close

တူနီးရှားပြည်သူ

close

July 23, 2022

သမ္မတ အာဏာတိုးလာမည့် ဥပဒေကြမ်းကို တူနီးရှားပြည်သူများ ဆန္ဒပြ

တူနီးရှားနိုင်ငံမှာ သမ္မတကို အာဏာတိုးပေးမယ့် ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းကို ပြည်သူတွေက ကန့်ကွက်ဆန္ဒပြနေကြပါတယ်။ 

ဇူလိုင် ၂၂ ရက်က ဆန္ဒပြသမားတွေဟာ ပြည်ထဲရေးဝန်ကြီးဌာနဆီကို ဦးတည်ချီတက်စဉ်မှာ ရဲတပ်ဖွဲ့ မျက်ရည်ယိုဗုံးတွေ၊ ငရုပ်ကောင်းရည်တွေ၊ နံပါတ်တုတ်တွေကို သုံးပြီး တားဆီး လူစုခွဲခဲ့ပါတယ်။ 

ဆန္ဒပြပွဲကို ဦးဆောင်သူတွေထဲမှာ နိုင်ငံရေးပါတီက ခေါင်းဆောင်တွေ၊ အရပ်ဖက် အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ ပါဝင်ပါတယ်။ 

“ အာဏာရှင် ဖွဲ့စည်းပုံ အလိုမရှိ၊ လွတ်လပ်ခွင့် ချက်ချင်ပေး၊ ပုလိပ် နိုင်ငံတော်ကို ချက်ချင်းရပ်” ကြွေးကြော်သံတွေနဲ့ တူးနစ်မြို့လယ်က ရင်ပြင်မှာ စုရုံးပြီး ချီတက်ကြတာပါ။ 

တူနီးရှားသမ္မတ ကိုင်ဆာယိဒ်က ၂၀၁၄ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြန်လည်ရေးဆွဲပြီး ဆန္ဒခံယူပွဲ ကျင်းပဖို့ ပြင်ဆင်နေပါတယ်။  ဆန္ဒခံယူပွဲကို  ပါတီတွေက သပိတ်မှောက်မယ်လို့ ကြေညာထားပါတယ်။ 

သမ္မတ ဆာယိဒ်ဟာ မနှစ်က ဝန်ကြီးချုပ်ကို ရာထူးကနေ အနားပေးလိုက်ကတည်းက နိုင်ငံရေး အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတာပါ။ 

လွှတ်တော်ကိုလည်း ရပ်ဆိုင်းထားပြီး ဥပဒေကဲ့သို့ အာဏာတည်တဲ့အမိန့်တွေ ထုတ်ပြန်ပြီး နိုင်ငံကို အုပ်ချုပ်နေတာ ဖြစ်ပါတယ်။ 

၂၀၁၁  ခုနှစ်တုန်းကတော့ သူက လွတ်လပ်ခွင့်၊ အခွင့်အရေးတွေကို ကတိပြုပြီး အာဏာရလာသူ ဖြစ်ပေမယ့် သူဟာ တူနီးရှား နိုင်ငံကို တဦးတည် အာဏာရှင် လမ်းကြောင်း ဆွဲခေါ်နေတယ်လို့ ဝေဖန်သူတွေက ဆိုကြပါတယ်။

6 mins Ago
Up