မန်ချက်စတာယူနိုက်တက်အသင်းဟာ စပိန်ကလပ် အက်သလက်တီကိုမက်ဒရစ်ရဲ့ ဂိုးသမား ဂျန်အိုဘလိတ်ခ်ကိုခေါ်ယူဖို့ အခွင့်အရေးကောင်းမွန်နေပါတယ်။
လက်ရှိအသင်းရဲ့ဂိုးသမား ဒီဂီယာဟာ စာချုပ်သက်တမ်းနောက်ဆုံးနှစ်ကို ရောက်ရှိနေတာကြောင့် အသင်းကနေ ထွက်ခွါဖို့သတင်းထွက်နေတာပါ။
ဒီဂီယာနေရာကို အစားထိုးအတွက် တီကိုအသင်းရဲ့ ဆလိုဗေးနီးယားဂိုးသမား အိုဘလိတ်ခ်ကိုခေါ်ယူဖို့ မန်ယူနိုက်တက်က ပစ်မှတ်ထားနေတာပါ။
တီကိုအသင်းဟာလည်း အိုဘလိတ်ခ်ထွက်ခွာမယ်ဆိုရင် အက်စ်တန်ဗီလာဂိုးသမား မာတီနက်ဇ်နဲ့ အစားထိုး ဖို့စီစဉ်နေတယ်လို့ Mirror သတင်းမှာဖော်ပြပါတယ်။
အသက် ၂၉ နှစ်ရှိ အိုဘလိတ်ဟာ ၂၀၁၄ ခုနှစ်ကတည်း စပိန်ကလပ်ကိုရောက်ရှိနေတာဖြစ်ပြီး ပွဲပေါင်း ၃၆၀ ကျော်ကစားထားပါတယ်။