close

တောင်ကုတ်လူငယ်ကွန်ရက်ဥက္ကဋ္ဌ

close

March 29, 2022

တောင်ကုတ်လူငယ်ကွန်ရက် ဥက္ကဋ္ဌအမှု လာမယ့်ရုံးချိန်းတွင် အပြီးသတ်လျှောက်လဲချက်ပေးမည်

CRPH၊ PDF တို့ကို ငွေကြေးထောက်ပံ့တယ်ဆိုပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မနဲ့ တရားစွဲခံထားရတဲ့ ရခိုင်ပြည်လုံးဆိုင်ရာ လူငယ်များကွန်ရက် (AAYON) အဖွဲ့ဝင် တောင်ကုတ်လူငယ်ကွန်ရက် ဥက္ကဋ္ဌ ကိုမင်းကိုဦး အမှုနဲ့ပတ်သက်ပြီး လာမယ့်ရုံးချိန်းမှာ အပြီးသတ်လျှောက်လဲချက်ပေးသွားမယ်လို့ တရားရုံးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

“ဒီနေ့ ရုံးချိန်းမှာ ကိုမင်းကိုဦးဘက်က တင်ထားတဲ့ တရားခံပြ သက်သေတဦးကို ဆက်လက် စစ်ဆေးခဲ့တယ်။ ရုံးချိန်းကိုတော့ ဧပြီလ ၄ ရက်နေ့ကို ထပ်ချိန်းလိုက်တယ်၊ နှစ်ဖက်ရှေ့နေတွေက အပြီးသတ် လျှောက်လဲချက် ကြားနာမယ်။”

ကိုမင်းကိုဦးကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ PDF တွေကို ငွေကြေးထောက်ပံ့တယ်ဆိုပြီးတော့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်နေ့ မနက်ပိုင်းက တောင်ကုတ်မြိုမှာရှိတဲ့ သူ့ရဲ့နေအိမ်ကနေ ရဲတပ်ဖွဲဝင်တွေက လာရောက်ဖမ်းဆီးခဲ့တာပါ။

အဲဒီနောက် သူ့ကို တောင်ကုတ်မြိုနယ် မြိုမရဲစခန်းမှူး ဒုရဲမှူးဇော်လတ်က သံတွဲခရိုင်တရားရုံးမှာ တရားလိုလုပ်ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည) နဲ့ တရားစွဲဆိုခဲ့တာလည်း ဖြစ်ပါတယ်။

PDF နဲ့ ဆက်စပ်တယ်ဆိုပြီး ကိုမင်းကိုဦး အပါအဝင် ရခိုင်ပြည်နယ်က ဖမ်းဆီးတရားစွဲခံထားရတဲ့ သူတွေကို ပြန်လွှတ်ပေးဖို AAYON က ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၇ ရက်နေ့က ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။

ကိုမင်းကိုဦးဟာ တောင်ကုတ်မြိုမှာ ပရဟိတအလုပ်တွေနဲ့ ကိုဗစ်ကာလ ဆင်းရဲကျပ်တည်းသူတွေကို ကူညီဆောင်ရွက်ပေးနေတဲ့ လူငယ်တဦးလည်း ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ PDF တွေနဲ့ ဆက်စပ်တယ်ဆိုပြီးတော့ ဖမ်းဆီးတရားစွဲခံထားရသူ ၁၂ ဦး အထိ ရှိလာပြီဖြစ်ပါတယ်။

8 mins Ago

March 10, 2022

တောင်ကုတ်လူငယ်ကွန်ရက် ဥက္ကဋ္ဌ ကိုမင်းကိုဦးကို စွဲချက်တင်

CRPH၊ PDF တို့ကို ငွေကြေးထောက်ပံ့တယ်ဆိုပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မနဲ့ တရားစွဲခံထားရတဲ့ ရခိုင်ပြည်လုံးဆိုင်ရာ လူငယ်များကွန်ရက် (AAYON) အဖွဲ့ဝင် တောင်ကုတ်လူငယ်ကွန်ရက် ဥက္ကဋ္ဌ ကိုမင်းကိုဦးကို မတ် ၁၀ ရက်နေ့ ရုံးချိန်းမှာ သံတွဲခရိုင်တရားရုံးက စွဲချက်တင်လိုက်ပါတယ်။

မတ်လ ၁၀ ရက်နေ့ ရုံးချိန်းမှာ နှစ်ဖက်ရှေ့နေတွေက စွဲချက်လျှောက်လဲချက် ပေးကြပြီး နေ့လယ်ပိုင်းမှာတော့ စွဲချက်အမိန့် ချမှတ်လိုက်တာလို့ တရားရုံးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

ကိုမင်းကိုဦးကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေကို ငွေကြေးထောက်ပံ့တယ်ဆိုပြီးတော့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်နေ့ မနက်ပိုင်းက တောင်ကုတ်မြို့မှာရှိတဲ့ သူ့ရဲ့နေအိမ်ကနေ ရဲတပ်ဖွဲ့ဝင်တွေက လာရောက်ဖမ်းဆီးခဲ့တာပါ။

အဲဒီနောက် သူ့ကို တောင်ကုတ်မြို့နယ် မြို့မရဲစခန်းမှူး ဒုရဲမှူးဇော်လတ်က တရားလိုလုပ်ပြီး သံတွဲခရိုင်တရားရုံးမှာ တရားလိုလုပ်ကာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည) နဲ့ တရားစွဲဆိုခဲ့တာပါ။

PDF နဲ့ ဆက်စပ်တယ်ဆိုပြီး ကိုမင်းကိုဦး အပါအဝင် ရခိုင်ပြည်နယ်က ဖမ်းဆီးတရားစွဲခံထားရတဲ့ သူတွေကို ပြန်လွှတ်ပေးဖို့ AAYON က ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၇ ရက်နေ့က ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။

ကိုမင်းကိုဦးဟာ တောင်ကုတ်မြို့မှာ ပရဟိတအလုပ်တွေနဲ့ ကိုဗစ်ကာလ ဆင်းရဲကျပ်တည်းသူတွေကို ကူညီဆောင်ရွက်ပေးနေတဲ့ လူငယ်တဦးလည်း ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ PDF တွေနဲ့ ဆက်စပ်တယ်ဆိုပြီးတော့ ဖမ်းဆီးတရားစွဲခံထားရသူ ၁၂ ဦးအထိ ရှိလာပြီဖြစ်ပါတယ်။

3 weeks Ago
Up