ယူကရိန်းသမ္မတဗိုလိုဒီမာ ဇေလန်းစကီးက တောင်ကိုရီးယားလွှတ်တော်ကို ဗွီဒီယိုကတဆင့် စကားပြောပြီး မည်သည့်စစ်လက်နက်မဆို ယူကရိန်းကို ကူညီနိုင်ကြောင်း တောင်းဆိုခဲ့ပါတယ်။
ဇလန်းစကီးက ရုရှားရဲ့ နောက်ထပ်စစ်ရေးထိုးစစ်မှာ အရှေ့တောင်ဘက် မာရီယူပိုးလ်မြို့မှာ လူထောင်ပေါင်းများစွာ နောက်ထပ် သေဆုံးနိုင်ကြောင်း ပြောပါတယ်။
မာရီယူပိုးလ်မြို့ဟာ ယူကရိန်းအရှေ့ဘက်ခြမ်းနဲ့ ရုရှားတို့သိမ်းပိုက်ထားတဲ့ ခရိုင်းမီးယားဒေသ၊ ယူကရိန်းခွဲထွက်ဒေသတို့ကြားမှာ တည်ရှိနေတာပါ။
ဇလန်းစကီးက မည်သည့်လက်နက်အမျိုးအစားကို တောင်းခံတယ်လို့ အတိအကျ မပြောပေမဲ့၊ တောင်ကိုရီးယားလက်နက်တွေဟာ ယူကရိန်းပြည်သူတွေကို ကယ်တင်နိုင်ရုံမက၊ အခြားတိုင်းပြည်တွေကို ရုရှား ဆက်လက်မကျူးကျော်အောင် ဟန့်တားနိုင်လိမ့်မယ်လို့ ပြောပါတယ်။
အဲဒီနောက်မှာတော့ တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးနဲ့ ယူကရိန်းကာကွယ်ရေးဝန်ကြီးတို့ ဖုန်းနဲ့တဆင့် လက်နက်ကိစ္စ ဆွေးနွေးပြောဆိုပါတယ်။