close

တိုင်းပျက်ပြည်ပျက်

close

August 16, 2021

တိုင်းပျက်ပြည်ပျက်၊ နှစ် ၆၀ ကျော်ကို မြန်မြန်ဖျက်

မရဲတရဲသွေးတိုးစမ်းခဲ့သော ၁၉၅၈ခုနှစ်၊ အာဏာလွှဲသည့်အာဏာသိမ်းပွဲမှ စတင်ရေ တွက်ကြည့်ပါက ၆၃နှစ်ကြာခဲ့ပြီဖြစ်သည်။ပြီးတော့ ၁၉၆၂ခုနှစ်၊၁၉၈၈ခုနှစ်၊ ယခု၂၀၂၁ခုနှစ် ၃ကြိမ် တိုင်အောင်ယုတ်ယုတ်မာမာ စစ်အာဏာသိမ်းခဲ့သည်။

အာဏာသိမ်းသက်တမ်းနှစ်ပေါင်း၆၀ကျော်ကာလအတွင်း စစ်ခေါင်းဆောင်တို့သည်သာ တိုင်း ပြည်အာဏာနှင့်ထိုက်တန်သူများဖြစ်သည်ဆိုသောအတွေးအခေါ်ကို စစ်ခေါင်းဆောင်မျိုးဆက်အဆက် ဆက် ဖိဖိစီးစီးရိုက်သွင်းနိုင်ခဲ့ကာ အာဏာနှင့်ပတ်သက်လာလျှင် အရှက်အကြောက်မရှိ လက်မရွံ့ အာဏာရှင်များအဖြစ် မွေးထုတ်နိုင်ခဲ့သည်။

ထို့ပြင် စစ်တပ်သည် တိုင်းပြည်ကိုအသက်ပေးကာကွယ်နေသူများဖြစ်ခြင်းကြောင့် ပြည်သူတို့၏ ကျေးဇူးရှင်များဖြစ်ကြောင်း ဂျင်းအကြီးစားကိုလည်း နေ့ညမပြတ် သောက်သုံးခဲ့ရခြင်းအရ ပြည်သူကိုဘာမ ဆိုလုပ်ခွင့်ရှိသည်ဆိုသော တပ်မတော်ကြီးအဖြစ် တရားဝင်လူပါးဝခွင့်ရှိသူများပမာ ရိုင်းစိုင်းမောက်မာခဲ့ကြ သည်။

စစ်တပ်၏အခြားတစ်ဖက်တွင်လည်း အညတရ ဒီမိုကရေစီသူရဲကောင်းများစွာကို မျိုးဆက်အလီလီ မွေးထုတ်နိုင်ခဲ့သလို စစ်တပ်၏ ပစ်ခတ်ရိုက်သတ်မှုများကြောင့် အသက်ပေးခဲ့ရသူလည်းမနည်းလှပေ။ပြော ရလျှင် အာဏာသိမ်းမှုနှစ်၆၀ကျော်အတွင်း စစ်တပ်နှင့်ဒီမိုကရေစီပြည်သူတို့မှာ ရန်ဘက်အသွင်ဖြင့် ကိုယ့် ဘာသာရှင်သန်ကြီးရင့်လာအောင် အပြိုင်လျှောက်ခဲ့ကြခြင်းဖြစ်သည်။

