close

တီမိုဗာနာ

close

August 10, 2022

စတမ်းဖို့ဒ်ဘရစ်ချ်တွင် နောက်တကြိမ်ပြန်ကစားချင်ဟု တီမိုဗာနာဖွင့်ဟ

ချဲလ်ဆီးအသင်းရဲ့ အိမ်ကွင်း စတမ်းဖို့ဒ်ဘရစ်ချ်မှာ နောက်ထပ်တကြိမ် ပြန်လာကစားချင်ကြောင်း တိုက်စစ်မှူး တီမိုဗာနာက ပြောပါတယ်။

ဂျာမနီတိုက်စစ်မှူးဟာ ချဲလ်ဆီးမှာ ၂ နှစ်ကြာ ကစားပြီးနောက် အသင်းဟောင်း လိုက်ဇစ်အသင်းဆီကို ပေါင် ၂၅ သန်းနဲ့ ပြန်လည်ပြောင်းရွှေ့သွားခဲ့တာပါ။

ချဲလ်ဆီးပရိသတ်တွေအတွက် ရေးသားတဲ့ နှုတ်ဆက်စာမှာတော့ ထူးခြားတဲ့ကလပ်အသင်းမှာ ခမ်းနားကြီးကျယ်တဲ့ အောင်မြင်မှုတွေ ရယူနိုင်ခဲ့ကြောင်း၊ ချန်ပီယံလိဂ်ဆုဖလား အတူရယူနိုင်ခဲ့တာနဲ့ ပရိသတ်တွေက ရေးပေးတဲ့ သီချင်းကို အမြဲတမ်း အမှတ်ရနေမှာဖြစ်ကြောင်း၊ စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းဆီ ပြန်လာကစားနိုင်ဖို့ မျှော်လင့်ကြောင်း တီမိုဗာနာက ပြောပါတယ်။

ဗာနာဟာ ချဲလ်ဆီးနဲ့ ၂ ရာသီကြာကာလအတွင်းမှာ စုစုပေါင်း ၈၉ ပွဲကစားခဲ့ပြီး ၂၃ ဂိုး သွင်းယူခဲ့ပါတယ်။

11 mins Ago
Up