close

တိုးဂိတ်

close

October 29, 2022

ရန်ကုန်-မန္တလေးလမ်း တိုးဂိတ်များ ည ၁၀ နာရီကျော် ဖြတ်သန်းခွင့်မပြုသဖြင့် ယာဉ်များ အခက်ကြုံ

ရန်ကုန်-မန္တလေး အမြန်လမ်းက တိုးဂိတ်တွေမှာ ယာဥ်တွေကို ညဆယ်နာရီနောက်ပိုင်း ဖြတ်သန်းသွားလာခွင့်မပေးလို့ အခက်အခဲနဲ့ ရင်ဆိုင်နေရတယ်လို့ ကုန်တင်ယာဥ်မောင်းတွေက ပြောပါတယ်။

စစ်ကောင်စီက ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်ရှိ တိုးဂိတ်တွေကို ညဆယ်နေရီနောက်ပိုင်း ဖြတ်သန်းသွားလာခွင့်မပြုတဲ့အပြင် တိုးဂိတ် ပတ်ဝန်းကျင်မှာ ညအိပ်တာတွေမလုပ်ရတာကြောင့် အခက်အခဲ တွေ့ရတယ်လို့ ယာဥ်မောင်းတဦးက ဒီဗွီဘီကို ပြောပါတယ်။

"လမ်းမှာစစ်ဆေးတာကကြာ စစ်တပ်ပေးရတာတမျိုး၊ ရဲပေးရတာတမျိုးနဲ့ နောက်ဆုံးတိုးဂိတ်ရောက်တော့ ဆယ်နာရီကျော်သွားရော မန္တလေး စကားအင်းတိုးဂိတ်ဆို ဆယ်နာရီ ပေးမသွားဘူး၊ ပေးမသွားအပြင် တိုးဂိတ်ပတ်ဝန်းကျင်မှာ ကားရပ်ပြီး အိပ်လို့မရဘူး၊ ယာဥ်ရပ်နားစခန်းကို ပြန်မောင်းပြီး အိပ်ရမှာ။" 

ဒါ့အပြင် ကုန်တင်ယာဥ်တွေအပြင် ခရီးသည်တင်ယာဥ်တွေကို စစ်ဆေးရေမှာလည်း မှတ်ပုံတင် ဆေးစစ်ချက် ထောက်ခံစာ၊ သယ်ဆောင်လာတဲ့ပစွည်းတွေ စစ်ဆေးတာကြောင့် အချိန်ပိုမိုကြန့်ကြာနေတာလို့ ခရီးသည်ယာဥ် မောင်းတဦးက ဒီဗွီဘီကို ပြောပါတယ်။

"စကားအင်းတိုးဂိတ်ရော၊ မိတ္တီလာက သီးကုန်းတိုးဂိတ်ရော အကုန်စစ်တာ။ ညဆယ်နာရီ ပေးမသွားဘူး ပြန်လှည့်ခိုင်းတယ်၊ ဒီနေ့လည်း တော်တော်လေး စစ်တယ်" လို့ ပြောပါတယ်။ 

ရန်ကုန်-မန္တလေး အမြန်လမ်းက တိုးဂိတ်တွေကို ညဆယ်နာရီကျော်ရင် ဖြတ်သန်းခွင့်မပြုဘူးလို့ အောက်တိုဘာ ၂၆ ရက်က စစ်ကောင်စီက ထုတ်ပြန်ပြီးနောက်ပိုင်း အခုလိုစစ်ဆေးမှုတွေ တင်းကျပ်လာတာလို့ ခရီးသွားသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

"စစ်တာလက်ခံတယ် ပိုက်ဆံမရမချင်း စစ်လို့မပြီးတာတော့ အဆင်မပြေဘူး။ ခရီးသွားမဲ့သူတွေ မှတ်ပုံတင် ဆေးစစ်ချက် ထောက်ခံစာထည့်ခဲ့လို့ မှာချင်တယ်။ နို့မို့ဆို ကိုယ်ကြောင့်နဲ့ အ အခြားသူတွေပါ ဒုက္ခရောက်တယ်။" 

လတ်တလောယာဥ်မောင်းတွေမှာ ည ဆယ်နာရီကျော်ပါက တိုးဂိတ်အနီးပတ်ဝန်းကျင်ဧရိယာအတွင်း ညအိပ်ခွင့်မရဘဲ  ယာဉ်ရပ်နားစခန်းများဖြစ်တဲ့ ၃၉ မိုင်၊ ၁၁၅ မိုင်၊ မိုင် ၂၀၀ နဲ့ ၂၈၅ မိုင်မှာသာ ညအိပ်ရပ်နားရတယ်လို့ ပို့ ဆာင်ရေးနဲ့နီးစပ်သူတဦးက ဒီဗွီဘီ ကို ပြောပါတယ်။ 

