မကွေးတိုင်း၊ တောင်တွင်းကြီးအခြေစိုက် တပ်မ ၈၈ လက်အောက်ခံ ၁၀၃ ခြေမြန်တပ်ရင်းဂိတ်အဝင်ပေါက်မှာ ဇူလိုင် ၁၈ ရက်ည ၇ နာရီခွဲလောက်က ဗုံး ၁ လုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
တပ်နဲ့နီးစပ်တဲ့ ဒေသခံတစ်ဦးက “ခမရ ၁၀၃ ရှေ့က အသံကြားလိုက်တယ်။ ထိခိုက်မှုတော့ ထုတ်ပြန်တာ မတွေ့ရသေးဘူး။ အခုတော့ လမ်းသွားလမ်းလာတွေကို စစ်နေတယ်” လို့ ပြောပါတယ်။
တောင်တွင်းကြီးမြို့မှာ စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်နဲ့ရဲက လုံခြုံရေးတင်းကျပ်ထားတဲ့ကြားက အခုတစ်ကြိမ်နဲ့ဆို ၄ ကြိမ်မြောက် ဗုံးပေါက်ကွဲခဲ့တာလည်း ဖြစ်ပါတယ်။