close

တူနီးရှား-မာလီ

close

January 14, 2022

ဒိုင်လူကြီး ကျန်းမာရေးကြောင့် တူနီးရှား-မာလီ ပွဲမပြီးခင်ရပ်နားခဲ့ဟုဆို

တူနီးရှားနဲ့မာလီတို့ ကစားခဲ့တဲ့ အာဖရိကဖလားအုပ်စုအဖွင့်ပွဲစဉ်မှာ ပွဲမပြီးခင်ရပ်နားခဲ့တာက ကွင်းလယ်ဒိုင်လူကြီးရဲ့ ကျန်းမာရေးအခြေအနေကြောင့်ဖြစ်တယ်လို့ သတင်းထွက်ပေါ်လာပါ တယ်။ 

အဲဒီပွဲစဉ်မှာ မာလီက ၁ ဂိုး ဂိုးမရှိနဲ့အနိုင်ရခဲ့ပြီး ဇမ်ဘီယာကွင်းလယ်ဒိုင် ဂျန်နီဆီကတ်ဝီဟာ ပွဲချိန် ၈၅ မိနစ်နဲ့ ၈၉ မိနစ် ၄၀ စက္ကန့် အချိန်တွေမှာ ပွဲသိမ်းခရာ နှစ်ခါမူတ်ပြီး ရပ်နားခဲ့ပါတယ်။ နာကျင် အချိန်ပိုလည်းမပေးဘဲ ပွဲပြီးဆုံးစေခဲ့တဲ့အပေါ် တူနီရှားနည်းပြနဲ့ အဖွဲ့က အပြင်းအထန်စောဒက တက်ခဲ့ပါသေးတယ်။ 

မိနစ် ၄ဝ လောက်အကြာမှာ ၃ မိနစ်ပြန်ကစားဖို့ ကွင်းထဲခေါ်ခဲ့ပေမယ့် တူနီးရှား အသင်းသားတွေဟာ ကြွက်သားပြေလျော့ဖို့ ရေခဲစိမ်ပြီးဖြစ်တာကြောင့် ပြန်ကစားဖို့ ငြင်းဆန် ခဲ့ပါတယ်။ 

အာဖရိကအဖွဲ့ချုပ်ရဲ့ ဒိုင်အကြီးအကဲဖြစ်သူ အက်စ်ဆန်ကတော့ ကွင်းလယ်ဒိုင် ဂျန်နီဟာ  ၃၄ ဒီဂရီစင်တီဂရိတ်အပူချိန်နဲ့ ပြင်းထန်တဲ့ ရေဓာတ်ခန်းခြောက်မှု ဖြစ်ပေါ်ခဲ့တာကြောင့် ရပ်နားခဲ့ရတာလို့ ဖြေရှင်းသွားပါတယ်။ 

ဒီအခြေအနေကြောင့် အာရုံစူးစိုက်မှု အားနည်းခဲ့ပြီး ပွဲအပြီးမှာ ဆေးရုံတင်ပို့ခဲ့ရတယ်လို့ အာဖရိကအဖွဲ့ချုပ် ဒိုင်အကြီးအကဲက ဖြေရှင်းသွားပါတယ်။ 

တူနီရှား အသင်းဘက်ကတော့ အဲဒီပွဲစဉ်ကို ပြန်ကစားပေးဖို့ တောင်းဆိုထားတယ်လို့ သိရပါတယ်။

2 mins Ago
Up