close

တိုးလာ

close

February 21, 2023

မြန်မာနှင့် ပြည်ပနိုင်ငံများအကြား ပင်လယ်ရေကြောင်းကုန်သွယ်မှု ယမန်နှစ်ကထက် တိုးလာ

မြန်မာနဲ့ ပြည်ပနိုင်ငံတွေအကြား ပင်လယ်ရေကြောင်းကတဆင့် အပြန်အလှန်ကုန်သွယ်မှုဟာ အခုဘဏ္ဍာရေးနှစ် ၁၀ လတာ ကာလအတွင်းမှာ ကုန်သွယ်မှုပမာဏငွေ အမေရိကန်ဒေါ်လာ ၂၂ ဒသမ ၂၄ ဘီလီယံ ရရှိထားတာကြောင့် ကာလတူ ပြီးခဲ့တဲ့ဘဏ္ဍာရေးနှစ်နဲ့ နှိုင်းယှဉ်ရင် ၁၉ ဒသမ ၄ ရာခိုင်နှုန်း မြှင့်တက်မှု ရှိလာတယ်လို့ စစ်ကောင်စီ လက်အောက်ခံ စီးပွားကူးသန်းဝန်ကြီး ဌာနက ဆိုပါတယ်။

ဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကိန်းဂဏန်းအချက်အလက်တွေအရ ၂၀၂၂ ခုနှစ် ဧပြီ မှ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်အထိ လပေါင်း ၁၀လတာ ကာလအတွင်းမှာ  မြန်မာနိုင်ငံအနေနဲ့ ပင်လယ်ရေကြောင်းကတဆင့် ပို့ကုန်တင်ပို့မှု ပမာဏဟာ အမေရိကန်ဒေါ်လာ ၉ ဒသမ ၂၂ ဘီလီယံ ရှိတာကြောင့် ပြီးခဲ့တဲ့နှစ် ကာလတူအခြေအနေနဲ့ယှဉ်ရင် ၁၀ ဒသမ ၂ ရာခိုင်နှုန်း တိုးတက်မှု ရှိပါတယ်။

အလားတူ ပင်လယ်ရေကြောင်းကတဆင့် သွင်းကုန် တင်သွင်းမှု ပမာဏကလည်း အမေရိကန်ဒေါ်လာ ၁၃ ဘီလီယံ စွန်းစွန်း ရှိတာကြောင့် ပြီးခဲ့တဲ့နှစ် ကာလတူ အခြေအနေနဲ့ယှဉ်ရင် ၂၆ ဒသမ ၉ ရာခိုင်နှုန်း မြှင့်တက်မှု ရှိလာပါတယ်။

ဒါကြောင့် လက်ရှိဘဏ္ဍာရေးနှစ် ၁၀လတာ ကာလအတွင်းမှာ ပင်လယ်ရေကြောင်းကတဆင့် မြန်မာ နဲ့ ပြည်ပနိုင်ငံတွေအကြား အပြန်အလှန် ကုန်သွယ်မှုကို နှိုင်းယှဉ်တဲ့အခါ သွင်းကုန်တန်ဖိုးက အမေရိကန်ဒေါ်လာ ၁၃ ဘီလီယံ ရှိပြီး ပို့ကုန်ဝင်ငွေက အမေရိကန်ဒေါ်လာ ၉ ဘီလီယံသာ ရှိတာကြောင့် ကုန်သွယ်မှု လိုငွေ အမေရိကန်ဒေါ်လာ ၄ ဘီလီယံ လိုနေတာ တွေ့ရပါတယ်။

ဒါပေမဲ့စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြီးခဲ့တဲ့ အရပ်သားအစိုးရလက်ထက်မှာ မြန်မာနိုင်ငံက နှစ်စဉ် ကုန်သွယ်မှု လိုငွေပြခဲ့ပြီး သူအာဏာသိမ်းထားတဲ့ကာလမှာတော့ ကုန်သွယ်မှု ပိုငွေ ရရှိထားတယ်လို့ မကြာခဏ ပြောဆိုလေ့ ရှိတာပါ။

စစ်ခေါင်းဆောင်ပြောသလို မြန်မာနိုင်ငံအနေနဲ့ ကုန်သွယ်မှုမှာ ပိုငွေ ရထားတယ်ဆိုတဲ့ အချက်ဟာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ အခြေအနေတော့ မဟုတ်ဘူးလို့ စီးပွားရေးသုတေသီတွေက သုံးသပ်ပြောပါတယ်။

