တောင်ကိုးရီးယားနိုင်ငံ တရားရုံးက ဂုဏ်သိက္ခာမဲ့ နာမည်ပျက်သွားတဲ့ တရားရေးဝန်ကြီးဟောင်း ချိုကွတ်ခ်ကို သူ့သားသမီးတွေအတွက် တက္ကသိုလ်ဝင်ခွင့်ရအောင် စာရွက်စာတမ်းအတုပြုလုပ်မှုနဲ့ ဖေဖော်ဝါရီ ၃ ရက် ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်ပါတယ်။
ဒီအရှုပ်တော်ပုံကြောင့် နိုင်ငံရေးပိုင်း စိတ်ဝမ်းကွဲမှုတွေ အတော်လေးဖြစ်သွားစေခဲ့သလို လူငယ်မဲဆန္ဒရှင်တွေလည်း စိတ်ပျက်ခဲ့ရတာပါ။
နာမည်ကြီး ထိပ်တန်း ဥပဒေပါမောက္ခဟောင်း ချိုကွတ်ခ်ဟာ သမ္မတဟောင်း မွန်ဂျယ်အင်း လက်ထက်မှာ အဓိကလက်ထောက် တစ်ဦးဖြစ်သလို အရှုပ်တော်ပုံကြောင့် ရာထူးမနုတ်ထွက်ခင်မှာ တရားရေးဝန်ကြီးအဖြစ် ခေတ္တတာဝန်ထမ်းဆောင်ခဲ့ပါတယ်။
ချိုကွတ်ခ်ဟာ လာဘ်ပေးလာဘ်ယူမှုနဲ့ စာရွက်စာတမ်းလိမ်လည်မှု အပါအဝင် စွဲချက်ပေါင်း တစ်ဒါဇင်လောက်နဲ့ ၂၀၁၉ ခုနှစ် နှောင်းပိုင်းမှာ စွဲချက်တင်ခံခဲ့ရတာပါ။
ဆိုးလ်ဗဟိုခရိုင်တရားရုံးက ချိုကွတ်ခ်ကို သူ့သားနဲ့သမီးအတွက် ဂုဏ်သိက္ခာရှိ အထက်တန်း ကျောင်းတွေနဲ့ တက္ကသိုလ်တွေကို တက်ရောက်ခိုင်းဖို့ စာရွက်စာတမ်းအထောက်အထားအတုတွေ ပြုလုပ်ခဲ့လို့ ဖေဖော်ဝါရီ ၃ ရက်မှာ ပြစ်ဒဏ်ချမှတ်ခဲ့တာဖြစ်ပြီး တရားရုံးဟာ သမ္မတဟောင်းမွန်းရဲ့ လူယုံတော်တစ်ဦး ပါဝင်နေတဲ့ အကျင့်ပျက်ခြစားမှု စုံစမ်းစစ်ဆေးရေးမှာ သြဇာအာဏာသုံးပြီး ကြားဝင်စွက်ဖက်မှုကိုလည်း တွန်းလှန်နေရပါတယ်။
ဒါပေမဲ့ တရားရုံးက ချိုကွတ်ခ်ကို ချက်ချင်းထောင်ချမှာ မဟုတ်ဘဲ စုံစမ်းစစ်ဆေးရေး ပြီးမြောက်မှုအရ ချိုရဲ့ဇနီးဖြစ်သူဟာ ဆက်စပ်ပြစ်မှုတွေနဲ့ ထောင်ဒဏ်ကျခံနေရတာပါ။
တရားဝန်ကြီးဟောင်း ချိုကွတ်ခ် စီရင်ချက် ချခံဖို့အတွက် တရားရုံးကို ရောက်လာချိန်မှာ ချိုကွတ်ခ် ကို ထောက်ခံသူတွေနဲ့ ဆန့်ကျင်သူ ဆန္ဒပြသူ ဒါဇင်ပေါင်းများစွာဟာ တရားရုံးရှေ့မှာ ကြွေးကြော် သံတွေကို သံပြိုင်အော်ဟစ်ခဲ့ကြပါတယ်။
ဘာအမှားအယွင်းကိုမှ မကျူးလွန်ထားကြောင်း ငြင်းဆိုထားတဲ့ ချိုကွတ်ခ်က အယူခံဝင်မယ် လို့ ပြောပါတယ်။