close

တောင်ဒဂုံစက်မှုဇုန်

close

December 22, 2022

တောင်ဒဂုံစက်မှုဇုန်အနီး ဗုံးပေါက်

ရန်ကုန်တိုင်း၊ တောင်ဒဂုံစက်မှုဇုန်အနီးမှာ ဒီဇင်ဘာ ၂၁ ရက် ည ၉ နာရီက စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့တွေ လုံခြုံရေးစောင့်နေတဲ့ ကင်းတဲနေရာ ဗုံးခွဲတိုက်ခိုက်ခံရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ အမှတ် ၂၂ ရက်ကွက်၊ ရတနာပုံ ၄ လမ်းနဲ့ စက်မှုဇုန်လမ်းထောင့်မှာရှိတဲ့ အုပ်ချုပ်ရေးမှူးအဖွဲ့တွေ ကင်းစောင့်နေတဲ့နေရာ ဗုံးခွဲတိုက်ခိုက်ခံရတာလို့  ရပ်ကွက်နေသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

"ပေါက်တဲ့အချိန် ညမထွက်ရအချိန်ဆိုတော့ ဒဏ်ရာရတဲ့အခြေအနေကို မသိဘူး။ ညကတော့ ရတနာပုံ ၄ လမ်းမှာ စစ်သားတွေ ခြေရှုပ်နေတယ်၊ ဓာတ်မီးတွေနဲ့လိုက်ထိုးကြည့်တာ။”

အဆိုပါ တိုက်ခိုက်မှုကို  Mother Son Yangon Force အဖွဲ့က တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ရန်ကုန်က မြို့နယ်တချို့မှာ ဒီဇင်ဘာ ၁ ရက်မှ ဒီဇင်ဘာ ၂၁ ရက်အထိ ပစ်ခတ်မှုနဲ့ ပေါက်ကွဲမှုကြောင့် လူ ၆ ဦးသေဆုံးပြီး ၂၁ ဦးဒဏ်ရာရရှိခဲ့ပါတယ်။

7 mins Ago
Up