close

တောင်ပျောက်တိုက်နယ်

close

July 17, 2022

တောင်ပျောက်တိုက်နယ်ရှိ နေအိမ် ၅ လုံးထက်မနည်း စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်ထဲက တောင်ပျောက်တိုက်နယ် အလယ်စုရွာက ဒေသခံနေအိမ် ၅  လုံးထက်မနည်း စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံ တဦးက ပြောပါတယ်။

ဇူလိုင် ၁၅ ရက် ည ၇ နာရီလောက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အလယ်စုရွာက နေအိမ်တချို့ပေါ် ဝင်ရောက်ရှာဖွေက ပစ္စည်းတွေကို မတရားယူဆောင်ပြီး နေအိမ်တွေကို မီးရှို့ ဖျက်ဆီးခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။

ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့ တာဝန်ရှိသူတဦးက “အိမ်တွေ မီးရှို့ခံရတာတော့ ဟုတ်တယ်။ အိမ် ဘယ်နှအိမ်လောင်သွားတာတော့ အတည်ပြုလို့ မရသေးဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ လောက် သဲချောင်းကြီးရွာမှာ တပ်စွဲထားပြီး မနေ့ညက အလယ်စုရွာ အရှေ့ဘက်ကမ်းမှာ နှစ်ဖက်ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့လို့ ထိခိုက်ကျဆုံးမှုတွေ ရှိခဲ့တယ်လို့ တာဝန်ရှိသူက ဆိုပါတယ်။

သရက်ချောင်းမြို့နယ် တောင်ပျောက်တိုက်နယ်မှာ ဇူလိုင်လဆန်းက စစ်ကောင်စီတပ်အင်အား ၄၀၀ လောက်နဲ့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့ တိုက်ပွဲ မကြာခဏ ဖြစ်ပွားနေတာကြောင့် ဒေသခံ ၇၀၀၀  လောက် စစ်ဘေးရှောင်နေကြရတယ်လို့ သိရပါတယ်။

15 mins Ago

July 3, 2022

စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်လာသဖြင့် တောင်ပျောက်တိုက်နယ် ပြည်သူ ၅၀၀၀ ခန့် ဘေးလွတ်ရာတိမ်းရှောင်

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းရှိ တောင်ပျောက်တိုက်နယ်ကို ဇူလိုင် ၂ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးဝင်လာတာကြောင့် အနီးအနားရွာတွေက ပြည်သူ ၅၀၀၀ လောက် ဘေလွတ်ရာထွက်ပြေးတိမ်းရှောင်‌နေကြရတယ်လို့ တောင်ပျောက်တိုက်နယ် စစ်ဘေးရှောင်ကူညီရေးအဖွဲ့က ပြောပါတယ်။

စုံစင်ဖျားရွာဘက်ကနေ တောင်ပျောက်တိုက်နယ်ကို စစ်ကောင်စီတပ် အင်အား ၁၀၀ လောက်နဲ့ စစ်ကြောင်းထိုးလာတာလို့ ဒေသခံတဦးက ပြောပါတယ်။

ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေတဲ့ ပြည်သူတွေ နေရာထိုင်ခင်းနဲ့ စားနပ်ရိက္ခာအတွက် တောင်ပျောက်တိုက်နယ် စစ်ဘေးရှောင်ကူညီရေးအဖွဲ့က ကူညီဆောင်ရွက်ပေးနေပြီး အဲဒီဘက်မှာ ဆက်သွယ်ရေးဖုန်းလိုင်းတချို့လည်း ဖြတ်တောက်ခံထားရတယ်လို့ ဆိုပါတယ်။

တောင်ပျောက်တိုက်နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲတွေ မကြာခဏဖြစ်ပွားလေ့ရှိပြီး ယခင်ကတည်းက စစ်ရှောင်စခန်းမှာ စစ်ဘေးရှောင်နေထိုင်သူ ၁၀၀၀ လောက် ရှိတယ်လို့ သိရပါတယ်။

2 weeks Ago
Up