close

တောင်ဒဏ်တသက်တကျွန်းချမှတ်

close

March 23, 2023

ဗကသများအဖွဲ့ချုပ် မြေပြင်လှုပ်ရှားမှုရေးရာ တာဝန်ခံကို စစ်ကောင်စီက ထောင်ဒဏ်တသက် တကျွန်း ချမှတ်

ဗကသများအဖွဲ့ချုပ်ရဲ့ တာဝန်ခံကျောင်းသားတယောက်ကို အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်ခုံရုံးက မနေ့က ထောင်ဒဏ်တသက်တကျွန်း ချမှတ်လိုက်ပါတယ်။

မြောက်ဥက္ကလာပမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ရဲ့ မြေပြင်လှုပ်ရှားမှုရေးရာ တာဝန်ခံ ကိုကောင်းဆက်ပိုင်ကို စစ်ကောင်စီက မတရားစွဲဆိုထားတဲ့ ပုဒ်မ ၅၀၅(က)၊ ၅၀(ည) ပုဒ်မတို့နဲ့ မတ် ၂၂ ရက်နေ့မှာ ထောင်ဒဏ်တသက်တကျွန်း ချလိုက်တာလို့ ဗကသများအဖွဲ့ချုပ်၊ သတင်းနဲ့ ပြန်ကြားရေးဗျူရိုက ထုတ်ပြန်ပါတယ်။

အသက် ၂၀ အရွယ် ဗကသရဲဘော် ကိုကောင်းဆက်ပိုင်ဟာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁ ရက်နေ့မှာ စစ်တပ်ရဲ့ အကြမ်းဖက် ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၉ ရက်နေ့ကလည်း အထက ၁၊ မြောက်ဥက္ကလာပ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ရဲ့ ဒုဥက္ကဋ္ဌဖြစ်သူ ကိုဟိန်းထက် (ခ) ကိုပိုပို ကို စစ်ခုံရုံးက ထောင်ဒဏ် တသက်တကျွန်း ချမှတ်ခဲ့ပါတယ်။

6 hours Ago
Up