တရုတ်နိုင်ငံ တီယန်ကျင့် ဆိပ်ကမ်းမြို့မှာ ဇန်နဝါရီ ၁၃ ရက်က ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်မှု တိုးလာတယ်လို့ သိရပါတယ်။
ကူးစက်နှုန်းမြင့်မားတဲ့ အိုမီခရွန် ဗီဇမျိုးကွဲက တရုတ်ရဲ့ တခြားမြို့ကို ကူးစက်နေလို့ ထိန်းချုပ်နိုင်ဖို့ ပိုတိုးကြိုးစားနေပါတယ်။
ဒေသတွင်းကူးစက်မှုကို အမြန်ထိန်းချုပ်ဖို့ တရုတ်အစိုးရရဲ့ ဗျူဟာအတွက် အိုမီခရွန်က စိန်ခေါ်ချက် အသစ်ဖြစ်နေတာပါ။
ဒီလကုန်ပိုင်းမှာ စတင်မယ့် တရုတ်နှစ်သစ်ကူး အားလပ်ရက်ခရီးစဉ်နဲ့ ဖေဖော်ဝါရီ ၄ ရက်မှာ စတင်မယ့် ဆောင်းရာသီ အိုလံပစ်ပွဲတော်တို့အတွက် ထပ်တိုး အရေးပေါ် ချဉ်းကပ်မှု တရပ်လည်း ဖြစ်ပါတယ်။
တရုတ်မြို့တော် ပေကျင်းရဲ့ အမြောက်ဘက် ၆၂ မိုင်အကွာမှာ ရှိတဲ့ တီယန်ကျင့်မြို့ မှာ ဗုဒ္ဓဟူးနေ့ တရက်တည်းမှာ ဒေသတွင်း အတည်ပြုထားတဲ့ ရောဂါလက္ခဏာပြတဲ့ ကူးစက်ခံဦးရေ ၄၁ ဦးကို တွေ့ထားတယ်လို့ ကြေညာထားတာပါ။
ဒါဟာ အရင်နေ့က တရက်အတွင်း အသစ်ကူးစက်ခံဦးရေ ၃၃ ဦးကနေ မြင့်တက်ခဲ့တာလို့ တရုတ် အမျိုးသားကျန်းမာရေးကော်မရှင်က ဇန်နဝါရီ ၁၃ ရက်နေ့ ထုတ်ပြန်ထားပါတယ်။
တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း တာ့လျန်မြို့မှာလည်း တီယန်ကျင့်မြို့ကနေ ရောက်လာတဲ့ လူတယောက်မှာ အိုမီခရွန် ဗီဇမျိုးကွဲ ကူးစက်ခံရထားတယ်လို့ တရုတ်အစိုးရရုပ်သံက ဖော်ပြခဲ့ပါတယ်။