close

တူရကီနိုင်ငံသား

close

May 23, 2022

အတိုက်အခံနိုင်ငံရေးခေါင်းဆောင် တရားစွဲခံရမှုအပေါ် တူရကီနိုင်ငံသားများ ဆန္ဒပြ

တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့မှာ ထောင်ချီတဲ့လူတွေ မေ ၂၁ရက်က စုရုံးခဲ့ပြီး တူရကီ ထိပ်တန်း အတိုက်အခံ နိုင်ငံရေးသမား ကာနန် ကက်ဖ်တန်ချိုဂလူကို သမ္မတနဲ့ နိုင်ငံတော်ကို စော်ကားမှုနဲ့ တရားစွဲတာကို ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။

မြို့အတွင်း မာလ်တေပေခရိုင်ထဲမှာ ဆန္ဒပြသူတွေဟာ သီချင်းတွေ သီဆိုရင်း အတိုက်အခံ အလံနဲ့ နိုင်ငံတော်အလံတွေကို ဝှေ့ယမ်းခဲ့ကြပါတယ်။

ထောင်ဒဏ်ငါးနှစ်ပြစ်ဒဏ် စီရင်ခံရတဲ့ ကက်ဖ်တန်ချိုဂလူဟာ ရီပတ်ဗလစ်ကင် ပြည်သူ့ပါတီရဲ့ အစ္စတန်ဘူရုံးခွဲ ခေါင်းဆောင် ဖြစ်သလို အပြင်းထန်ဆုံး အသံတွေထဲက တခုလည်း ဖြစ်ပါတယ်။

သူဟာ တူရကီနိုင်ငံရဲ့ တရားစီရင်ရေးဆိုင်ရာ လွတ်လပ်မှုဟာ ၂၀၁၆ အာဏာသိမ်းအပြီး မကြာ သေးတဲ့ နှစ်တွေအတွင်း အထူးသဖြင့် တရားစီရင်ရေးမဏ္ဍိုင်နဲ့ တခြားနိုင်ငံတော်အဖွဲ့များကို ဖြိုခွင်းခဲ့ပြီး လတ်တလော နှစ်တွေမှာတော့ မီးမောင်းထိုးပြခံထားရပါတယ်။

တူရကီ ဥပဒေအောက်မှာ ငါးနှစ်အောက် ပြစ်ဒဏ်တွေကို ဆိုင်းငံ့ထားပြီး ကက်ဖ်တန်ချိုဂလူကို ထောင်ချမှာ မဟုတ်ဘူးလို့ တရားရေး ပညာရှင် ၂ ဦးက ရိုက်တာသတင်းဌာနကို ပြောပါတယ်။