စီးပွားရေးနဲ့မူဝါဒရေးရာ သုတေသီတဦးက “ကျနော်တို့ မြန်မာနိုင်ငံလို ဖွံ့ဖြိုးဆဲတိုင်းပြည်က များသောအားဖြင့် သွင်းကုန်က အမြဲလိုနေတာ။ ဘာကြောင့်လဲဆိုရင် မရှိမဖြစ် သွင်းရတဲ့ အရေးကြီး ပစ္စည်းတွေက သွင်းဖို့လိုတယ်နော်။ ဖွံ့ဖြိုးဆဲတိုင်းပြည် တွေမှာ လိုအပ်တဲ့ ကုန်ကြမ်း စက်ကိရိယာအကုန်လုံးက ပြည်ပကနေ တင်သွင်းရတာ။ ဘာလို့လဲဆို ကိုယ့်နိုင်ငံက ဘာမှ မရှိဘူးလေ။ အဲ့လို သွင်းနေရတဲ့ အချိန်မှာ ကုန်သွယ်မှုက အနုတ်လက္ခဏပြမှာပဲ။ ဒါက ဖွံ့ဖြိုးဆဲတိုင်းပြည်တွေ အကုန်လုံးပဲ  အနုတ်လက္ခဏာပြတာ။ ဒါပေမဲ့ ပြတဲ့ အနုတ်လက္ခဏာက တိုင်းပြည်ရဲ့စုစုပေါင်းထုတ်လုပ်မှုတန်ဖိုး(GDP)ရဲ့ ၅ ရာခိုင်နှုန်းပဲ ရှိရမယ်ဆိုပြီး စီးပွားရေးသီအိုရီအရ ကန့်သတ်ထားတာရှိတယ်။ ဒီပမာဏဆိုရင် တိုင်းပြည်ရဲ့စီးပွားရေး အပေါ် ထိခိုက်မှု သိပ်မရှိဘူးလို့ ဆိုနိုင်တယ်။ ဒါပေမဲ့ သွင်းတာ အရမ်းများသွားလို့ GDP ရဲ့ ၁၀ ရာခိုင်နှုန်းအထိ ရှိတယ်ဆိုရင် တိုင်းပြည်ရဲ့ စီးပွားရေးက ပျက်တတ်တယ်။ ဒါက သီအိုရီအရ ပြောတာနော်” လို့ ဒီဗွီဘီကို ပြောပါတယ်။

အခု ၂၀၂၂-၂၃ ဘဏ္ဍာရေးနှစ် ၁၀လတာ ကာလအတွင်းမှာ ပင်လယ်ရေကြောင်း အပါအဝင် နယ်စပ်လမ်းကြောင်း တို့ကတဆင့် မြန်မာနဲ့ ပြည်ပနိုင်ငံတွေအကြား အပြန်အလှန် ကုန်သွယ်မှုက အမေရိကန်ဒေါ်လာ ၂၉ ဒသမ ၃ ဘီလီယံ ရရှိထားတဲ့အနက် နယ်စပ်ကုန်သွယ်မှုက အမေရိကန်ဒေါ်လာ ၇ ဒသမ ၉ ဘီလီယံ ရရှိထားပါတယ်။

Photo- မြန်မာ့ဆိပ်ကမ်းအာဏာပိုင်

4 mins Ago

January 9, 2021

ရွှေတိဂုံစေတီတော်အလှူဝင်ငွေ ၅ နှစ်အတွင်း ကျပ်သန်းပေါင်း ၃၆,၀၀၀ ကျော် တိုးလာ

ရွှေတိဂုံစေတီတော်ရဲ့ အလှူဝင်ငွေဟာ ၅ နှစ်အတွင်းမှာ ကျပ်သန်းပေါင်း ၃၆,၀၀၀ ကျော် တိုးလာတယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုက ပြောပါတယ်။

သာသနာရေးနဲ့ယဉ်ကျေးမှုဝန်ကြီးဌာနရဲ့ ၂၀၁၆-၂၁ ခုနှစ် ၅ နှစ်အတွင်းလုပ်ဆောင်ချက်တွေနဲ့ ပတ်သက်လို့ ရှင်းပြရာမှာ ပြောခဲ့တာပါ။

ကန်ထရိုက်စနစ်ကို ဖျက်သိမ်းပြီး အလှူခံပုံးချတဲ့စနစ်ကို ကျင့်သုံးခဲ့ပြီးနောက် အလှူငွေတိုးလာတယ်လို့ ဆိုပါတယ်။

စေတီတော်မှာ ပိုကောင်းအောင်၊ ပိုလုံခြုံအောင်၊ အဆင့်မြင့်အောင်တည်ဆောက်နေပေမယ့် ရန်ပုံငွေက ကုန်မသွားဘဲ တိုးတိုးလာတယ်လို့ ဆိုပါတယ်။

