close

တူမ

close

April 23, 2022

မိုးကုတ်မြို့တွင် တူမအား မတွေ့သဖြင့် အဒေါ်ဖြစ်သူကို ဓားစားခံအဖြစ် စစ်ကောင်စီဖမ်းဆီး

မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်း မင်းတံတားရပ်ကွက်က မထက်ထက်နိုင်ကို စစ်ကောင်စီ တပ်က  ဧပြီ ၂၂ ရက်နေ့ နေ့ခင်းပိုင်း နေအိမ်မှာဝင်ရောက်ရှာဖွေခဲ့ပြီး မတွေ့တာကြောင့် အဒေါ်ဖြစ်သူ CDM ကျောင်းဆရာမ ဒေါ်အုန်းကို ဓားစာခံအဖြစ် ဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။

မိုးကုတ်မြို့ အရှေ့ပိုင်းရဲစခန်းမှာ မထက်ထက်နိုင် သွားရောက်အဖမ်းခံမှ ဆရာမဒေါ်အုန်းကို ပြန်လွှတ်လိုက်တယ်လို့ မိသားစုနဲ့နီးစပ်သူတဦးက ပြောပါတယ်။  

“ဆရာမဒေါ်အုန်းအိမ်ကို သူတို့ကလာရှာကြတယ်။ ကလေးတွေမရှိတော့ ဆရာမကိုဖမ်းသွားတယ်။ နောက်တော့ ဆရာမ တူမကို သူတို့မိသားစုက စခန်းကို လိုက်ပို့လိုက်တဲ့အချိန်မှာ ဆရာမဒေါ်အုန်းကိုပြန်လွှတ်ပေးတယ်။” 

မထက်ထက်နိုင်ဟာ PDF တွေကို ဆက်သွယ်ကာ ​ထောက်ပံ့မှုတွေပြုလုပ်နေတယ်ဆိုပြီး  ဖမ်းဆီးအမှုဖွင့်ခံခဲ့ရတယ်လို့ ဆိုပါတယ်။ ဆရာမဒေါ်အုန်းက CDM ဝင်ထားပေမယ့် စစ်ကောင်စီတပ်က အရေးယူတာမျိုး မရှိဘူးလို့ ပြောပါတယ်။ 

မိုးကုတ်မြို့က Online shop ပြုလုပ်တဲ့အမျိုးသမီးတစ်ဦးကိုလည်း လွန်ခဲ့တဲ့သုံးလဝန်းကျင်က Kpay အကောင့်ကနေ PDF ကို ထောက်ပံ့တဲ့ အထောက်ထားတွေ့တယ်လို့ဆိုကာ အမေးမမြန်းမရှိဘဲ ထောင်ဒဏ် ၇ နှစ် ချခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။ 

မိုးကုတ်မြို့မှာ Red wolf of mogok အဖွဲ့က ဧပြီ ၂၀ ရက်နေ့က မြို့သိမ်းတိုက်ပွဲဆင်နွှဲတော့မှာဖြစ်လို့ ပြည်သူတွေပြင်ဆင်ထားကြဖို့ စာထုတ်ပြန်ခဲ့တာကြောင့် မြို့တွင်းမှာ လုံခြုံရေးတွေတင်းကြပ်နေတယ်လို့ သိရပါတယ်။

13 hours Ago

December 29, 2019

၁၂ နှစ်ကြာ လက်တွဲခဲ့တဲ့ ဇနီးအားလမ်းခွဲပြီး ဇနီးသည်တူမနှင့် ဇာတ်လမ်းသစ်စတင်ခဲ့သည့် ဟာ့ခ်