8 mins Ago

August 6, 2019

တူရကီနိုင်ငံသားထောင်ချီ ရွှေတူးဖော်ရေးစီမံကိန်းကို ကန့်ကွက်ဆန္ဒပြ

ထောင်နဲ့ချီတဲ့ တူရကီနိုင်ငံသားတွေဟာ သြဂုတ် ၅ ရက်နေ့က ဂျွန်နာကယ်လေပြည်နယ် ကီရာ့ဇလီမြို့ကို ချီတက်ပြီး ရွှေတူးဖော်ရေး စီမံကိန်းကို ကန့်ကွက် ဆန္ဒပြခဲ့ပါတယ်။ ဒိုဘီကာ သတ္တုတူးဖော်ရေးကုမ္ပဏီဟာ သဘာဝပတ်ဝန်းကျင် သက်ရောက်မှု အစီရင်ခံစာမှာ ဖော်ပြတာထက် သစ်ပင်တွေကို ၄ ဆ ခုတ်လှဲပစ်ခဲ့တယ်လို့ သတင်းထွက်ပြီးနောက် ဒီရွှေတူးဖော်ရေးလုပ်ငန်းကို အများပြည်သူ ကန့်ကွက်တာ ကြီးထွားလာပါတယ်။ နိုင်ငံတဝှမ်းက ဆန္ဒပြသူ ၅,၀၀၀ ခန့်ဟာ စီမံကိန်းလုပ်မယ့် သတ္တုတူးဖော်ရေးနေရာအနီးက တောင်ကုန်းပေါ်မှာ စုဝေးပြီး ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြခဲ့ပါတယ်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာရှင်တချို့ကလည်း ဇူလိုင် ၂၆ ရက်နေ့ကစပြီး အဲဒီမြို့အနီးမှာ တဲထိုး စခန်းချနေပါတယ်။ တက်ကြွလှုပ်ရှားသူတွေက ရွှေတူးဖော်ရေးမှာသုံးတဲ့ ဆိုင်ယာနိုက်ဟာ ဆည်အနီးဝန်းကျင်က မြေနဲ့ ရေပတ်ဝန်းကျင်ကို ညစ်ညမ်းစေလိမ့်မယ်လို့ ပြောပါတယ်။ ဂျွန်နာကယ်လေပြည်နယ် ဒုတိယမြို့တော်ဝန်က ဒီ ရွှေတူးဖော်ရေးဟာ ကတ်ဇ်တောင်အနီးက ဂေဟစနစ် ညီညွတ်မှုကို ပျက်ယွင်းစေလိမ့်လို့ ပြောခဲ့ပါတယ်။ အဲဒီ ကတ်ဇ်တောင်ဒေသဟာ အောက်ဆီဂျင်ပမာဏ အများအပြားကို ထုတ်လွှတ်ပြီး ဇီဝမျိုးကွဲ ပန်းမန်တို့ဌာနေ ဖြစ်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
Zawgyi Version တူရကီႏိုင္ငံသားေထာင္ခ်ီ ေ႐ႊတူးေဖာ္ေရးစီမံကိန္းကို ကန႔္ကြက္ဆႏၵျပ DVB ေထာင္နဲ႔ခ်ီတဲ့ တူရကီႏိုင္ငံသားေတြဟာ ၾသဂုတ္ ၅ ရက္ေန႔က ဂြၽန္နာကယ္ေလျပည္နယ္ ကီရာ့ဇလီၿမိဳ႕ကို ခ်ီတက္ၿပီး ေ႐ႊတူးေဖာ္ေရး စီမံကိန္းကို ကန႔္ကြက္ ဆႏၵျပခဲ့ပါတယ္။ ဒိုဘီကာ သတၱဳတူးေဖာ္ေရးကုမၸဏီဟာ သဘာဝပတ္ဝန္းက်င္ သက္ေရာက္မႈ အစီရင္ခံစာမွာ ေဖာ္ျပတာထက္ သစ္ပင္ေတြကို ၄ ဆ ခုတ္လွဲပစ္ခဲ့တယ္လို႔ သတင္းထြက္ၿပီးေနာက္ ဒီေ႐ႊတူးေဖာ္ေရးလုပ္ငန္းကို အမ်ားျပည္သူ ကန႔္ကြက္တာ ႀကီးထြားလာပါတယ္။ ႏိုင္ငံတဝွမ္းက ဆႏၵျပသူ ၅,၀၀၀ ခန႔္ဟာ စီမံကိန္းလုပ္မယ့္ သတၱဳတူးေဖာ္ေရးေနရာအနီးက ေတာင္ကုန္းေပၚမွာ စုေဝးၿပီး ၿငိမ္းၿငိမ္းခ်မ္းခ်မ္း ဆႏၵျပခဲ့ပါတယ္။ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရး ပညာရွင္တခ်ိဳ႕ကလည္း ဇူလိုင္ ၂၆ ရက္ေန႔ကစၿပီး အဲဒီၿမိဳ႕အနီးမွာ တဲထိုး စခန္းခ်ေနပါတယ္။ တက္ႂကြလႈပ္ရွားသူေတြက ေ႐ႊတူးေဖာ္ေရးမွာသုံးတဲ့ ဆိုင္ယာႏိုက္ဟာ ဆည္အနီးဝန္းက်င္က ေျမနဲ႔ ေရပတ္ဝန္းက်င္ကို ညစ္ညမ္းေစလိမ့္မယ္လို႔ ေျပာပါတယ္။ ဂြၽန္နာကယ္ေလျပည္နယ္ ဒုတိယၿမိဳ႕ေတာ္ဝန္က ဒီ ေ႐ႊတူးေဖာ္ေရးဟာ ကတ္ဇ္ေတာင္အနီးက ေဂဟစနစ္ ညီၫြတ္မႈကို ပ်က္ယြင္းေစလိမ့္လို႔ ေျပာခဲ့ပါတယ္။ အဲဒီ ကတ္ဇ္ေတာင္ေဒသဟာ ေအာက္ဆီဂ်င္ပမာဏ အမ်ားအျပားကို ထုတ္လႊတ္ၿပီး ဇီဝမ်ိဳးကြဲ ပန္းမန္တို႔ဌာေန ျဖစ္တယ္လို႔ ႐ိုက္တာသတင္းမွာ ေဖာ္ျပထားပါတယ္။
3 years Ago
Up