close

တောင်ပိုင်းတိုင်းစစ်ဌာနချုပ်

close

October 22, 2021

တောင်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်ကြောရေးတွင် တောင်ငူမြို့က ဖမ်းဆီးခံ လူငယ် ၁ ဦး သေဆုံး

တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ တောင်ငူမြို့က လူငယ် တဦး စစ်ကြောရေးမှာ စစ်တပ်က စစ်ဆေးစဉ် နှိပ်စက်ခံရပြီး သေဆုံးသွားတယ်လို့ သူနဲ့  ‌နီးစပ်သူတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။ 

အောက်တိုဘာ ၁၈ ရက်၊ မနက် ၁၁ နာရီလောက်က  တောင်ငူမြို့နယ်၊ (၂၂)ရပ်ကွက်၊ ခပေါင်းရွာဦး၊ (၂) လမ်းနဲ့ (၃)လမ်းအကြား ပေါက်ကွဲမှုဖြစ်စဉ်နဲ့ပတ်သက်ပြီး ဒေသခံလူငယ် ကိုရစ်ချက်စိုးနဲ့ ကိုဝေဖြိုးသူတို့နှစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

အဖမ်းခံခဲ့ရပြီနောက် ကိုဝေဖြိုးသူဟာ ဒဏ်ရာကြောင့်ဆေးရုံတက်ခဲ့ရပြီး  အောက်တိုဘာ ၂၁ ရက်  ညနေ ၄ နာရီခွဲလောက်မှာ စစ်ကြောရေးမှာ ကျဆုံးခဲ့တာဖြစ်တယ်လို့ သူနဲ့ ရင်းနှီးတဲ့ မိတ်ဆွေ တစ်ဦးက ပြောပါတယ်။

ကိုဝေဖြိုးသူဟာ တောင်ငူမြို့ စစ်အာဏာရှင်ဆန့်ကျင့်ရေး ဆန္ဒပြလှုပ်ရှားမှု‌မှာ တက်ကြွစွာပါဝင်လှုပ်ရှားခဲ့သူဖြစ်ပြီး တိုင်းပြည်အတွက် အသက်စွန့် ရဲဝံ့စွာ  အာဏာရှင်စနစ်ကိုဆန့်ကျင်ခဲ့သူဖြစ်လို့ အင်မတန်ဝမ်းနည်းကြေကွဲမိတယ်လို့လည်း ပြောပါတယ်။

ကိုဝေဖြိုးသူ စစ်ကြောရေးမှာ သေဆုံးသွားတာနဲ့ ပတ်သက်ပြီး မိသားစုကို စစ်ကောင်စီက အကြောင်းကြားခြင်း ရှိမရှိ မသိရသေးပါဘူး။ 

59 seconds Ago
Up