close

တောင်လေးလုံးထောင်

close

August 19, 2021

တောင်လေးလုံးထောင်တွင် ထောင်ဝင်စာသွားပို့ပြီးပြန်လာသည့် အမျိုးသမီး ၂ ဦး ဖမ်းဆီးခံရ

ရှမ်း​ပြည်နယ်တောင်ပိုင်း တောင်လေးလုံးထောင်မှာ သြဂုတ် ၁၈ ရက်က အမျိုးသားအတွက် ထောင်ဝင်စာသွားပို့ပြီး ပြန်လာတဲ့ အမျိုးသမီးနဲ့ သူငယ်ချင်းဖြစ်သူတို့ အဖမ်းခံခဲ့ရတယ်လို့ သိရပါတယ်။

အဖမ်းခံရသူရဲ့ မိတ်ဆွေတစ်ဦးက "ထောင်ဝင်စာပို့ပြီး ညောင်ရွှေက Mr.David ငါးကန်ဆိုင်မှာ ကော်ဖီပြန်သောက်တဲ့အချိန်မှာ ညောင်ရွှေရဲတွေက ရောက်လာပြီး ဖမ်းဆီးသွားတာ။ ဖမ်းတုန်းက ဆိုင်ရှင် ကိုဒေးဗစ်လင်မယားလည်းပါတယ်။ ညောင်ရွှေရဲစခန်းမှာ စစ်ဆေးမေးမြန်းပြီး ဖုန်းတွေစစ်တယ်၊ ဖုန်းကျန်ခဲ့လို့ ဆိုင်ရှင်ကိုဒေးဗစ်က ဖုန်းပြန်ယူပြီး ရဲကိုလာအပ်တော့ စစ်ကြောရေးကို ပို့လိုက်တာ" လို့ ပြောပါတယ်။

ဆိုင်ရှင် ကိုဒေးဗစ်တို့ လင်မယားက ပြန်လွတ်လာပြီး ထောင်ဝင်စာသွားပို့တဲ့ အမျိုးသမီးနှစ်ဦးကို ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက် အဖမ်းခံရတဲ့ ရှမ်းပြည်နိုင်ငံရေးအကျဥ်းသားဟောင်း ကိုညီညီရွှေရဲ့ အမျိုးသမီးနဲ့ သူငယ်ချင်းဖြစ်သူတို့ အဖမ်းခံခဲ့ရတာလို့ သိရပါတယ်။

ရှမ်းပြည်နယ်ရှိ အကျဉ်းထောင်ကို ဇူလိုင်လတည်းက ကိုဗစ်ထိန်းချုပ်ရေးအတွက် ထောင်ဝင်စာ ပို့ခွင့်ပိတ်ထားတာဖြစ်ပါတယ်။

ဩဂုတ် ၁၈ ရက်နေ့ မနက်ကမှ ထောင်ဝင်စာလက်ခံကြောင်း ကြေညာခဲ့တာဖြစ်ပြီး အဲ့နေ့မှာပဲ ထောင်ဝင်စာပို့တဲ့သူတွေ ဖမ်းဆီးခံရတာဖြစ်ပါတယ်။

10 mins Ago
Up