close

တူရကီရွေးကောက်ပွဲ

close

May 2, 2023

တူရကီရွေးကောက်ပွဲတွင် ကမ်မယ်ကီလစ်ချ်ဒါရိုဂလူက အာဒိုဂန်အတွက် အဓိက စိန်ခေါ်သူဖြစ်

တူရကီနိုင်ငံက အတိုက်အခံခေါင်းဆောင် ကမ်မယ်ကီလစ်ချ်ဒါရိုဂလူဟာ မေ ၁၄ ရက်မှာလုပ်မယ့် သမိုင်းဝင်ရွေးကောက်ပွဲမှာ လက်ရှိသမ္မတ တေးယစ်ပ်အာဒိုဂန်အတွက် အဓိကစိန်ခေါ်သူ တစ်ဦး ဖြစ်လာမှာပါ။ 

ပါတီ ၆ ခုပါဝင်တဲ့ မဟာမိတ်အဖွဲ့က ကီလစ်ချ်ဒါရိုဂလူကို သမ္မတလောင်းအဖြစ် အများမျှော်လင့်ထားတဲ့အတိုင်း ရွေးချယ်ခဲ့ပါတယ်။ 

အဓိကအတိုက်အခံဖြစ်တဲ့ ရီပတ်ဘလီကန် ပြည်သူ့ပါတီ (CHP)ရဲ့ အကြီးအကဲဖြစ်သူ အသက် ၇၄ နှစ်အရွယ် ကီလစ်ချ်ဒါရိုလူဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလမှာ အတိုက်အခံမဟာမိတ်အဖွဲ့ရဲ့ သမ္မတလောင်း အဖြစ် ရွေးချယ်ခံထားရတာပါ။ 

၂၀၁၀ ခုနှစ်မှာ ဗဟိုလက်ဝဲယိမ်းပါတီ CHP ရဲ့ ပဲ့ကိုင်သူအဖြစ် ကီလစ်ချ်ဒါရိုဂလူ က တာဝန်ယူခဲ့ပြီး နောက်ပိုင်း ပါလီမန်ရွေးကောက်ပွဲတွေအတွင်း အာဒိုဂန် ရဲ့ AKP ပါတီနဲ့ ကွာဟချက် ကျဉ်းမြောင်းအောင် စွမ်းဆောင်နိုင်ခဲ့ခြင်းတော့ မရှိပါဘူး။ 

တက်ကြွလှုပ်ရှားတဲ့ အစိုးရဝန်းထမ်းဟောင်းဖြစ် သူ ကီလစ်ချ်ဒါရိုဂလူ ဟာ ၂၀၀၂ခုနှစ်မှာ CHP ပါတီနဲ့အတူ ပါလီမန်လွှတ်တော်ထဲကို ဝင်ရောက်လာခဲ့တာပါ။ 

စစ်တမ်းတွေအရ ကီလီချ်ဒါရိုလူအတွက် အချိန်အခါကောင်းတွေ ရောက်လာနိုင်တယ်လို့ ဖော်ပြထားပါတယ်။

၂၀၁၇ ခုနှစ်မှာလည်း သူ့ရဲ့ လွှတ်တော်အမတ်တစ်ဦးကို ထောင်သွင်းအကျဉ်းချခဲ့တာကြောင့် အန်ကာရာမြို့ ကနေ အစ္စတန်ဘူလ် မြို့အထိ ချီတက်ဆန္ဒပြရာကနေ သူ့ကို လူသိများလာခဲ့တာပါ။

နောက်ပိုင်းမှာတော့ အမျိုးသားရေးဝါဒအပေါ် ဗဟိုပြုတဲ့ IYI အမည်ရ မဟာမိတ်ပါတီတစ်ခု ထူထောင်ရာမှာ သူကိုယ်တိုင် ဦးဆောင်ခဲ့ပါတယ်။ 

ဒီပါတီဟာ အစ္စတန်ဘူလ်နဲ့ အန်ကာရာမြို့က မြူနီစပယ်ရွေးကောက်ပွဲတွေမှာ အနိုင်ရရှိအောင် ကူညီပေးခဲ့လို့ တူရကီသမ္မတ အာဒိုဂန်ကို တုန်လှုပ်စေခဲ့ပါတယ်။ 

9 mins Ago
Up