close

တိုကျို

close

April 9, 2023

တိုကျိုတွင် နွေဦးသင်္ကြန်ကျင်းပ (ဓာတ်ပုံ)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးမှ ဦးဆောင်ညွန်ကြားကာ ဂျပန်နိုင်ငံရှိ နွေဦးတော်လှန်ရေးအင်အားစုတွေနဲ့အတူ "နွေဦးသင်္ကြန်" ကို  တော်လှန်ရေးပုံရိပ်များထည့်သွင်းကာ  တိုကျိုမြို့၊ ဟိဘိရပန်းခြံမှာ ဧပြီ ၉ ရက် ဒီနေ့ ကျင်းပခဲ့ပါတယ်။

တိုကျိုနွေဦးသင်္ကြန်ပွဲတော်ကို အမျိုးသားညီညွတ်ရေးအစိုးရဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်စောဘလှသိန်းက ဖွင့်ပွဲပေးခဲ့ပြီး ပွဲတော်ကို ညနေ ၅ နာရီအထိ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။

နေ့လည် ၂ နာရီအထိ ဝင်ရောက်လာသူ ၆၇၀၀ ကျော်သွား ပြီး ညနေအထိဆို ၁ သောင်းနီးပါးရှိနိုင်တယ်လို့ တိုကျိုနွေဦးသင်္ကြန်ပွဲကော်မတီဝင် ကိုသန်းဇော်ထက်က ဒီဗွီဘီကို ပြောပါတယ်။

နွေဦးတော်လှန်ရေးအဖွဲ့များကို ထောက်ပံ့ဖို့ နွေဦးတော်လှန်ရေး မြန်မာ့ရိုးရာ အစားအသောက်ဆိုင်များအပြင် အမျိုးသားညီညွတ်ရေးအစိုးရ ဘဏ္ဍာရေးဝန်ကြီးဌာနမှ ငွေတိုက်စာချုပ် နွေဦးစံအိမ်အရောင်းကောင်တာများ၊ NUG pay စာရင်းဖွင့်ခြင်း ကောင်တာများလည်း တွေ့ရပါတယ်။

နွေဦးတော်လှန်ရေးရန်ပုံငွေ ရှာဖွေပွဲပုံရိပ်ကို ထိန်းသိမ်းတဲ့အနေနဲ့၊ တော်လှန်ရေးကာလ မြန်မာပြည်သူတွေရဲ့ ပင်ပန်း ဆင်းရဲမှုများအား ထပ်တူကိုယ်ချင်းစာတဲ့အနေနဲ့၊ တော်လှန်ရေးကာလအတွင်း ပျော်ပွဲရွှင်ပွဲအသွင် မသက်ရောက်စေလိုတာကြောင့် သင်္ကြန်ပွဲကျင်းပရေးဦးဆောင်ကော်မတီ အပါအဝင် ဈေးဆိုင်ခန်းတွေမှာ အရက်သေစာ ရောင်းချမှုကို တားမြစ်ထားတယ်လို့ သကြန်ပွဲကျင်းပရေးဦးဆောင်ကော်မတီက ဒီဗွီဘီကို ပြောပါတယ်။

5 mins Ago

February 26, 2023

ပထမဆုံး အမှိုက်ကောက်အားကစားပြိုင်ပွဲ တိုကျိုတွင် ကျင်းပမည်

ပထမဆုံး အမှိုက်ကောက်အားကစားပြိုင်ပွဲ (SpoGomi) ကမ္ဘာ့ဖလားကို ၂၀၂၃ ခု နိုဝင်ဘာလမှာ ကျင်းပမှာဖြစ်ပြီး ကမ္ဘာတဝန်းက လာရောက်ယှဉ်ပြိုင်မယ့် အသင်းတွေနဲ့ ဂျပန်နိုင်ငံ တိုကျိုမြို့ရဲ့ လမ်းတွေမှာ ကျင်းပသွားမယ်လို့ ကြေညာထားပါတယ်။ 

ကမ္ဘာအနှံ့က သမုဒ္ဒရာတွေမှာ အမှိုက်တွေ အရမ်းများလာတာကြောင့် အမှိုက်တွေကို သမုဒ္ဒရာထဲ မရောက်ခင် ကောက်တာက အဓိကကျတယ်လို့ အမှိုက်ကောက်အားကစား ကမ္ဘာ့ဖလားကို ပထမဦးဆုံး စတင်ကြီးကြပ်မယ့် တာကာယာဆုအူဒါဂါဝါက ပြောပါတယ်။

အမှိုက်ကောက်အားကစားမှာ အသင်း တသင်းကို ကစားသမား သုံးယောက် ပါဝင်မှာဖြစ်ပြီး မီးရှို့ရမယ့် အမှိုက်အမျိုးအစား၊ ပြန်လည်သုံးလို့ရတဲ့ ပလတ်စတစ်နဲ့ သတ္တုသံဘူး အစရှိတဲ့ အမှိုက်တွေကို အရောင်ခွဲခြားထားတဲ့ အိတ်တွေနဲ့ မိနစ် ၆၀ အတွင်း စုဆောင်းရမှာဖြစ်သလို အမှိုက်အများဆုံး ရရှိတဲ့ အသင်းက အနိုင်ရရှိမှာပါ။

စီးကရက်ဖင်စီခံအမှိုက်က အမှတ်အများဆုံးရမှာဖြစ်ပြီး အနိုင်ရရှိတဲ့ အသင်းကတော့ အသိအမှတ်ပြု လက်မှတ် ဒါမှမဟုတ် စပွန်ဆာကပေးတဲ့ ဆုကို လက်ခံရရှိမှာဖြစ်ပါတယ်။

၁၉၉၈ ခု ပြင်သစ်ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲအပြီးမှာ ဂျပန်ပရိသတ်တွေအနေနဲ့ အမှိုက် ကောက်ပြီးမှ ပြန်ခဲ့တာကြောင့် တစ်ကမ္ဘာလုံး အံ့အားသင့်ခဲ့ရသလို ပြီးခဲ့တဲ့ ကာတာကမ္ဘာ့ဖလား ပြိုင်ပွဲမှာလည်း အမှိုက်ကောက်ပြန်တဲ့ ဂျပန်လူမျိုးတွေက ကမ္ဘာ့မီဒီယာတွေက ဂုဏ်ပြုရေးသား ဖော်ပြခဲ့ကြပါတယ်။ 

ဂျပန်မှာတော့ ၂၀၀၈ ခုနှစ်ကတည်းက ဒေသတွင်း အမှိုက်ကောက် အားကစားပြိုင်ပွဲတွေကို ကျင်းပ နေတာလို့ သိရပါတယ်။ 

1 month Ago
Up