close

တူရကီစစ်တပ်

close

April 30, 2023

တူရကီစစ်တပ်စေလွှတ်သည့် ကယ်ဆယ်ရေးလေယာဉ် ဆူဒန်တွင်ပစ်ခတ်ခံရ

တူရကီနိုင်ငံသားတွေအတွက် ဆူဒန်ကိုစေလွှတ်ခဲ့တဲ့ စစ်တပ်ရဲ့ ကယ်ဆယ်ရေးလေယာဉ် ပျက်စီးမှုကို မြေပြင်ရှိအဖွဲ့တွေက စစ်ဆေးနေကြပြီး မကြာခင်မှာ ပြန်ပြုပြင်ပြီးနိုင်မယ်လို့ မျှော်လင့်ရကြောင်း တူရကီကာကွယ်ရေးဝန်ကြီး ဟူလူစီအက်ကာက ပြောပါတယ်။ 

တူရကီ ကယ်ဆယ်ရေးလေယာဉ်ဟာ ခါတွမ်မြို့တော်အပြင်ဘက်ရှိ ဝါဒီဆေယစ်ဒ်နာ လေဆိပ်ကို ဆင်းသက်နေတုန်း အရန်အမြန်ထောက်ပံ့ရေးတပ်ဖွဲ့ (RSF) က တူရကီ ကယ်ဆယ်ရေး လေယာဉ်ကိုပစ်ခတ်ခဲ့တာကြောင့် သူ့ရဲ့လောင်စာဆီစနစ် ပျက်စီးသွားခဲ့ကြောင်း ဆူဒန်စစ်တပ်က သောကြာနေ့အစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။ 

RSF ကတော့ အဲဒီလေယာဉ်ကို ပစ်ခတ်ခြင်းမရှိကြောင်း ငြင်းဆိုထားပြီး ဆူဒန်စစ်တပ်က အလိမ်အညာတွေ ဖြန့်နေတာ လို့ ဆိုပါတယ်။ 

RSF တပ်ဖွဲ့တွေဟာ သဘောတူထားတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အပစ်အခတ်ရပ်စဲရေးကို ညသန်းခေါင်ကျော်ချိန်ကတည်းက စွဲစွဲမြဲမြဲ ကတိကဝတ် လိုက်နာထားကြောင်းနဲ့ အာဒမန် မှာရှိတဲ့ ဝါဒီဆေယစ်ဒ်နာ လေဆိပ်ရဲ့ ကောင်းကင်ယံမှာ ဘယ်လေယာဉ်ကိုမှ ပစ်မှတ်ထား ပစ်ခတ်ခဲ့တယ် ဆိုတာ မမှန်ပါဘူး” လို့ RSF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

တူရကီကာကွယ်ရေးဝန်ကြီးဌာနဟာ အဲဒီလေယာဉ် ပစ်ခတ်ခံခဲ့ရကြောင်း အတည်ပြုခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေ၊ သေဆုံးမှုတွေ မရှိခဲ့ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

လေယာဉ်ပျက်စီးမှု အနည်းငယ်ရှိသွားတာကိုလည်း စုံစမ်းစစ်ဆေးနေကြောင်း အက်ကာက ပြောပါတယ်။ ဆူဒန်မှာ ကျန်နေသေးတဲ့ နိုင်ငံသားအားလုံးကို ကယ်ထုတ်ဖို့အတွက် နောက်ထပ် စစ်လေယာဉ် ၅ စီးကို စေလွှတ်ထားတယ်လို့လည်း သူက ဆိုပါတယ်။ ဆူဒန်စစ်တပ်ကတော့ အဲဒီလေယာဉ်ကို ပြန်ပြုပြင်ထားကြောင်း ပြောပါတယ်။ 

10 mins Ago

February 29, 2020

ဆီးရီးယားအစိုးရ ပစ်မှတ်များကို တိုက်ခိုက်ခဲ့သည့် ဗွီဒီယိုဖိုင် တူရကီထုတ်ပြန် (ရုပ်သံ)

ဆီးရီးယားအစိုးရ ပစ်မှတ်တွေကို တိုက်ခိုက်ဖျက်ဆီးခဲ့တဲ့ ဗွီဒီယိုဖိုင်ကို ဖေဖော်ဝါရီ ၂၈ ရက်မှာ  တူရကီစစ်တပ်က ထုတ်ပြန်လိုက်ပါတယ်။  ဆီးရီးယားလေတပ်တိုက်ခိုက်ရာမှာ တူရကီတပ်ဖွဲ့ဝင် ၃၃ ယောက် သေဆုံးခဲ့ပြီးနောက် လက်တုံ့ပြန်တဲ့အနေနဲ့ တူရကီက အီဒလစ်ပြည်နယ်က ဆီးရီးယားအစိုးရပစ်မှတ်တွေကို ဖျက်ဆီးခဲ့တာပါ။  တူရကီစစ်ဆင်ရေးမှာ ထင်ရှားတဲ့ ဆီးရီးယားအစိုးရပစ်မှတ်တွေနဲ့ မြေပြင်ထောက်ပို့တပ်ဖွဲ့ တွေကို  တိုက်ခိုက်ခဲ့တယ်လို့ တူရကီဆက်သွယ်ရေးညွှန်မှူး ဖာဟယ် တင်နယ်တူက ပြောခဲ့ပါတယ်။ ဆီးရီးယားအစိုးရ တိုက်ခိုက်တာကို တူရကီက တုံ့ပြန်ဖို့ဆုံးဖြတ်ထားတယ်လို့လည်း တင်နယ်တူက ပြောခဲ့ပါတယ်။  တူရကီစစ်တပ် လက်တုံ့ပြန်ရာမှာ ဆီးရီးယားအစိုးရ စစ်သား ၃၀၉ ယောက် ကျဆုံးတယ်လို့လည်း တူရကီကာကွယ်ရေးဝန်ကြီး ဟူလူဆစ် အာကာက ပြောခဲ့ပါတယ်။  တူရကီနဲ့ဆီးရီးယား စစ်ရေးအရှိန်မြင့်နေချိန် ဖေဖော်ဝါရီ ၂၈ ရက်က တူရကီ ကာကွယ်ရေးဝန်ကြီးဟာ ညှိနှိုင်းကွပ်ကဲရေးစခန်းကနေ စစ်ရေးတိုးတက်မှု အခြေအနေတွေကို သွားရောက်ကြည့်ရှုခဲ့ပါတယ်။  တူရကီဟာ ထောင်နဲ့ချီတဲ့ တပ်ဖွဲ့ဝင်တွေနဲ့ လက်နက်ကြီးတွေကို ဆီးရီးယားနယ်စပ်ကို ပို့ထားပါတယ်။  တကယ်လို့ တူရကီစောင့်ကြည့်စခန်းတွေကနေ  ဆီးရီးယားတပ်တွေ နောက်မဆုတ်ဘူး ဆိုရင် ဆီးရီးယားတပ်တွေကို နှင်ထုတ်ဖို့ အစွမ်းကုန် ထိုးစစ်ဆင်သွားမယ်လို့ တူရကီသမ္မတ အာဒိုဝမ်က ဆီးရီးယားကို သတိပေးထားပါတယ်။
3 years Ago
Up