close

တူရကီနှင့်ဆော်ဒီ

close

April 29, 2022

နှစ်ပေါင်းအတန်ကြာ ဆက်ဆံရေးအဆင်မပြေခဲ့သည့် တူရကီနှင့်ဆော်ဒီ တွေ့ဆုံဆွေးနွေး

တူရကီသမ္မတ တေးရစ် အာဒိုဂံနဲ့ ဆော်ဒီဘုရင် ဆော်လမွန်၊ အိမ်ရှေ့စံ မိုဟာမက် ဘင် ဆော်လမွန်တို့ ဧပြီ ၂၆ ရက်က တွေ့ဆုံခဲ့မှုအပေါ် နှစ်နိုင်ငံကြား နှစ်ပေါင်း အတန်ကြာအောင် ဆက်ဆံရေး အေးခဲနေခဲ့တာကို အဆုံးသတ်ပြီး နွေးထွေးတဲ့ ဆက်ဆံရေး ပြန်လည်တည်ဆောက်ကြတော့မယ့် လက္ခဏာအဖြစ် မီဒီယာတွေက သုံးသပ် ရေးသားနေကြပါတယ်။

ဆော်ဒီဘုရင် ဆော်လမွန်က သမ္မတ အာဒိုဂံကို ပင်လယ်နီမြို့ဖြစ်တဲ့ ဂျက်ဒါမြို့မှာရှိတဲ့ အယ်ဆလမ်နန်းတော်မှာ မင်းခမ်းမင်းနားနဲ့ လက်ခံတွေ့ဆုံခဲ့တယ်လို့ တူရကီသမ္မတရုံးက သတင်းထုတ်ပြန်ပါတယ်။

သမ္မတ အာဒိုဂံဟာ ဆော်ဒီဘုရင်ရဲ့ တရားဝင် ဖိတ်ကြားချက်အရ အလည်အပတ် ရောက်နေတာပါ။

လေ့လာသူတွေကတော့ လတ်တလော စီးပွားရေး ပြဿနာတွေ ကြုံနေရတဲ့ တူရကီနိုင်ငံဟာ ဆော်ဒီနိုင်ငံက ငွေကြေးအကူအညီတွေကို လိုအပ်နေသလို ရှေ့နှစ်ထဲမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲမတိုင်ခင်မှာ ပြန်အရွေးခံရဖို့ဆိုရင် သမ္မတ အာဒိုဂံဟာ စီးပွားရေး ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ အရေးတကြီး လိုအပ်နေတယ်လို့ သုံးသပ်နေကြပါတယ်။

1 min Ago
Up