close

တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ

close

November 17, 2022

တိုင်းလိုင်(ရှမ်းနီ)အမျိုးသားဖွံ့ဖြိုးတိုးတက်‌ရေးပါတီ ခေါင်းဆောင် အပါအဝင် ၄ ဦး ခန္တီးထောင်မှ ပြန်‌လွတ်‌

စစ်‌ကိုင်းတိုင်း၊ ခန္တီးအကျဉ်းထောင်မှာ  ပုဒ်‌မ ၅၀၅(က) နဲ့ ဖမ်းဆီးခံထားရတဲ့ တိုင်းလိုင် ( ရှမ်းနီ) အမျိုးသားဖွံ့ဖြိုးတိုးတက်‌ရေးပါတီ ဥက္ကဋ္ဌ ကိုစိုင်းဘိုဘိုအောင် အပါအဝင် နိုင်‌ငံ‌ရေးအကျဉ်းသား ၄ ဦး  နိုဝင်‌ဘာ ၁၇ ရက်‌‌က လွတ်‌မြောက်လာပါတယ်‌။

ဒေသခံအကျဉ်းဦးစီးဌာန ဝန်ထမ်းတဦးက “အခုမနက်‌မှာ စစ်‌‌ကောင်‌စီက လွတ်‌ငြိမ်းချမ်းသာခွင့်နဲ့ ခန္တီးကနေ အကျဉ်းသား ၄ ဦး လွှတ်‌‌ပေးလိုက်‌တယ်။ ခန္တီးက ၁‌ ယောက်‌၊ ဟုမ္မလင်းဘက်‌က ၃‌ ယောက်‌၊ စုစု‌ပေါင်း ၄ ယောက်၊ သူတို့က ၅၀၅(က) နဲ့ ဖမ်းဆီးခံရသူတွေဖြစ်‌တယ်‌”လို့ ပြောပါတယ်‌။

စိုင်းဘိုဘို‌အောင်‌ကတော့ အခုည‌နေ ၃ နာရီ‌လောက်‌မှာ အိမ်‌ပြန်‌‌ရောက်‌ပြီလို့ သူ့ရဲ့ မိတ်ဆွေသူငယ်ချင်းက ပြောပါတယ်‌။

တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ မြို့နယ်ဥက္ကဋ္ဌ စိုင်းဘိုဘိုအောင်‌ဟာ ခန္တီးမြို့က စစ်‌အာဏာရှင်‌ဆန့်ကျင်‌‌ရေး လှုပ်‌ရှားမှုမှာ ပါဝင်‌တယ်‌ဆိုပြီး စစ်‌‌ကောင်‌စီက ၂၀၂၁ ဇွန်‌ ၂၁ ရက်‌‌နေ့မှာ ဖမ်းဆီးပြီး ပုဒ်‌မ ၅၀၅(က) နဲ့‌ ထောင်‌ဒဏ်‌ ၂ နှစ်‌ ချခဲ့တာ ဖြစ်‌ပါတယ်‌။

သူဟာ ၂၀၂၀‌ ရွေး‌ကောက်‌မှာ ခန္တီးမြို့ တိုင်းလိုင်(ရှမ်းနီ)ပါတီက‌နေ အမှတ်‌ ၂ မဲဆန္ဒ‌နယ် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်‌‌ရောက်‌ယှဉ်‌ပြိုင်ခဲ့ပါတယ်။

46 seconds Ago

July 30, 2020

တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ ကိုယ်စားလှယ်လောင်း  ၄၀ ဝင်ပြိုင်မည်

တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP)အနေနဲ့  ၂၀၂၀ ရွေးကောက်ပွဲဝင်ပြိုင်မယ့်  ပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်လောင်း ၄၀ ဦး စာရင်းကို ဒီကနေ့ ဇူလိုင် ၃၀ ရက်မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ TNDP ပါတီအနေနဲ့ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ မဲဆန္ဒနယ်တွေမှာ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး အမျိုးသားလွှတ်တော်နေရာ ၉ နေရာ၊ ပြည်သူ့လွှတ်တော်နေရာ ၈ နေရာ၊ တိုင်းဒေသကြီးလွှတ်တော်နေရာ ၂၀ နဲ့ တိုင်းရင်းသားလူမျိုး ဝန်ကြီးနေရာ ၃ နေရာအတွက် ဝင်ရောက်ရွေးချယ်ခံမှာဖြစ်ပါတယ်။ တိုင်းရင်းသားရေးရာဝန်ကြီးနေရာတွေကတော့ ကချင်ပြည်နယ်လွှတ်တော်အတွက် ရှမ်းတိုင်းရင်းသားလူမျိုးနေရာတစ်နေရာနဲ့ ဗမာတိုင်းရင်းသားလူမျိုးနေရာ တစ်နေရာ၊ စစ်ကိုင်းတိုင်းလွှတ်တော်အတွက်  ရှမ်းတိုင်းရင်းသားလူမျိုးနေရာ တစ်နေရာတို့ဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေထဲမှာတော့ အမျိုးသမီးကိုယ်စားလှယ်လောင်း ၁၂ ရာခိုင်နှုန်း၊ အသက် ၃၅ နှစ်အောက်လူငယ် ၃၂ ရာခိုင်နှုန်းကျော်ပါဝင်ပြီးကျန်တဲ့ ကိုယ်စားလှယ်လောင်းတွေကတော့ အသက် ၃၅ နှစ်အထက်တွေဖြစ်ပါတယ်။ ပါတီရဲ့ နိုင်ငံရေးရည်ရွယ်ချက်မှာ ရှမ်းနီလူမျိုးအမည်မှန်ပေါ်ပေါက်ရေးကို လွှတ်တော်ထဲ တင်ပြရေး၊ မိမိလူမျိုးအမည်ပေါ်ပေါက်မှာ မိမိဒေသတွင်းမှာ ကိုယ်တိုင်စီမံခန့်ခွဲပိုင်ခွင့်တွေရတဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်ရရေးတို့ ဖြစ်တယ်လို့  ဦးစိုင်းဌေးအောင်က ဒီဗွီဘီကို ပြောထားပါတယ်။  တိုင်းလိုင်(ရှမ်းနီ)အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီမှာ လက်ရှိပါတီဝင်ဦးရေ ခန့်မှန်းခြေ ၃၈၀၀၀  ကျော်ရှိပြီး ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးနေရာ ၁ နေရာနဲ့ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ၁ နေရာ အနိုင် ရရှိခဲ့ပါတယ်။ ဓာတ်ပုံ- TNDP
2 years Ago
Up