close

တိုးမြှင့်ထုတ်လုပ်

close

July 18, 2021

ကိုဗစ်-၁၉ ကာကွယ်ဆေးတိုးမြှင့်ထုတ်လုပ်ရန် APEC ခေါင်းဆောင်များ ကတိပြု

ကမ္ဘာ့ကပ်ရောဂါဘေးကို တိုက်ဖျက်ရေး ကိုဗစ်-၁၉ ကာကွယ်ဆေး ထုတ်လုပ် မျှဝေတာတွေ တိုးလုပ်ဖို့ အာရှပစိဖိတ်ကုန်သွယ်ရေးအုပ်စု APEC အဖွဲ့ခေါင်းဆောင်တွေ ဇူလိုင် ၁၆ ရက်က ကတိပြုခဲ့ကြပါတယ်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၊ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ရုရှသမ္မတ ဗလာဒီမီယာ ပူတင်တို့အပါအဝင် ခေါင်းဆောင်တွေဟာ ဒယ်လ်တာ ကိုရိုနာဗိုင်းရပ်စ် ဗီဇမျိုးကွဲကြောင့် ပိုဆိုးရွားလာနေတဲ့ ကူးစက်မှုတွေကို လျော့ပါးအောင် ရုန်းကန်နေဆဲပါ။

အပြန်အလှန် သဘောတူညီထားတဲ့ စည်းကမ်းချက်တွေနဲ့အညီ ကာကွယ်ဆေး ထုတ်လုပ်ရေးနည်းပညာတွေကို လိုလိုလားလား လွှဲပြောင်းပေးဖို့ အားပေးမယ်လို့လည်း ခေါင်းဆောင်တွေက ပြောပါတယ်။ 

ကူးစက်မှု လှိုင်းတွေကို ခံနေရတဲ့ နေရာတွေမှာ ကာကွယ်ဆေးတွေကို မျှပေးဖို့ အားပေးရေး ဆက်လုပ်သွားဖို့ လိုအပ်တယ်လို့ နယူးဇီလန်ဝန်ကြီးချုပ် ဂျာစင်ဒါ အာဒန်က အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

 APEC ခေါင်းဆောင်တွေဟာ ကိုဗစ်-၁၉ ကပ်ဘေးနဲ့ ကပ်ဘေးသင့် စီးပွားရေးအတွင်း လမ်းကြောင်းရှာဖို့ တစုတစည်းတည်း အရေးယူ ဆောင်ရွက်ရေး အွန်လိုင်းပေါ်ကနေ တွေ့ဆုံ ဆွေးနွေးခဲ့ကြတာလည်း ဖြစ်ပါတယ်။

58 seconds Ago
Up