close

တိုက်လေယာဥ်

close

November 13, 2022

မောင်တောမြောက်ပိုင်း ရန်အောင်မြင်ကျေးရွာဝန်းကျင်ကို တိုက်လေယာဥ် ၂ စီးဖြင့် ဗုံးကြဲ

ရခိုင်ပြည်နယ် မောင်တောမြောက်ပိုင်း၊ ရန်အောင်မြင်ကျေးရွာဝန်းကျင်က ရက္ခိုင်တပ်တော်  (အေအေ) တပ်ဖွဲဝင်တွေ ရှိနိုင်တဲ့နေရာတွေကို နိုဝင်ဘာ ၁၂ ရက် နေ့လယ် ၁ နာရီကျော်လောက် စစ်ကောင်စီက တိုက်လေယာဥ် ၂ စီးနဲ့ ဗုံးကြဲခဲ့တယ်လို့ မျက်မြင်ဒေသခံတွေက ပြောပါတယ်။

ကျေးရွာဒေသခံတဦးက "ဒီနေ့ နေလယ် ၁ နာရီကျော်မှာ တိုက်လေယာဥ် ၂ စီးနဲ့ ရွာအနီး ဝန်းကျင် ကို ဗုံးကြဲတာ။ နားစည်တွေ ကွဲမတက်ပါ။ ရွာထဲကိုတော့ မကျဘူး" လို့ ပြောပါတယ်။

နိုဝင်ဘာ ၁၀ ရက်က ရန်အောင်မြင်ကျေးရွာက နယ်ခြားစောင့်စခန်းကို အေအေက ဝင်ရောက် တိုက်ခိုက်ခဲ့ပေမဲ့ စခန်းမကျခဲ့ဘဲ အခုလို လေကြောင်းက တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ ဂျက်တိုင်လေယာဥ် ၂ စီးဟာ ရန်အောင့်မြင်ကျေးရွာဝန်းကျင်က တောင်ကုန်းတောင်တန်းတွေနဲ့ ဝက်ကျိန်းကျေးရွာနား တောင်ကုန်းတောင်တန်းတွေကိုပါ ဗုံးကြဲခဲ့တယ်လို့ ဝက်ကျိန်းကျေးရွာ ဒေသခံတွေက ပြောပါတယ်။

"တော်တော်လေး မြန်ပါတယ်။ လေယာဥ်လာတဲ့အသံ ကြားလိုက်ရတယ်။ မြေပြင်မှာ ဗုံးတွေ ကျပေါက်နေပြီ။ အလွန်မှကြောက်စရာပါ။ ရွာသူ/သားတွေကတော ထွက်ပြေးဖို့ လုပ်နေပြီ” လို့ ဒေသခံတဦးက ပြောပါတယ်။

ရန်အောင်မြင်နယ်ခြားစောင့်စခန်းမှာ လက်နက်ကြီး အထိုင်စခန်းချဖို့ စစ်ကောင်စီက ကြိုးစားလာနေတာကြောင့် အဲဒီနယ်ခြားစောင့်စခန်းကို အေအေက ဝင်ရောက်တိုင်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်ကလည်း အေအေတပ်ဖွဲ့ဝင်တွေ ဝိုင်းထားနိုင်တဲ့နေရာတွေကို  လေ​ကြောင်း တိုက်ခိုက်လာတာလို့ စစ်ရေးလေ့လာသူတွေက ပြောပါတယ်။

2 mins Ago

December 6, 2021

မကွေးလေတပ်စခန်းက တိုက်လေယာဥ်များ ဆက်တိုက်ပျံတက်၊ ပစ်ခတ်သံများထွက်ပေါ်

မကွေးလေတပ်စခန်းမှာ ဒီဇင်ဘာ ၆ ရက်နေ့မနက်ပိုင်းက တိုက်လေယာဥ်တွေ ဆက်တိုက် ပျံတက်ပြီး ပစ်ခတ်သံတွေကြားရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

မကွေးလေတပ်စခန်းဌာနချုပ်မှာ ဒီကနေ့မနက် ၇ နာရီကျော်လောက်က ပစ်ခတ်သံ အချက် ၃‌ေ လောက်ကြားရပြီး တိုက်လေယာဥ်တွေလည်း ဆက်တိုက်ပျံတက်နေတယ်လို့ လေတပ်စခန်းနဲ့ နီးစပ်တဲ့ ဒေသခံတစ်ယောက်က DVB ကို ပြောပါတယ်။

“လေတပ်ထဲက ပစ်ခတ်သံ အချက် ၃၀ လောက်ကြားရတယ်။ ကျနော်တို့ အိမ်နဲ့က နီးနီလေးဆိုတော့ ကြောက်နေကြတာ။ လေတပ်နားက ပြည်သူလူထုတွေလည်း အထိတ်တလန့် ဖြစ်နေကြတယ်။ အဲဒီလေတပ်က တိုက်လေယာဥ်တွေ မကြာခဏပျက်ကျလို့ ပြည်သူတွေအသက် ဆုံးရှုံးတာတွေရှိသလို အဆောက်အဦတွေ ထိခိုက်ပျက်စီးတဲ့ ဖြစ်စဥ်တွေလည်းရှိတယ်။” 

ဒီဇင်ဘာ ၅ ရက်နေ့ကလည်း တိုက်လေယာဥ်တွေ ၆ စီးလောက် ပျံတက်ပြီး မကွေးမြို့ပေါ်ကနေ ဝဲနေပြီး ၂ နာရီခြား တစ်ခါလောက် ဆက်တိုက် အတက်အဆင်းပြုလုပ်နေတယ်လို့ ဆိုပါတယ်။

အဲဒီလေတပ်စခန်းကို သြဂုတ် ၈ ရက်နေ့ကလည်း ဗိဿနိုး PDF နဲ့ ညီနောင်မဟာမိတ်တွေ ပူးပေါင်းပြီး လက်နက်သိုလ်လှောင်ရုံကို ဗုံးခွဲတိုက်ခိုက်ခဲ့သလို ဧပြီ ၂၉ ရက်နေ့ကလည်း မကွေး ပြည်သူတော်လှန်ရေးအင်အားစု PRA က ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

11 months Ago
Up