၁၉၅၈ခုနှစ်တွင် ဝန်ကြီးချုပ်ဦးနုနှင့်ဗိုလ်နေဝင်းအာဏာအလွှဲအပြောင်းအဆင်ပြေမှ ဝန်ကြီးချုပ်အိမ် ကိုပစ်ရန် ချိန်ထားသော အမြောက်ကြီးများနှင့်သံချပ်ကာယန္တယားတပ်ကို တပ်ခေါက်ပြန်ကြခြင်းဖြစ်သည်။ ထိုအာဏာအလွှဲအပြောင်းကို အင်အားကောင်းသောဆန့်ကျင်ကန့်ကွက်မှုများ မရှိ။စစ်တပ်က အစစအရာ ရာအသာစီးအခြေအနေဖြင့် စိုးမိုးထားနိုင်ခဲ့သည်။အာဏာရှင်တို့၏ထုံးစံအတိုင်း စာရေးဆရာ၊သတင်းစာဆ ရာ၊ကွန်မြူနစ်ဟုသံသယရှိသူများနှင့် ဆန့်ကျင်နိုင်ခြေရှိသူမှန်သမျှကို တရကြမ်းဖမ်းသည်။၁၉၅၈ ခုနှစ် ၏ ထူး ခြားချက်မှာနာမည်ကျော်စာ ရေးဆရာ၊သတင်းစာဆရာနှင့်နိုင်ငံရေးသမား စုစုပေါင်း၁၅၃ဦးကို ရေ ပတ်လည်ဝိုင်းနေသော ကိုကိုးကျွန်းအ ကျဉ်းစခန်းသို့ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။

ဒုတိယအကြိမ်အာဏာသိမ်းသည့်၁၉၆၂ခုနှစ်တွင်လည်း အာဏာယန္တယားကို ထိပါးခံရသည်အထိ ဆန့်ကျင်ကန့်ကွက်မှုများမရှိ။သို့သော်၊ကျောင်းသားသမဂ္ဂတို့၏ ပြင်းထန်သောကန့်ကွက်မှုများကို ရင်ဆိုင်ခဲ့ ရသည်။အာဏာသိမ်းပွဲတို့ထုံးစံအတိုင်း ဖဆပလအစိုးရအဖွဲ့ဝင်များ၊နိုင်ငံရေးသမားများနှင့်စာပေရပ်ဝန်းမှ ခေါင်းတစ်လုံးပိုမြင့်သူများကို ဖမ်းဆီးခဲ့သည်။အာဏာသိမ်းပြီးသိပ်မကြာ သမိုင်းအစဉ်အလာကြီးမားသော ကျောင်းသားသမဂ္ဂအဆောက်အဦကြီးကို မိုင်းခွဲဖျက်ဆီးလိုက်ခြင်းသည် ထူးခြားချက်ဖြစ်သည်။

၁၉၆၂-၁၉၈၈ခုနှစ်အတွင်း အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများ ဆက်တိုက်ဆိုသလိုပေါ်ခဲ့သည်။ တက္ကသိုလ်ကျောင်းနှင့်အလုပ်သမားရပ်ဝန်းအပေါ်အခြေတည်ခဲ့သော လှုပ်ရှားမှုများဖြစ်ပြီး ပြင်းပြင်းထန် ထန်ဖြိုခွင့်းခံရသော်လည်းမြန်မာပြည်သူတစ်ရပ်လုံးပါဝင်သော  ရှစ်လေးလုံးလူထုအရေးတော်ပုံကြီး ဖြစ် ထွန်းလာစေရေးအတွက် အကောင်းဆုံးလောင်စာများဖြစ်သည်။

ရှစ်လေးလုံးအရေးတော်ပုံကြီး၏ ထွန်းပြောင်လွန်းလှသောဂုဏ်ရည်မှာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီကို မြန်မာ့နိုင်ငံရေးစင်မြင့်ထက်မှ ကန်ချနိုင်ခဲ့ခြင်းနှင့် ပြည်သူတို့၏နှလုံးသားထဲ ဒီမိုကရေစီရရှိရေးအိပ် မက်ကို ထွန်းညှိနိုင်ခဲ့ခြင်းဖြစ်သည်။

