close

တိုင်းရင်းသားကျေးရွာ

close

April 1, 2023

နေပြည်တော်နယ်မြေရှိ တိုင်းရင်းသားကျေးရွာစုပေါင်းအလှူပွဲကို နယ်ဝေးဧည့်သည်များမလာရန် စစ်ကောင်စီတားမြစ်

နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ပြည်ထောင်ကိုးကျေးရွာအုပ်စုအတွင်းမှာရှိတဲ့ တိုင်းရင်းသား ကျေးရွာ ၃ ရွာစုပေါင်းပြီး အလှူပွဲပြုလုပ်ရာမှာ နယ်ဝေးက ဧည့်သည်တွေကို လုံးဝ လာခွင့်မရှိကြောင်း စစ်ကောင်စီတပ်ရဲ့ နယ်မြေခံ ခမရ ၆၀၆ တပ်ရင်းက အမိန့်ထုတ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရွာတွေစုပေါင်းပြီးတော့ ကျောင်းရေစက်ချ၊ ရဟန်းခံရှင်ပြုနဲ့ နားသမင်္ဂလာအလှူပွဲကို နယ်ဝေးကဧည့်သည်တွေမလာဖို့ စစ်တပ်က လာပြောသွားတာကြောင့် ရပ်ဝေးက ဧည့်သည်တွေကို အလှူဖိတ်ချင်ပေမဲ့ ဖိတ်လို့မရတော့ဘူးလို့ ဒေသခံတဦးက ပြောပါတယ်။

အဲဒီကျေးရွာတွေကိုရောက်ရှိဖို့ ခမရ ၆၀၆ တပ်ရင်း စခန်းချထားတဲ့ ဂိတ်အသီးသီးကို ဖြတ်ရပြီး အဲဒီထဲက ဝေသာလီဂိတ် ကျေးရွာအဝင်ဂိတ်က အဆိုးဆုံးဖြစ်ကာ ဒီအတိုင်း ရှေ့ဆက်သွားနေမယ်ဆိုရင်တော့ ပြဿနာတွေဖြစ်လာနိုင်တယ်လို့ ဒေသခံတဦးက ဆိုပါတယ်။

ဒေသခံတွေအနေနဲ့ တခါတလေ တောင်ယာထဲကိုသွားရင်လည်း တားမြစ်ပိတ်ပင်ပြီး လက်နက်ပြ ခြိမ်းခြောက်မှုတွေ ရှိနေတယ်လို့ ဒေသခံကပြောပါတယ်။

အဲဒီလို ဖြစ်ပွားနေတာနဲ့ပတ်သက်လို့ တပ်ရင်းရဲ့ အထက်လူကြီးကို တိုင်ကြားရင်လည်း တပ်အောက်ခြေကလူတွေက ကျေးရွာတာဝန်ရှိသူတွေကို ခေါ်ယူပြီး ကြမ်းကြမ်းတမ်းတမ်း သတိပေးပြောဆိုမှုတွေ လုပ်လေ့ရှိတယ်လို့ ဒေသခံရွာသားတဦးက ပြောပါတယ်။

အဲဒီဒေသတွေမှာ ကရင်၊ ကယန်းနဲ့ ပအိုးဝ်တိုင်းရင်းသားတွေ နေ‌ထိုင်‌ကြပြီး ကျေးရွာတရွာကို အိမ်ခြေ ၁၀၀ ကျော်ရှိတဲ့ ကျေးရွာတွေလည်း ဖြစ်ပါတယ်။

5 mins Ago

December 16, 2019

သာကေတ တိုင်းရင်းသားကျေးရွာတွင် ရခိုင်ပြည်နယ်နေ့ပွဲ ကျင်းပ 

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်ရှိ တိုင်းရင်းသားကျေးရွာမှာ ၄၅ ကြိမ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားကို နှစ်ရက်ကြာ ကျင်းပပါတယ်။ ပွဲတော်ရက်အတွင်း ရခိုင်ရိုးရာ ကျင်ကိုင်ပွဲ၊ ခေါင်းအုံးရိုက်ပွဲနဲ့ လွန်ဆွဲပွဲတွေနဲ့  ရိုးရာစာပေ၊ အဝတ်အထည်၊ အမှတ်တရလက်ဆောင်ပစ္စည်းနဲ့ ရခိုင်ရိုးရာ အစားအသောက်တွေ ရောင်းချတဲ့ စျေးဆိုင်တွေလည်း ဖွင့်လှစ် ရောင်းချပါတယ်။  ဈေးဆိုင်တွေဟာ ပရဟိတအဖွဲ့အစည်းတွေက ရန်ပုံငွေရှာဖွေဖို့ ရောင်းချကြတာ ဖြစ်ပြီး ဆိုင်ခန်းမြေနေရာ ငှားရမ်းခ ပေးသွင်းစရာ မလိုဘဲ အခမဲ့ ရောင်းချခွင့်ပေးထားတယ်လို့ သိရပါတယ်။
Photo - Aung Naing Oo / MPA
3 years Ago
Up