"လတ်တလောထုတ်ပြန်ထားတာ စကားအင်းတိုးဂိတ်နဲ့ သီးကုန်းတိုးဂိတ်ပဲ ညဆယ်နာရီမဖြတ်ရတာပါ၊ တိုးဂိတ်နားမှာ မအိပ်ခိုင်းတာလည်းမှန်ပါတယ်။" 

ရန်ကုန်- မန္တလေး စကားအင်းတိုးဂိတ်နဲ့မိတ္တီလာ သီးကုန်းတိုးဂိတ်ကို  ယခင်က ည ၁၂ နာရီအထိ ဖြတ်သန်းသွားလာခွင့်ပြုထားရာမှ အခုအခါ ည ၁၀ နာရီအထိသာ ဖြတ်သန်းသွားလာခွင့် ပြုတော့မှာလို့ အောက်တိုဘာ ၂၆ရ က်က စစ်ကောင်စီက ညွှန်ကြားခဲ့တာဖြစ်ပါတယ်။

9 hours Ago

February 2, 2022

မြင်းမူမြို့ အဝင်တိုးဂိတ် ဖောက်ခွဲခံရ

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ် မုံရွာ-မန္တလေးသွား လမ်းပိုင်းမှာ လမ်းအသုံးပြုခ ကောက်ခံနေတဲ့ စစ်ကောင်စီလက်အောက်ခံ တိုးဂိတ်တစ်ခုကို  ဖေဖော်ဝါရီ ၁ ရက် ည ၁၂ နာရီလောက်က  ဖောက်ခွဲဖျက်ဆီးခဲ့တယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ဖောက်ခွဲမှုကြောင့် တိုးဂိတ်မှာရှိတဲ့ ငွေကောက်ခံတဲ့နေရာတခုလုံး မှန်တွေကွဲကာ ပျက်စီးသွားသလို တိုးဂိတ် ပင်မအဆောက်အဦရဲ့ မျက်နှာကြက်တွေလည်း ပျက်စီးသွားပြီး လမ်းပေါ်မှာ အပျက်အစီး အပိုင်းအစတွေကို မြင်တွေ့ရပါတယ်။ 

တိုးဂိတ်လုံခြုံရေးတွေ အပါအဝင် ၅ ယောက် ၆ ယောက်လောက်လည်း ထိခိုက် ဒဏ်ရာရသွားကာ ဒဏ်ရာအခြေအနေတော့  မစိုးရိမ်ရဘူးလို့ ဖောက်ခွဲရာမှာ ပါဝင်တဲ့  မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့  CDSOM အဖွဲ့မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

ဒါပေမဲ့ လူတွေထိခိုက် သေဆုံးမှု ရှိမရှိအခြေအနေကိုတော့ ဒီဗွီဘီက အတိအကျ အတည်ပြုလို့ ရသေးပါဘူး။ 

စစ်ကောင်စီတပ်က မြင်းမူမြို့နယ်အတွင်းက ကျေးရွာတစ်ရွာကို လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်တာကြောင့် အခုလို လက်တုံ့ပြန် တိုက်ခိုက်ရတာဖြစ်တယ်လို့ မြင်းမူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြတယ်။

အဲဒီမြင်းမူတိုးဂိတ်ကို မိုင်း ၆ လုံးအသုံးပြုပြီး ဖောက်ခွဲခဲ့ကာ စစ်ကောင်စီရဲ့အာဏာသိမ်းခံရတာ တစ်နှစ်ပတ်လည်နေ့  ပြည်သူတွေရဲ့ Silent Strike အောင်မြင်မှုကို ဂုဏ်ပြုတာလည်းဖြစ်တယ်လို့ ဖောက်ခွဲခဲ့တဲ့အဖွဲ့ကဆိုပါတယ်။

တိုးဂိတ်ကို People's Defence Force Myinmu (MMUPDF)ကနေဦးဆောင်ပြီး Black Eagle Defence Force -MMU ၊ မြင်းမူလျှပ်စီးပြောက်ကျားအဖွဲ့၊ MyinMU Defence Force ၊ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ - CDSOM တို့က ပူးပေါင်းပါဝင်ဖောက်ခွဲခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

9 months Ago
Up