ရှစ်လေးလုံးအရေးတော်ပုံသည်လည်း စစ်တပ်အာဏာသိမ်းခြင်းဖြင့် ဖြိုခွင်းခံခဲ့ရသည်။အာဏာ သိမ်းပြီးနောက် တစ်လမပြည့်ခင်မှာပင် အစိုးရယန္တယားကို စစ်အစိုးရက မိမိရရဆုပ်ကိုင်နိုင်ခဲ့သည်။၁၉၆၀ ပြည့်နောက်ပိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် ဒီမိုကရေစီရွေးကောက်ပွဲကို၁၉၉၀ပြည့်နှစ်၌ ကျင်းပခဲ့သည်။ စစ်တပ်ကအသက်သွင်း ခဲ့သောတိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ(တစည)ခွက်ခွက်လန်ရှုံး နိမ့်ခဲ့ သည်။အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို အာဏာမအပ်ရုံတင်မက အပြင်းထန်ဆုံး ဖိနှိပ်ခဲ့သည်။၁၉၉၀-၂၀၁၀ နှစ်ပေါင်း၂၀ခရီးမှာ ပြည် သူတို့ ငရဲတွင်းထဲ အနက်ဆုံးသက်ဆင်းခဲ့ရသည့်ကာ လဖြစ်ပြီးမယုံကြည်စ ရာအဖြစ်အပျက်များစွာကို ကိုယ်တိုင်ဖြတ်သန်းခဲ့ကြကာ ဟုတ်မှဟုတ်ပါစဟု ကိုယ်တိုင်သံသယဖြစ်ရေ သာ နှစ်ကာလဖြစ်သည်။နောက် တစ်မျိုးဆိုရသော် ပြည်သူတို့၏ခြေလက်တို့ကိုတုပ်နှောင်ကာ တရကြမ်းတရွတ် ဆွဲခံရသည့်သက္ကရာဇ်များ ဖြစ်သည်။

နာဂစ်မုန်တိုင်းကြောင့် လူသိန်းချီသေကာ ပြည်သူတို့ ပူပူနွေးနွေးရှိုက်ငင်နေဆဲမှာပင် စစ်တစ်ပိုင်း ဒီမိုကရေစီကိုဖော်ဆောင်မည့် ၂၀၀၈အခြေခံဥပဒေအား ဒုတိယအာဏာရှင်ဗိုလ်သန်းရွှေက အဓမ္မပြဌာန်းခဲ့ သည်။၂၀၁၀ရွေးကောက်ပွဲတွင် ဒုတိယအာဏာရှင်အသက်သွင်းခဲ့သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီအနိုင်ရကာ စစ်ဖိနပ်ချွတ်ပြီးခေါင်းပေါင်းစွပ်လိုက်ကြသည်။

ဗိုလ်သန်းရွှေ၏ အားနည်းချက်မှာ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာ့နိုင်ငံရေး နယ်ပယ်မှ အပြီးတိုင်မဖယ်ရှားနိုင်ခဲ့ခြင်းနှင့် ပြည်သူ့ရင်ထဲက ဒီမိုကရေစီအိပ်မက်ကို မငြှိမ်းသတ်နိုင်ခဲ့ခြင်း ဖြစ်သည်။ထို့ကြောင့်ပင် ဗိုလ်သန်းရွှေမျှော်မှန်းခဲ့သော နှစ်များစွာကြာ ပြည်ခိုင်ဖြိုးပါတီအာဏာသက်ရှည်ရေး မှာ အရူးအိပ်မက်ပမာ ၅နှစ်အကြာတွင် ယိုင်ထိုးခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အာဏာရသက်တမ်းအတွင်း စစ်တပ်နှင့်ပြည်ခိုင်ဖြိုးတို့ တက်ကုန်ရွက် ကုန်ဖွင့်လုံ့လစိုက်ထုတ်မှုမှာ ၂၀၂၀ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နောက်တစ်ကြိမ်အာ ဏာမရရေးဖြစ်သည်။သို့သော်၊စစ်တပ်ရောပြည်ခိုင်ဖြိုးပါ ကိုယ်စွမ်းကိုယ်စဖြင့် ပြည်သူကိုစည်းရုံးနိုင်စွမ်းမရှိခဲ့ လေသဖြင့် ၎င်းတို့ကျွမ်းကျင်သည့်ခြေထိုးချောက်ချနည်းလမ်းကိုသာ အစွမ်းကုန်သုံးကြသည်။တိုင်းပြည်ရှေ့ မရောက်စေရေး၊အစိုးရအခက်တွေ့စေရေး၊ထိုမှတစ်ဆင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပေါ် ပြည်သူ ထောက်ခံမှုကျဆင်းရေး။ 