တရုတ်ကလပ် ရှန်ဟိုင်း SIPG မှာ ကစားနေတဲ့ ဘရာဇီးလူမျိုး တိုက်စစ်မှူး ဟာ့ခ်ဟာ ဇနီးဟောင်းနဲ့ ၁၂ နှစ်ကြာ အိမ်ထောင်ရေးကို အဆုံးသတ်ခဲ့ပြီး မကြာခင်မှာတင် ဇနီးဟောင်းရဲ့ တူမဖြစ်သူနဲ့ ဇာတ်လမ်းတပုဒ်ကို တရားဝင်စတင်လိုက်ပြီလို့ The Sun သတင်းမှာ ဖော်ပြပါတယ်။ ဟာ့ခ်ဟာ သူ့ဇနီးဟောင်း အီရန်နဲ့ ပြီးခဲ့တဲ့လမှာ လမ်းခွဲခဲ့ပါတယ်။ ဒီလိုလမ်းခွဲပြီး မကြာခင်မှာတင် ဟာ့ခ်ဟာ ဇနီးဟောင်းရဲ့ တူမဖြစ်သူ ကာမီလာနဲ့ တွဲနေပြီလို့ သူ့ကိုယ်စားလှယ်ဖြစ်သူက တရားဝင် ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ “ဟာ့ခ်က ကာမီလာရဲ့ မိဘတွေ၊ အစ်ကိုတွေနဲ့ တွေ့ဆုံခဲ့ပြီးတော့ အမှန်အတိုင်း ပြောဆိုခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ ပြီးခဲ့တဲ့ အောက်တိုဘာလကတည်းက စတွဲခဲ့ကြတာပါ။  ဒီကိစ္စကို ဖုံးမထားချင်လို့ ဟာ့ခ်ကိုယ်တိုင် တရားဝင် ထုတ်ဖော်ပြောဆိုခဲ့တာပါ” လို့ သူ့ရဲ့ကိုယ်စားလှယ်ဖြစ်သူက ဘရာဇီး မီဒီယာတခုကို ပြောပါတယ်။ ဟာ့ခ်ရဲ့ ချစ်သူသစ် ကာမီလာဟာ သူ့ဇနီးဟောင်းနဲ့ အနီးကပ်ဆုံးတူမတဦး ဖြစ်ပြီးတော့ သူတို့နှစ်ဦးရဲ့ ပျော်ရွှင်စရာ ဓာတ်ပုံတွေကိုလည်း အင်စတာဂရမ်မှာ မြင်တွေ့ရပါတယ်။  ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ ကာမီလာကလည်း သူ့အဒေါ်ကို တောင်းပန်ကြောင်း သူမရဲ့ တရားဝင် အင်စတာဂရမ်အကောင့်မှာ ရေးသားခဲ့ပါတယ်။ ဒီစာမှာ အရာအားလုံးအတွက် တောင်းပန်ပါတယ်လို့ ပြောဆိုထားခဲ့ပြီး ခံစားချက်ကို မလွန်ဆန်နိုင်တော့တဲ့အဆုံး ဒီလိုအဖြစ်တွေ ဖြစ်ခဲ့ရတယ်လို့ ပြောထားတာ တွေ့ရပါတယ်။  အီရန်ကတော့ သူ့ခင်ပွန်းဟောင်းနဲ့ သူ့တူမရဲ့ ဇာတ်လမ်းအပေါ် တော်တော်လေး ခံပြင်းနေပုံရပြီး “ဟာ့ခ်ဟာ သူမအပေါ်၊ သူတို့အိမ်ထောင်ရေးအပေါ်နဲ့ သူတို့သားသမီးတွေအပေါ် လေးစားမှု မရှိသူ” လို့ ပြောပါတယ်။ အသက် ၃၃ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ဘရာဇီး တိုက်စစ်မှူးဟာ ပေါ်တို၊ ဇင်းနစ် စတဲ့ ကလပ်အသင်းတွေမှာ ကစားခဲ့ဖူးသူ ဖြစ်ပါတယ်။ ဟာ့ခ်ဟာ သူ့ရဲ့နာမည်ပြောင်ဖြစ်ပြီး နာမည်အပြည့်အစုံကတော့ ဂျီဗန်နီဒို ဗီရီယာဒီဆိုဆာ ဖြစ်ပါတယ်။ ဟာ့ခ်နဲ့ အီရန်တို့ဟာ အသက် ၁၀ နှစ်အရွယ် အီရန်၊ အသက် ၈ နှစ်အရွယ် တီယာဂိုနဲ့ အသက် ၆ နှစ်အရွယ် အဲလစ် ဆိုတဲ့ သားသမီး သုံးဦးကို ပိုင်ဆိုင်ထားပါတယ်။ ဟာ့ခ်ဟာ တရုတ်ကလပ်မှာ တပတ်ကို ပေါင် ၃၂၀၀၀၀ ရရှိနေသူလည်း ဖြစ်ပါတယ်။
2 years Ago
Up