close

တောင်တက်သမား

close

September 28, 2022

ကြမ်းတမ်းခက်ခဲသည့် စပိန်တောင်ကြားလမ်းကို အမျိုးသမီး ၃ ဦး အောင်မြင်စွာတွယ်တက်နိုင်

စပိန်နိုင်ငံ၊ ပီကော့စ်ဒေယူရိုပါ တောင်တန်းဒေသက ကြမ်းတမ်းခက်ခဲတဲ့ တောင်ကြားလမ်း ရာယူကို အောင်အောင်မြင်မြင် တွယ်တက်နိုင်ခဲ့တဲ့ ပထမဆုံး အမျိုးသမီးအဖွဲ့အဖြစ် ကျောက်တောင်တက်သမား ၃ ယောက်ဟာ သမိုင်းဝင်သွားပါတယ်။

စာရှာဒီဂျူလီယံ၊ မာတီလ်ဒါ ဆာဒယ်လွန့်နဲ့ ဘရက်ဒယ်ဟာလင်တွန်တို့ ၃ ယောက်အဖွဲ့ဟာ ပေ ၂,၀၀၀ မြင့်တဲ့ လမ်းကြောင်းပေါ်ကို တက်ခဲ့တဲ့ ပထမဆုံး အမျိုးသမီးအဖွဲ့ ဖြစ်လာခဲ့တယ်လို့ ရက်ဒ်ဘူးလ်အဖွဲ့က ပြောပါတယ်။

အဆိုပါ တောင်တက်အမျိုးသမီး ၃ ယောက်ဟာ သေခြင်းတရားကို အံတုရင်း မတ်စောက်တဲ့ မျဉ်းလျှောစောက်ရှိတဲ့ တောင်စောင်းတွေနဲ့ ချွန်ထက်တဲ့ အစွန်းတွေကို ဖြတ်ကျော် တက်လှမ်းခဲ့ကြပါတယ်။

ရာယူတောင်တက်လမ်းဟာ စပိန်မြောက်ပိုင်းမှာရှိတဲ့ ပီကော့စ်ဒေ ယူရိုပါ အမျိုးသားဥယျာဉ် ထဲမှာရှိတဲ့ ပေညာ စန်တာဒေ ကာစတီယာ တောင်ထိပ်ရဲ့ တောင်ဘက်မျက်နှာစာမှာ ရှိပါတယ်။

4 mins Ago

November 5, 2019

နီပေါနိုင်ငံသား ကမ္ဘာ့အမြန်ဆုံး တောင်တက်သမား စံချိန်သစ်တင်

နီပေါနိုင်ငံက တောင်တက်သမားတယောက်ဟာ အချိန် ၆ လနဲ့ ၆ ရက်အတွင်း တောင်ထိပ် ၁၄ ခုကို တက်ခဲ့လို့ ကမ္ဘာ့အမြန်ဆုံး တောင်တက်သမား ဖြစ်လာခဲ့ပါတယ်။ သူဟာ တောင်ကိုရီးယားနိုင်ငံသား ကင်မ်ချန်ဟိုရဲ့ စံချိန်ကို ချိုးခဲ့တာပါ။ ကင်မ်ဟာ ၇ နှစ် ၁၀ လနဲ့ ၆ ရက်အတွင်း အမြင့် မီတာ ရှစ်ထောင်အထက် တောင်အားလုံးကို တက်ပြီး ကမ္ဘာ့စံချိန် တင်ထားသူ ဖြစ်ပါတယ်။ ပါဂျာက “အချိန် ၆ လကျော်နဲ့ စံချိန်ချိုးမယ့် အစီအစဉ်ကို ပထမဆုံး ပြောချိန်က လူတိုင်းက မဖြစ်နိုင်ဘူးလို့ ထင်ခဲ့၊ ပြောခဲ့ကြတယ်။ မှန်းလို့တောင် မရဘူးလို့ ပြောခဲ့ကြတယ်” လို့ ပြန်ပြောပါတယ်။  အသက် ၃၆ နှစ်အရွယ် နီယာမယ်ပါဂျာကို သူ့သူငယ်ချင်းတွေ၊ မိသားစုဝင်တွေက တေးဂီတ တီးဝိုင်းတွေနဲ့အတူ ခတ္တမန္ဒူလေဆိပ်မှာ ကြိုဆိုခဲ့တာပါ။ ပါဂျာကတော့ သူ့ရဲ့ စိတ်ပိုင်းဖြတ်မှုကို အခြေခံပြီး စွမ်းဆောင်နိုင်ခဲ့တာလို့ ပြောပါတယ်။ ပါဂျာဟာ "Project Possible" လို့ နာမည်ပေးထားတဲ့ သူ့ရဲ့ တောင် ၁၄ တောင် တက်မယ့် အစီအစဉ်ကို နီပေါနိုင်ငံအတွင်း ဧပြီလမှာ စတင်ခဲ့တာပါ။ နီပေါဟာ ကမ္ဘာ့အမြင့်ဆုံး တောင်ပေါင်း ၁၄ ခုထဲက ၈ ခု ရှိရာ နိုင်ငံပါ။ နီပေါ ခရီးစဉ် အပြီးမှာ ပါကစ္စတန် နိုင်ငံတွင်းက တောင်ထိပ် ၅ ခုကို ဆက်တက်ခဲ့ပါတယ်။ အဲဒီနောက် တိဘက်နယ်ထဲက တောင်ကို တက်အပြီးမှာ သူ့ရဲ့ ခရီးစဉ် ပြီးဆုံးခဲ့ပါတယ်။ ဧဝရက်တောင်ကို တက်ချိန်မှာ သေမင်းဇုန်လို့ ခေါ်တဲ့နေရာမှာ လူတွေ ကျပ်ညပ်နေပုံကိုလည်း ပါဂျာက ဓာတ်ပုံရိုက်ခဲ့ပါသေးတယ်။ နီပေါအစိုးရကတော့ ကမ္ဘာ့အမြင့်ဆုံးတောင်ထိပ်ဖြစ်တဲ့ ဧဝရက်တောင်ပေါ်မှာ အောက်စီဂျင် ပြတ်လပ် သေဆုံးမှု လျှော့ချရေးအတွက် တောင်တက်စည်းမျဉ်း အသစ်တွေကို မူကြမ်း ရေးဆွဲနေပါတယ်။
3 years Ago
Up