၂၀၂၀ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးအကြီးအကျယ်ထပ်ရှုံးလေတော့ မင်းအောင်လှိုင်အရူးမီးဝိုင်း ဖြစ်တော့သည်။၂၅ရာခိုင်နှုန်းအသာစီးရထားသည့်တိုင် ဒီမိုကရေစီနည်းကျအာဏာရရှိရန် မည်သို့မျှမဖြစ်နိုင် တော့မှန်း မငိးအောင်လှိုင်သိရှိခဲ့ပြီမို့ ဘာမဆိုလုပ်ရဲသည်ဆိုသည့်အတိုင်း အာဏာသိမ်းတော့သည်။ယခု အာဏာသိမ်းခြင်းမှသည် ပြည်သူတို့ အလေးနက်ဆုံးသင်ခန်းစာရရှိခဲ့သည်။ယင်းမှာ စစ်အာဏာရှင်စနစ်ကို အမြစ်မဖြတ်နိုင်သ၍ တစ်ချိန်မဟုတ်တစ်ချိန် ယခုလိုအာဏာသိမ်းပွဲမျိုးဆက်ကြုံရဦးမည်ဟူ၍ဖြစ်သည်။

အာဏာသိမ်းပြီးမကြာခင် မြန်မာ့နွေဦးတော်လှန်ရေးကို အခမ်းနားဆုံးဖွင့်လှစ်နိုင်ခဲ့ ကြသည်။ နွေဦးတော်လှန်ရေး၏အဓိကအားသာချက်မှာ မြန်မာပြည်သူတို့အနေနှင့် ဒီမိုကရေစီမဝရေစာကို ၁၀နှစ်ဝန်း ကျင်ကြာ ထိတွေ့ခံစားခဲ့ရခြင်းဖြစ်သည်။ထို့ကြောင့်ပင် စစ်မှန်သောဒီမိုကရေစီသာရရှိခဲ့လျှင်ဆိုသည့်စိတ်ကူး ယဉ်မှုသည် ယခင်ကတည်းက ရှိခဲ့ကာ စစ်တစ်ပိုင်းဒီမိုကရေစီကိုပြတ်ပြတ်ငြင်းရမည်မှန်းလည်း သိခဲ့ပြီဖြစ် သည်။အာဏာသိမ်းလိုက်သည့်အချိန်တွင် မဖြစ်စလောက်ခံစားခဲ့ရသောဒီမိုကရေစီနှင့်ဒီမိုကရေစီလုံး၀ ဆိတ်သုဉ်းမှုသည်ပင် ဘဝခြားသွားသည့်ပမာ အကွာကြီးကွာသွားမှန်း ပြည်သူတို့သိရှိခဲ့ကြသည်။ယင်းသည် နွေဦးတော်လှန်ရေးအတွက် ပဓာနကျသောတွန်းအားတစ်ခုဖြစ်ခဲ့သည်။ယင်းသည် ရှစ်လေးလုံးအ ရေး တော်ပုံကြီးတုန်းက မရှိခဲ့ဖူးသော တွန်းအားလည်းဖြစ်သည်။

ထို့ပြင်ယင်းတွန်းအားကို အသွားထက်မြ ဓားသွားပမာ ဆက်လက်ချွန်မြ စေသည်မှာ မျိုးဆက်သစ် လူငယ်တို့၏ ထိုးထွင်းသိမှုနှင့်နည်းပညာကျွမ်းကျင်မှု။မျိုးဆက် ဟောင်းတို့၏ ရှစ်လေးလုံးအရေးတော်ပုံနှင့် အာဏာရှင်အောက်ဖြတ်သန်းခဲ့မှုအတွေ့အကြုံ။ ပြီးတော့ပြည်သူအား လုံး ၂၄နာရီပြည့်ဆုံတွေ့နိုင်သည့် လူမှုကွန် ရက်ပလက်ဖောင်းရှိနေခြင်းတို့ဖြစ်သည်။

