close

တိုင်းရင်းသားများ

close

April 14, 2023

ချင်းမိုင်မြို့က ဆုန်ခရမ် ရေကစားပွဲ မြန်မာပြည်ဖွားတိုင်းရင်းသားများ ပါဝင်ဆင်နွှဲ (ဓာတ်ပုံ)

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ဆုန်ခရမ် ရေကစားပွဲကို ဧပြီလ ၁၄ ရက်က တတိယနေ့ အဖြစ်ဆက်လက်ကျင်းပနေရာမှာ ထိုင်းလူမျိုးတွေနဲ့အတူ ကမ္ဘာလှည့် ခရီးသွားတွေနဲ့ မြန်မာပြည်ဖွား တိုင်းရင်းသားပေါင်းစုံ ပါဝင်ဆင်နွှဲနေကြပါတယ်။ 

ချင်းမိုင်ရောက် ရှမ်းလူမျိုးတွေကလည်း ဘုန်းကြီးကျောင်းတွေ၊ ဘုရားတွေမှာ ရေသပ္ပါယ် အလှူတွေ ကုသိုလ် လုပ်နေကြပါတယ်။ 

ချင်းမိုင် ဆုန်ခရမ် ရေကစားပွဲမှာ မဏ္ဍပ်ကြီးတွေနဲ့ ရေပက်တာမျိုး မဟုတ်ဘဲ ကျုံးဘေးတလျှောက် အချင်းချင်း ရေပက်ဆော့ကစားကြတာပါ။ 

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် မကျင်းပတာ ၂ နှစ်ကျော်ပြီဖြစ်တဲ့ ဆုန်ခရမ်ပွဲကို ဒီနှစ်မှာ ထိုင်းအစိုးရက ပထမဆုံး ပြန်ကျင်းပခွင့်ပြုလိုက်တာဖြစ်ပါတယ်။

ထိုင်းဆုန်ခရမ်ပွဲကို ကမ္ဘာလှည့် ခရီးသွားတွေ အများအပြား လာရောက်ပြီး ထိုင်းခရီးသွားလာရေးဝန်ကြီးဌာနက ဆုန်ခရမ် အားလပ်ရက်အတွင်း ခရီးသွားတွေ ၅ သန်းလောက် သွားလာကြမယ်လို့ မျှော်မှန်းထားပါတယ်။ 

သတင်း/ဓာတ်ပုံ - ဇွဲသစ်

16 hours Ago

April 27, 2021

ဖားကန့်မြို့က တိုင်းရင်းသားများ NUG အစိုးရကို ထောက်ခံကြိုဆို

ဖားကန့်မြို့၊ တာမခန်မြို့သစ်မှာ ဧပြီလ ၂၆ ရက်နေ့ ညပိုင်းက အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ဒေသခံတိုင်းရင်းသားတွေစုပေါင်းပြီး ထောက်ခံကြိုဆိုခဲ့ကြတယ်လို့ သိရပါတယ်။

အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ကိုထောက်ခံကြိုဆိုတဲ့ အနေနဲ့ ''We Accept NUG'' စာလုံးကို အားလုံးပေါင်းပြီး ဖရောင်းတိုင်းမီးထွန်းပုံဖော်ခဲ့ကြတာပါ။

နွေဦးတော်လှန်ရေးမှာ ကျဆုံးခဲ့တဲ့ သူရဲကောင်းတွေအတွက်လည်း ရည်စူးပြီး ဆုတောင်းပေးတာတွေ ပြုလုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

Photo - CJ / MPA

2 years Ago
Up