close

တောင်ကုန်းကျေးရွာ

close

March 18, 2022

ဝက်လက်မြို့နယ် တောင်ကုန်းကျေးရွာတွင် စစ်ကောင်စီက ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်၊ တောင်ကုန်းကျေးရွာ အရှေ့ခြမ်းမှာ စစ်ကောင်စီတပ်ဖွဲ့တွေက မီးရှို့ဖျက်ဆီးခဲ့တာကြောင့် စုစုပေါင်း ဆုံးရှုံးခဲ့တဲ့နေအိမ်အလုံး ၁၃၀ လောက်ရှိပြီလို့ ဒေသခံက ပြောပါတယ်။

တောင်ကုန်းကျေးရွာထဲက နေအိမ်တွေကို မတ်လ ၁၀ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ စစ်ကောင်စီတပ် မီးရှို့မှုကြောင့် နေအိမ် အလုံး ၁၃၀ လောက် မီးလောင်ဆုံးရှုံးသွားပြီဖြစ်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

ဒါ့အပြင် ကျေးရွာအတွင်း ပိတ်မိပြီး ကျန်ခဲ့တဲ့ ရွာသားတဦးကို အရှင်လတ်လတ် မီးရှို့သတ်ခဲ့သလို နွားတွေကိုလည်း မီးရှို့သွားတယ်လို့ ဆိုပါတယ်။

အဆိုပါကျေးရွာမှာ အိမ်ခြေ ၁၆၀ ကျော်ရှိပြီး နေအိမ် ၁၃၀ ကျော်လောက် မီးလောင်သွားခဲ့ပြီ ဖြစ်ပါတယ်။

တောင်ကုန်းကျေးရွာဟာ ဝက်လက်မြို့နယ်အတွင်း ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ ပထမဦးဆုံးကျေးရွာ ဖြစ်တယ်လို့လည်း သိရပါတယ်။  

စစ်ကောင်စတပ်ဖွဲ့တွေဟာ မတ်လ ၈ ရက်နေ့တည်းက အဲဒီ တောင်ကုန်းကျေးရွာမှာ တပ်စွဲထားတဲ့အတွက် ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားပြီး  ဒေသခံတွေ ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

1 min Ago
Up