close

တောင်ကိုရီးယားရဲတပ်ဖွဲ့

close

September 15, 2022

ရင်သွေးငယ်များကို သတ်ဖြတ်မှု သံသယဖြင့် နယူးဇီလန်နိုင်ငံသူကို တောင်ကိုရီးယားရဲတပ်ဖွဲ့ ဖမ်းဆီး

တောင်ကိုရီးယားနိုင်ငံ အရှေ့တောင်ပိုင်း အူလ်ဆန်မြို့မှာ ကိုရီးယားနွယ်ဖွား နယူးဇီလန်နိုင်ငံသား အမျိုးသမီးကို သူ့ကလေးတွေကို သတ်ဖြတ်မှုသံသယနဲ့ တောင်ကိုရီးယားရဲတပ်ဖွဲ့က စက်တင်ဘာ ၁၄ ရက်က ဖမ်းဆီးလိုက်ပါတယ်။

ပြီးခဲ့တဲ့လက နယူးဇီလန်မှာ လက်ဆွဲသေတ္တာတွေထဲမှာ တွေ့ခဲ့ရတဲ့ ကလေးအလောင်းတွေဟာ အဲဒီအမျိုးသမီးရဲ့ ကလေး ၂ ယောက်လို့ ယူဆထားပြီး အမျိုးသမီးကတော့ အမှုနဲ့ပတ်သက်တဲ့ စွပ်စွဲချက်တွေကို စက်တင်ဘာ ၁၅ ရက်မှာ ငြင်းဆိုထားပါတယ်။

အသက် ၄၀ အရွယ်ရှိ အမျိုးသမီးဟာ အော့ကလန်မှာ နေထိုင်ချိန် အဲ့ဒီတုန်းက သူ့ရဲ့ အသက် ၇ နှစ်အရွယ်နဲ့ ၁၀ နှစ်အရွယ် ကလေးတွေကို သတ်ဖြတ်ပြီးနောက် ၂၀၁၈ ခုနှစ်မှာ တောင်ကိုရီးယားနိုင်ငံကို ထွက်ပြေးလာတာလို့ သံသယရှိကြောင်း အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။

ကမ္ဘာတဝန်းရဲဌာန အင်တာပိုလ်ကနေ တရားခံကို ရှာဖွေဖမ်းဆီးပေးဖို့ တောင်းဆိုချက်ကို ထုတ်ပြန်ပြီးနောက်မှာ သူ့ကို ဖမ်းဆီးလိုက်တာဖြစ်ကြောင်း ကိုရီးယားအမျိုးသား ရဲအေဂျင်စီက ပြောကြားခဲ့ပါတယ်။

အဲဒီအမျိုးသမီးကတော့ သူ့အပေါ်စွဲဆိုထားတဲ့ စွဲချက်တွေကို သူ မလုပ်ခဲ့ကြောင်း ငြင်းဆိုခဲ့ပါတယ်။

တောင်ကိုရီးယား တရားရုံးကတော့ သံသယရှိသူကို နယူးဇီလန်ကို လွှဲအပ်ခြင်း ရှိ မရှိ ပြန်သုံးသပ်သွားမယ်လို့ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

နယူးဇီလန်ရဲတပ်ဖွဲ့ဟာ မိသားစုတစု ဝယ်ယူထားတဲ့ လော့ကာ ပစ္စည်းသိမ်းဆည်းခန်း တခုထဲကနေ ကလေးငယ်တွေရဲ့ အလောင်းတွေကို တွေ့ရှိပြီးနောက် အော့ကလန်မှာ လူသတ်မှု စုံစမ်းစစ်ဆေးရေးကို စတင်ခဲ့တာဖြစ်ပါတယ်။

3 hours Ago
Up