ့ လုပ်ငန်းခွင်တွေအတွင်းကို လက်နက်ကြီးအလုံးပေါင်း ၄၀၀ ကျော် ပစ်ခတ်ခဲ့သလို တပ်မဟာ  ၅ ဖာပွန်(မူတြော်)ခရိုင်အတွင်းကို လေကြောင်းကနေ လေယာဉ်နဲ့  ၂ ကြိမ် လာရောက်ပစ်ခတ်ခဲ့တဲ့အတွက် အရပ်သားပြည်သူ ၇ ဦး သေဆုံးပြီး ၂၆ ဦး ထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။

စစ်ကောင်စီရဲ့တပ်တွေက စစ်ရေးလှုပ်ရှားမှုတွေ ပိုမိုပြုလုပ်လာတဲ့အတွက်  နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာဖြစ်ပြီး ကေအန်ယူ ထိန်းချုပ်နယ်မြေတွေဖြစ်တဲ့ ဒူးသထူခရိုင်၊ ညောင်လေးပင်ခရိုင်၊ မြိတ်/ထားဝယ်ခရိုင်၊ မူတြော်ခရိုင်နဲ့ ဒူးပလာယာခရိုင်တွေမှာ အရပ်သားပြည်သူ ၇၀၀၀၀ ကျော်ဟာ ကျေးရွာတွေကိုစွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကေအန်ယူက ထုတ်ပြန်ထားပါတယ်။

37 seconds Ago
Up