close

တောင်ကျရေ

close

August 18, 2022

တရုတ်အနောက်မြောက်ပိုင်းတွင် တောင်ကျရေကြောင့် လူ ၁၆ ဦး သေဆုံး၊ ၃၆ ဦး ပျောက်ဆုံး

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ချင်းဟိုင်ပြည်နယ် တာ့တုံးဟွေနဲ့ တု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ မြို့နယ်တွေမှာ တောင်ကျရေလွှမ်းမိုးခဲ့လို့ လူ ၁၆ ယောက် သေဆုံးပြီး ၃၆ ယောက် ပျောက်နေတယ်လို့ ပြည်နယ် အရေးပေါ်စီမံခန့်ခွဲရေးဌာနက သြဂုတ် ၁၈ ရက် မွန်းလွဲပိုင်းမှာ ပြောပါတယ်။

ပျောက်ဆုံးနေသူတွေကို ကယ်ဆယ်ရေးတွေက ဆက်လက်ရှာဖွေနေဆဲ ဖြစ်ပါတယ်။ သြဂုတ် ၁၈ ရက် မနက်ပိုင်းကစတင်ကာ တောင်ကျရေလွှမ်းမိုးခဲ့တာဖြစ်ပြီး ရွာ ၆ ရွာက လူ ၆,၂၄၅ ယောက်အပေါ် သက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

လာမယ့် ၂၄ နာရီအတွင်း နယ်မြေထဲမှာ မိုးဆက်ရွာဦးမယ်လို့ ဟောကိန်းထုတ်ထားပါတယ်။

4 mins Ago

July 10, 2022

လွိုင်တိုင်းလျန်းတွင် တောင်ကျရေကြောင့် နေအိမ်နှင့်လူများ ရေထဲမျှောပါ၊ ၄ ဦးသေဆုံးပြီး ၁၀ ဦး ဒဏ်ရာရ

ရှမ်းပြည်တပ်မတော် RCSS/SSA ဌာနချုပ် လွိုင်တိုင်းလျန်းမှာ ဒီကနေ့ (ဇူလိုင် ၁၀) ရက် မနက်အစောပိုင်းက မိုးသည်းထန်ပြီး တောင်ကျရေတွေတိုက်စားတာကြောင့် နေအိမ်နဲ့လူတွေ ရေထဲမျှောပါသွားကာ သေဆုံးသူ ၄ ဦးရှိပြီး ၁၀ ဦး ဒဏ်ရာရသွားပါတယ်။ 

မနေ့ည ၉ နာရီကနေ ၁၂ နာရီထိ မိုးပြင်းထန်စွာရွာသွန်းပြီး ဒီကနေ့မနက်စောစောမှာတော့ တောင်ပေါ်ကကျလာတဲ့ရေတွေဟာ ရပ်ကွက် ၁ ထဲရှိ ကမ်းပါးရံနဲ့ ချိုင့်ဝှမ်းထဲက လူနေအိမ်တွေတိုက်စားသွားတာလို့ RCSS/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းခမ်းစံက ဒီဗွီဘီကို ပြောပါတယ်။ 

“လူတွေအိပ်မောကျနေတဲ့အချိန်မှာ ရေတွေကျလာတော့ ပြင်ဆင်ချိန်မရလိုက်ကြဘူးပေါ့။ ကျနော်တို့သိရသလောက် ဒီကနေ့မနက်ထိ  သေဆုံးသူ ၄ ဦးရှိတယ်။  ကျန်းမာရေးဝန်ထမ်း ၂ ယောက်ရယ် ၊ အသက် ၆၀ ကျော်အဖွားတယောက်ရယ်၊ အသက် ၃၀ ကျော်လူရွယ် ၁ ယောက်၊ ဒဏ်ရာရတဲ့လူတွေက ၁၀ ဦး ရှိပါတယ်၊ အဲဒီထဲမှာ ၆ လ သားရွယ်ကလေး ၁ ယောက်ပါပါတယ်။ ပျက်စီးဆုံးရှုံးမှုစာရင်းတွေ ကောက်ယူနေတုန်းပါခင်ဗျ။”

ရေတိုက်စားသွားတဲ့ နေအိမ်တွေဟာ လွိုင်တိုင်းလျန်းဆေးရုံအောက်ဘက် တောင်စောင်း နဲ့ ချိုင့်ဝှမ်း ထဲမှာတည်ရှိပြီး  ကျန်းမာရေးဝန်ထမ်းအများစု  နေထိုင်တဲ့ရပ်ကွက် ဖြစ်ပါတယ်။  

လူမှုကွန်ရက် သတင်းတွေမှာတော့ နေအိမ်အနည်းဆုံး ၇ လုံးခန့် ပျက်စီးသွားတယ်လို့ ဆိုပါတယ်။ 

ရှမ်းပြည်တပ်မတော် RCSS/SSA ရဲ့ ဌာနချုပ် လွိုင်တိုင်းလျန်းဟာ ရှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့နယ်ထဲမှာတည်ရှိပြီး လွန်ခဲ့တဲ့နှစ် ၂၀ ကျော်က တည်ထောင်ထားတာ ဖြစ်ပါတယ်။ 

1 month Ago
Up