close

တောင်သမန်အင်း ပတ်လမ်း

close

September 5, 2021

အမရပူရ တောင်သမန်အင်းပတ်လမ်းတွင် စစ်ကား ၁ စီး ဗုံးခွဲတိုက်ခိုက်ခံရ

မန္တလေးမြို့၊ အမရပူရမြို့နယ်၊ တောင်သမာန်အင်းပတ်လမ်းမှာ စက်တင်ဘာ ၅ ရက် နေ့လယ်ပိုင်းက စစ်ကောင်စီတပ်ရဲ့ ကား ၁ စီး ဗုံးခွဲ တိုက်ခိုက်ခံခဲ့ရပါတယ်။

အခုလို ဗုံးခွဲတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် အနည်းဆုံး ၂ ဦး ထိခိုက်ဒဏ်ရာရတယ်လို့ အနီးပတ်ဝန်းကျင်ရှိ ဒေသခံတွေက ပြောပါတယ်။

“ပေါက်ကွဲမှုဖြစ်ပြီး ထိခိုက် ဒဏ်ရာရသူ နှစ်ယောက်ကိုတော့ ကားပေါ်တင်သွားတယ်။ သေ၊ မသေတော့ မသိရဘူး” လို့ အနီးပတ်ဝန်းကျင်ရှိ ဒေသခံ တစ်ဦး က ပြောပါတယ်။

ပေါက်ကွဲမှုဖြစ်ပြီး မကြာခင်မှာ စစ်ကောင်စီတပ်သားတွေ ကားတွေနဲ့ ရောက်လာပြီး လမ်းသွားပြည်သူတွေကို ပိတ်ဆို့ စစ်ဆေးနေတယ်လို့ သိရပါတယ်။

3 mins Ago
Up