ထို့ကြောင့် နွေဦးတော်လှန်ရေးအရှိန်ရခါစ ပထမပိုင်းကာလတွင် ပြည်သူတို့၏ညရေးညတာကို ခြောက်ခြားစေခြင်း၊ပြည်သူချင်းကြား သံသယစိတ်ကြီးမားလာစေရန်နှင့် ထိုမှတစ်ဆင့်မင်းမဲ့အပြုအမူများ ကြီးစိုးလာအောင် စစ်ကောင်စီက အကြီးအကျယ်အားထုတ်ခဲ့သော်လည်း သတိကြီးကြီးထား ကျော်လွှား နိုင်ခဲ့ ကြ သည်။ယင်းမှာ ရှစ်လေးလုံးအတွေ့အကြုံများကိုအကောင်းဆုံးသင်ခန်းစာယူ အသုံးချနိုင်ခဲ့ခြင်း ပင်ဖြစ်သည်။

စစ်ကောင်စီက အလင်း၏အလျင်လိုမြန်သော လူမှုကွန်ရက်၏အခန်းကဏ္ဍကို ကောင်းကောင်းကြီး သဘောပေါက်ခဲ့သည်။လူမှုကွန်ရက်သည် အတားအဆီးမဲ့ပြည်သူ့ရင်ပြင်ဖြစ်ပြီး ထိုရင်ပြင်ပေါ်တွင် ပြည်သူ ချင်းသတင်းအချက်အလက်ဖလှယ်၊အပြန်အလှန်မျှဝေ၊အပြန်အလှန်သင်ယူ၊အပြန်အလှန်ခွန်အားဖြည့်ခြင်း နှင့်အပြန်အလှန်ဖေးမခြင်းတို့သည် နွေဦးတော်လှန်ရေးအတွက်အရေးကြီးသောအင်အားများဖြစ်သည်။ထို့ ကြောင့်ပင် စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ခြင်းနည်းဖြင့် တော်လှန်ရေးရေချိန်ကိုလျှော့ချရန် ကြိုး စားခဲ့သည်။သို့သော်၊အာဏာသိမ်းခြင်းကြောင့် အလိုလိုယိုင်နဲ့နေပြီးသော ဘဏ်လုပ်ငန်းကို အင်တာနက် ဖြတ်တောက်မှုက အရှိန်ဖြင့်တွန်းလှဲလိုက်သလိုဖြစ်ခြင်းကြောင့် ဆုပ်လည်းစူးစားလည်းရူးပမာ အင်တာနက် လိုင်း ဖြတ်တောက်မှုအပေါ် လက်လျှော့ခဲ့ရသည်။

ထို့ကြောင့် ရှေးယခင်က ဗိုလ်နေဝင်းနှင့်ဗိုလ်သန်းရွှေတို့သုံးခဲ့သလို ပြည်သူကိုသတ်ဖြတ်ခြင်းနည်း ဖြင့် ဖြိုခွင်းရန် အားစိုက်တော့သည်။ဆန္ဒပြလူငယ်များကို ခေါင်းတည့်တည့်မှန်အောင်ပစ်၊ဖမ်းမိသူအချို့ကို ရိုက်သတ်ပစ်၊သူပုန်ထဆန့်ကျင်ရာနေရာမှန်သမျှကို မြေလှန်စနစ်ဖြင့်ဖြိုခွင်းပစ် စသည့်အရက်စက်ဆုံး နည်း နာတို့သည် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့၏ ထမင်းစားရေသောက် အယားပြေပြုမူချက်များဖြစ်သည်။

ယင်းသို့အရက်စက်ဆုံးဖြိုခွင်းမှုများကြောင့်ပင် ဖမ်းဆီးခံပြည်သူများလာသလို ဆန္ဒပြပွဲများလည်း  အရှိန်လျော့ကျလာခဲ့သည်။သို့သော်၊ အချိန်တိုအတွင်း ရောက်ရှိလှုပ်ရှားလာသော ပြည်သူ့ကာကွယ် ရေးတပ်မတော်၏မြို့ပြပျောက်ကျားတိုက်ပွဲများမှာ စစ်ကောင်စီမမျှော်လင့်ထားသော အရှိုက်ထိုးခံရခြင်းဖြစ် သည်။

