close

တူနီးရှားနိုင်ငံရေး

close

February 16, 2023

တူနီးရှားနိုင်ငံတွင်း အဖမ်းအဆီးများကြောင့် အမေရိကန်က စိုးရိမ်ဟုပြော

တူနီးရှားနိုင်ငံမှာ နိုင်ငံရေးလောက အထင်ကရပုဂ္ဂိုလ်တွေ၊ စီးပွားရေး ခေါင်းဆောင်တွေနဲ့ သတင်းထောက်တွေ လတ်တလောနေ့တွေအတွင်း အဖမ်းခံနေရတယ်ဆိုတဲ့ အစီရင်ခံစာတွေကြောင့် အမေရိကန်အစိုးရက နက်နက်ရှိုင်းရှိုင်း စိုးရိမ်မိတယ်လို့ အမေရိကန် အစိုးရ ပြောခွင့်ရ နဒ် ပရိုက်စ်က ဖေဖော်ဝါရီ ၁၅ ရက်မှာ ပြောလိုက်ပါတယ်။

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ လူ့အခွင့်အရေးကို ပံ့ပိုးဖို့ တူနီးရှားအစိုးရ အလွှာအားလုံးနဲ့ အမေရိကန်အစိုးရက ထိတွေ့ ဆက်သွယ်ခဲ့တယ်လို့လည်း ပရိုက်စ်က ပြောပါတယ်။

လတ်တလောနေ့တွေမှာ တူနီးရှားရဲတွေက ထင်ရှားတဲ့ နိုင်ငံရေးသမားတွေ၊ တရားသူကြီး ၂ ဦး၊ တူနီးရှားရဲ့ အဓိက လွတ်လပ်တဲ့ သတင်းဌာန အကြီးအကဲနဲ့ အကြီးတန်း အလုပ်သမားသမဂ္ဂ အရာရှိတဦး အပါအဝင် သမ္မတကို ဝေဖန်သူတွေ၊ အတိုက်အခံတွေနဲ့ ပတ်သက်နေတဲ့ ခေါင်းဆောင်တွေကို ဖမ်းဆီးခဲ့ပါတယ်။

ညှိုနှိုင်းဆောင်ရွက် ဖမ်းဆီးတာတွေကြောင့် ပိုကျယ်ပြန့်တဲ့ နှိမ်နင်းမှုတွေကို စိုးရိမ်နေပြီး ဖမ်းဆီးခံတွေကို ချက်ချင်းလွှတ်ပေးဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက ဆော်ဩခဲ့ပါတယ်။

12 hours Ago
Up