close

တောင်ကိုရီးယားသမ္မတသစ်

close

March 19, 2022

တောင်ကိုရီးယားသမ္မတသစ် အိမ်ပြာတော်၌ ရုံးမထိုင်ဘဲ အခြားနေရာတွင် ရုံးထိုင်မည်

တောင်ကိုရီးယား သမ္မတသစ် ယွန်းဆက်ယိုးလ်က သူ့ရဲ့ ရုံးခန်းနဲ့ နေအိမ်ကို အစဉ်အလာအတိုင်း သမ္မတအိမ်ယာဝင်း အိမ်ပြာတော်မှာ မထားရှိဘဲ တခြားတနေရာတခုမှာ ရွှေ့ပြောင်းမယ်လို့ ပြောလိုက်တဲ့အတွက် ဝေဖန်သူတွေအကြား အချေအတင်ဆွေးနွေးစရာ ဖြစ်ခဲ့ပါတယ်။ 

မတ် ၉ ရက် အကြိတ်အနယ်ရှိတဲ့ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ မစ္စတာယွန်းက သူ့ရုံးကို တခြားတနေရာ ရွှေ့ပြောင်းပြီး အိမ်ပြာတော်ကိုတော့ အများပြည်သူအတွက် ဖွင့်ပေးထားမယ်လို့ ပြောပါတယ်။ 

ယွန်းက လုံခြုံရေးကို စိုးရိမ်ပုံရပြီး အနီးအနားက ကာကွယ်ရေးဌာနအဆောက်အအုံဝင်းဆီ ပြောင်းရွှေ့မယ့်ပုံပါ။

အတိုက်အခံ ဒီမိုကရက်ပါတီအုပ်စုကတော့ မစ္စတာယွန်းအပေါ်မှာ တရုတ်ရိုးရာအစီအရင် ‘ဖုန်းရွှေ’ အယူအဆ ဩဇာသက်ရောက်နေတာကြောင့် အိမ်ပြာတော်ကို မင်္ဂလာမရှိဘူးလို့ ယူဆပြီး ပြောင်းရွှေ့တာလို့ ဝေဖန်ကြပါတယ်။ 

ကိုရီးယားဖုန်းရွှေအသင်းခေါင်းဆောင် ဂျီးဂျွန်ဟတ်က အိမ်ပြာတော်ဟာ နိမိတ်မကောင်းတဲ့ နေရာမှာတည်ရှိနေလို့ ရှေးဘုရင်အများအပြားက အဲဒီနေရာကို ရှောင်ကြတယ်လို့ ပြောထားတာပါ။ 

ပြီးခဲ့တဲ့ ၂၅ နှစ်အတွင်း အိမ်ပြာတော်မှာ ရုံးထိုင်ခဲ့တဲ့ သမ္မတ ၆ ဦးအနက် ၄ လေးဦးက ရာထူး စွန့်ပြီးနောက် အဖမ်းခံရသူနဲ့ သတ်သေသူတွေ ဖြစ်ခဲ့တာပါ။

ယွန်းက ရွေးကောက်ပွဲကမ်ပိန်းတုန်းကလည်း ရှာမင်နတ်ဆရာတဦးနဲ့ အမြဲသွားသွားလာလာ ရှိခဲ့တာပါ။ 

ဒါပေမဲ့ သူက အဲဒီပုဂ္ဂိုလ်က နတ်ဆရာမဟုတ်ဘဲ ဗုဒ္ဓဘာသာရဟန်းတပါးပါလို ကာကွယ်ခဲ့ပါတယ်။

အခု ယွန်းရဲ့ သမ္မတရုံးနေရာ ပြောင်းရွှေ့မှုက ဒေါ်လာ ၄၁ ဒသမ ၁၄ သန်း ကုန်ကျမယ်လို့ ပြည်ထဲရေး ဌာနက ခန့်မှန်းထားပါတယ်။

2 mins Ago
Up