close

တိုမီယာဆု

close

September 1, 2021

တိုမီယာဆုကို နည်းစနစ်ပိုင်း ထူးချွန်ပြီး နေရာစုံရတဲ့ကစားသမားဟု အာတီတာ ချီးကျူး

အပြောင်းအရွှေ့ကာလ နောက်ဆုံးနေ့မှာ ခေါ်ယူလိုက်တဲ့ ဂျပန်နောက်ခံလူ တိုမီယာဆုဟာ နည်းစနစ်ပိုင်း ထူးချွန်ပြီး နေရာစုံရတဲ့ ကစားသမားဖြစ်တယ်လို့ အာဆင်နယ်နည်းပြ အာတီတာက ချီးကျူးပါတယ်။

အာဆင်နယ်အသင်းဟာ ဘယ်လာရင်ကို စပိန်ကလပ် ရီးရဲလ်ဘက်တစ်အသင်းဆီ အငှားချခဲ့ပြီးနောက် အီတလီကလပ် ဘိုလော့ညာအသင်းက ဂျပန်နောက်ခံလူ တာကီဟီရို တိုမီယာဆုကို ပေါင် သန်း ၂၀ ဝန်းကျင်နဲ့ ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

“တိုမီယာဆုက စီးရီးအေနဲ့ နိုင်ငံတကာ အတွေ့အကြုံတွေရှိတဲ့ ခံစစ်မှူးတစ်ယောက် ဖြစ်ပြီး ခံစစ်အရည်အသွေးကောင်းတွေနဲ့အတူ စွယ်စုံရတဲ့သူတစ်ဦး ဖြစ်ပါတယ်။ ပြီးတော့ နည်းစနစ်ပိုင်း စွမ်းဆောင်ရည် မြင့်မားပြီး ဘောလုံးနဲ့ အတူလည်း ကောင်းကောင်းကစားနိုင်သူ ဖြစ်တယ်။ သူက ကျနော်တို့အသင်းရဲ့ အရေးပါတဲ့သူတစ်ဦး ဖြစ်လာမှာ ဖြစ်ပြီး နိုင်ငံတကာပွဲတွေအပြီးမှာ အသင်းနဲ့ ပူးပေါင်းမှာ ဖြစ်ပါတယ်” လို့ နည်းပြအာတီတာက ပြောပါတယ်။

နည်းစနစ်ဒါရိုက်တာ အီဒူးကလည်း တီုမီယာဆုကို သေချာစောင့်ကြည့်ပြီးမှ ခေါ်ယူခဲ့တာဖြစ်ပြီး အသင်းလူစာရင်းမှာ အရေးပါတဲ့သူ ဖြစ်လာလိမ့်မယ်လို့ ချီးကျူးသွားခဲ့ပါတယ်။

အသက် ၂၂ နှစ်ရှိ တိုမီယာဆုဟာ ညာနောက်ခံလူနေရာနဲ့ ဗဟိုခံစစ်မှူး နေရာတွေအပြင် ကွင်းလယ်ခံစစ်နဲ့ ဘယ်နောက်ခံလူ နေရာတွေမှာလည်း ကစားခဲ့ဖူးပါတယ်။

14 hours Ago
Up