“တဖက်က အလေအလွင့်မရှိအောင် ထိန်းသိမ်းလိုက်တဲ့အခါမှာ စေတီတော်မြတ်ကြီးရဲ့ ဘဏ္ဍာတော်ငွေက ကျနော်တို့ စတင်လက်ခံဆောင်ရွက်တုန်းက ၅၈ ဘီလီယံလောက် ရှိပါတယ်။ နောက် ၂၀၁၇ ခုနှစ်မှာ ၆၅ ဘီလီယံ လောက်အထိ တက်ပါတယ်။ ၂၀၁၈ မှာ ၇၃ ဒသမ ၉၆ ဘီလီယံလောက် ရှိပါတယ်။ နောက် ၂၀၁၉ ခုနှစ်မှာ ၈၉ ဒသမ ၈၇ ဘီလီယံ ဖြစ်ပါတယ်။ ၂၀၂၀ အောက်တိုဘာလအထိ ၉၄ ဒသမ ၁၂ ဘီလီယံ အထိ တက်လာခဲ့ပါတယ်။ ဒါကျပ်ငွေ တခုပဲ ရှိပါသေးတယ်။ အမေရိကန်ဒေါ်လာလည်း ဘာပြောပြော သန်း ၂၀ လောက် နီးပါးရှိနေပါသေးတယ်။ ကျန်တဲ့ငွေတွေလည်း ရှိနေပါသေးတယ်။”

ဖိနပ်အပ်တဲ့လုပ်ငန်းကိုလည်း ကန်ထရိုက်မပေးတော့ဘဲ ဝန်ထမ်းက ဝန်ဆောင်မှုပေးပြီး အလှူထည့်နိုင်တဲ့ ပုံစံမျိုး လုပ်ထားကာ အရင် ကန်ထရိုက်လုပ်ငန်းတုန်းကထက် ၁၀ ဆမက ပိုရတယ်လို့ ဆိုပါတယ်။

ဝန်ကြီး သူရဦးအောင်ကိုက “ဟိုတုန်းက တနှစ်လုံးရတဲ့ လေလံကြေးက သိန်း ၅၀၀ မကျော်ပါဘူး။ အခု ကန်ထရိုက်စနစ် ဖြုတ်ပြီးမှ သော့ခတ်ပြီးမှ အလှူခံပုံးချတဲ့စနစ် ကျင့်သုံးလိုက်တဲ့အခါကျတော့ သိန်း ၅၀၀ က တနှစ် တနှစ်မှာပေါ့လေ။ ဝါဆိုလပြည့်နေ့တို့၊ သီတင်းကျွတ်လပြည့်နေ့တို့၊ တန်ဆောင်မုန်းလပြည့်တို့၊ အခါကြီးနေ့ကြီး ၃ ရက်နဲ့ကို သိန်း ၅၀၀ မက ရပါတယ်။ အခုကျတော့ ငွေပမာဏသည် အဆ ၁၀၀ မက တက်သွားပါတယ်။ ကျန်တဲ့လုပ်ငန်းတွေမှာလည်းပဲ အဲဒီအတိုင်းပါပဲ” လို့ ပြောပါတယ်။

စေတီတော် ရင်ပြင်တခုလုံးမှာ စကျင်ကျောက်ပြားတွေ အစားထိုး လဲလှယ်ခဲ့တယ်လို့လည်း သူက ဆိုပါတယ်။

အရင်ကကပ်လေ့ရှိတဲ့ ရွှေသင်္ကန်းတွေဟာ ရန်ကုန် ရာသီဥတုကြောင့် ၅ နှစ်ပဲခံပြီး ရွှေသင်္ကန်းကပ်ဖို့ ငြမ်းဆင်ခချည်းပဲ ကျပ်သိန်း ၁၅၀၀ လောက်ကုန်ကျတယ်လို့ ပြောပါတယ်။

အဲဒီက ရွှေမိုက်ထုတ်တဲ့အခါမှာလည်း ၃၀ ရာခိုင်နှုန်းလောက်ပဲ ပြန်ရပြီး ကျန်တဲ့ရွှေတွေကတော့ မိုးလေကြောင့် ဆုံးရှုံးသွားလေ့ရှိတာကြောင့် ရာသီဥတုဒဏ်ခံနိုင်တဲ့ရွှေပြားတွေ ထုတ်လုပ်နိုင်ဖို့ ဂျပန်နိုင်ငံက တင်သွင်းလာတဲ့ ရွှေပြားကြိတ်စက်တခုကို တောင်ဘက်မုခ်နားမှာ တည်ဆောက်ပြီး အဲဒီကနေ ရွှေပြားတွေ ထုတ်လုပ်နေပြီလို့လည်း ပြောပါတယ်။

2 years Ago
Up