ရှစ်လေးလုံးအရေးတော်ပုံလှုပ်ရှားမှုတွင် ထိချက်ပြင်းသော စီဒီအမ်မရှိ၊ပီဒီအက်ဖ်မရှိခဲ့သလို စစ်ကောင်စီအနေနှင့် လည်း မမျှော်လင့်ထားခဲ့ပေ။မြို့ပြပီဒီအက်ဖ်တိုက်ပွဲများသည် ဘယ်အချိန်ဘယ်က ရောက်လာမည်မှန်းမသိ သည့် ကျည်ဆန်နှင့်ဗုံးတို့ဖြစ်သဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့ အကြောက်ကြီး ကြောက်ရသည်။ယနေ့အထိ စစ်ကောင်စီအခြေခံအုပ်ချုပ်ရေးယန္တယား တည်မရသေးခြင်းသည် ပီဒီ အက်ဖ်တို့၏ စွမ်းဆောင်ချက်ဖြစ် သည်။

သို့သော်၊ပီဒီအက်ဖ်များထဲတွင် ဒေသအလိုက်ရရာလက်နက်စွဲကိုင်တော်လှန်ကြကုန်သောပီဒီ အက်ဖ်များနှင့် သင်တန်းဆင်းပီဒီအက်ဖ်များဟူ၍ အကြမ်းဖျဉ်းနှစ်မျိုးရှိမည်ဟုထင်သည်။မည်သို့သော ပီဒီအက်ဖ်များဖြစ်စေ စနစ်တကျကွပ်ကဲမှု၊စနစ်တကျတိုက်ပွဲဆင်မှုနှင့်အထောက်အပံ့ကောင်းများရှိရန် အထူးလိုအပ်ပါသည်။သို့မှသာလျှင် ပီဒီအက်ဖ်သက်တမ်းကြာလာသည်နှင့်အမျှ ကြွယ်ဝသောအတွေ့အ ကြုံ နှင့်အတူ ပိုမိုကြီးထွားလာနိုင်ပေမည်။ပီဒီအက်ဖ်များအားကောင်းလာခြင်းသည် စစ်ကောင်စီကို အကြောက် ကြီးကြောက်စေပြီး နွေဦး တော်လှန်ရေးအတွက် ပဓာနကျသည့်အထောက်အပံ့ကောင်းလည်းဖြစ်သည်။

နှစ်ပေါင်း၆၀ကျော်ပြီဖြစ်သောတော်လှန်ရေးခရီးသည် မျိုးဆက်နှစ်ဆက်စာကို လူစဉ်မမီသူများပမာ နောက်အကျကြီးနောက်ကျခဲ့ရပြီဖြစ်သည်။ယခုနွေဦးတော်လှန်ရေး ၆လကျော်ကာလသည် နှစ်ပေါင်း၆၀ ကျော်နှင့်နှိုင်းယှဉ်လျှင် အစက်တစ်စက်မျှသာရှိသော်လည်း ပြည်သူအပေါင်းတို့ အင်မတန်ခက်ခဲကြရသည်။ တော်လှန်ရေးခရီးမှာကြာလာသည်နှင့်အမျှ ဆင်းရဲပင်ပန်းခက်ခဲတတ်စမြဲဖြစ်ကြောင်း အထူးသတိချပ်ကြရန် လိုပါသည်။

နွေဦးတော်လှန်ရေးသည် အီသွား၍မဖြစ်၊အိုင်သွား၍မဖြစ်။ထို့ကြောင့် တော်လှန်ရေးကိုအမြန်ဖြတ် ကာအောင်မြေနင်းနိုင်ကြရန်လိုသည်။ဘက်စုံထောင့်စုံ တိုက်ပွဲစုံကြရန်လိုပါသည်။

လင်းခေတ်

9 mins Ago
Up